ခင်ဦး လက်ပံလှရွာကို စစ်ကောင်စီတပ် မီးရှို့မှုအတွင်း အသက် ၇၀ အရွယ် သီလရှင်တစ်ပါး မီးလောင်သေဆုံး

Author ခေတ်နီ

Published on Feb 17, 2023

CJFORM

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကိုစစ်ကောင်စီတပ် မီးရှို့ဖက်ဆီးမှုအတွင်း အသက် ၇၀အရွယ်သီလရှင်တစ်ပါး မီးလောင်သေဆုံးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

အဆိုပါ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်နှင့် 

မကျည်းတုံရွာမှ ပျုစောထီးများမှ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်သည်။

ထိုသို့ မီးရှို့မှုအတွင်း စစ်ကောင်စီတပ်မှ မီးလောင်ဗုံများ ရေနံ့ဆီ မီးစာများအသုံးပြု မီးရှို့ခဲ့တာဖြစ်ပြီးအဆိုပါကျေးရွာရှိ ကျန်းမာရေးမကောင်းသည့်အသက်၇၀ အရွယ် သီလရှင် တစ်ပါးကိုလည်း နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခဲ့သည်။

ဆရာလေးက ဝတ်တာမကြာသေးဘူး နေမကောင်းလို့ သူ့အိမ်မှာပြန်ပြီး သီတင်းသုံးနေတာ စစ်ကြောင်းဝင်တော့မပြေးနိုင်ပဲ ကျန်ခဲ့တာ ကျန်နေခဲ့တာကို ဒီကောင်တွေက ရက်ရက်စက်စက်ပဲ သတ်ဖြတ်သွားတာဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ပံလှကျေးရွာရှိ နေအိမ် ၂၅၀ ခန့် ပျက်စီးခဲ့ရပြီး အဆိုပါစစ်ကြောင်း၏ မီးရှို့မှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ  ရွာမှနေအိမ် ၅၀၀ကျော် ပျက်စီးခဲ့ပြီး ဖြစ်သည်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့ပေါ်မှတဆင့် ကွမ်းတိုင်းကျေးရွာနှင့်မင်းကံကြီးကျေးရွာများဘက်သို့ တကြော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ ခန့်သည် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိသည်။

အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာ ၆၆ ရွာမှနေအိမ် ၄၀၀၀ ကျော်ပျက်စီးခဲကာ အရပ်သား ၂၅၀ နီးပါးထိ အသက်ဆုံးပါးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စာရင်းများအရ သိရသည်။





Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်