Posts

Showing posts from March 14, 2023

ပန်ဆယ်လိုတနေ့ကိုအထုတ် ၁၅၀၀ ရောင်းရပါစေ

ကုန်စုံဆိုင်တခုဟာအမြတ်ကိုတင်ချင်တိုင်းတင်လို့မရဖူး၊ ဝယ်သူတွေကနလပိန်းမဟုတ်ဖူး၊အမြတ်အများကြီးတင် ထားတာကိုဝယ်ခဲ့ရင်လဲချစ်လို့အားပေးတယ်လို့မှတ်— ပန်ဆယ်လိုဆိုင်လခ၃၀၀၀ အခြားကုန်ကျစာရိတ်နဲ့ပေါင်း ရင်၃၆၀၀ပဲထား၊တနေ့ ၁၂၀$အမြတ်ရမှ ဆိုင်ဆက်ဖွင့် နိုင်မှာ၊ သာမန်အလုပ်လုပ်သူတလ၃၀၀၀ရတယ်ဆိုရင် လုပ်အားခထည့်ပေါင်းရင်၁၀၀$ ဆိုတော့တနေ့အမြတ် ၂၂၀$ရမှကိုက်မယ်၊ကော်ဖီဆိုင်ဆူရှီးဆိုင်မှာသွားလုပ် တောင်၃၀၀၀ရတယ်၊ ဝါသနာပါလို့ဆိုင်ဖွင့်သူအတွက် အနိမ့်ဆုံးကိုတွက်ပြထားတာပါ၊တထုပ်ရောင်းရင်၅$ မြတ်တယ်ထားပါတော့၊ တနေ့ကိုအထုတ်၄၄၀ရောင်း ရမှရမယ်၊ ပန်ဆယ်လိုရောင်းရပါစေလို့တောင်ဆုတောင်းပေးရအုံး မယ်၊ အမြတ်အနည်းအများကပန်ဆယ်လိုရဲ့ဥာဏ်ကွန့် နိုင်မှုအပေါ်မှာမူတည်ပါတယ်၊ ရဲရင့်ငယ်ရောဘာလို့မလုပ်တာလဲမေးကြအုံးလေ—- သာမန်အလုပ်သမားဟာ တနေ့၈-၁၀နာရီ ပြီးတာနဲ့ ဖုတ်ဖက်ခါပြန်လာရုံပဲ၊ ကုန်စုံဆိုင်အသေးတွေကအမြတ် ဘယ်လောက်ရတယ်ဆိုတာလူကလဲတော် ကံတရားကလဲ ကိုယ့်ဖက်ပါပြီးအားပေးသူများမှ၊ ဘာလို့မလုပ်လဲဆိုတော့ ဆီးချူပ်ဝမ်းချုပ်လို့၊ တနေ့၂၂၀$ပဲမြတ်ရင်အလုပ် သမားငှါးမရဖူး၊ အိမ်သာသွားရင်တံခါးလော့ချ၊ ( I will  be back in 10 minutes )ဆိုပြီး တံခါးမှာစာကပ်၊ တပတ် ၇ရက်ဖွင့်