Posts

Showing posts from February 25, 2023

YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင်မြေဩဇာဖြစ်

Image
မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ၊ ပျူစောထီး ခေါင်းဆောင် ကျော်တင် ဦး ယမန်နေ့ ပစ်ခတ်ခံရပြီး ယနေ့မှ သေဆုံး၊ တောင်တွင်းကြီးတွင်လည်း အုပ်ချုပ်ရေးမှူး  ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ် ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ YMBA ဥက္ကဋ္ဌ ပြည်သူ့စစ်(ခေါ်) ပျူ စောထီး ခေါင်း ဆောင် ကျော်တင်ဦးသည် ယမန်နေ့ ပစ်ခတ်ခံရပြီးနောက် ဆေး ကုသမှု ခံယူနေစဉ် ယနေ့ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်  မော်လမြိုင်ကျွန်းမြို ၊ ဗိုလ် ချုပ်စျေးအနီး လက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေ သော YMBA အသင်းဥက္ကဋ္ဌ၊ ပျူစောထီးခေါင်းဆောင် ကျော်တင်ဦးကို သေနတ် သမား တချို့ ပစ်ခတ်ခဲ့ကြောင်း၊ ကျော်တင်ဦးသည် ဒဏ်ရာရရှိပြီး မော်လမြိုင် ကျွန်းမြို့ ဆေးရုံမှ တစ်ဆင့် ပုသိမ်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။ အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့  နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်  မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးမြင့် သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဦ

ဆေးရုံနှင့်စာသင်ကျောင်းကိုစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Image
အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် မလဲသာကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျန်းမာရေးဌာန အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။ “ရဟတ်ယာဉ်နဲ့ပစ် စစ်ကူတွေချပြီးတော့ မြေပြင်ကနေလည်း ဆေးရုံကိုဝင်ပစ်တယ်။ ရဟတ်ယာဉ် နဲ့ စစ်ကူက အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လေယာဉ်နဲ့ ချသွားတာ အင်အား ၁၀ လောက်စီနဲ့ စစ်ကြောင်းနှစ်ခုခွဲပြီး လှည့်ပတ်မီးရှို့နေတာ၊ ကန်ရင်း၊ မလဲသာ၊ သခွပ်ပင်ရွာတွေလည်း မီးရှို့ဖျက် ဆီးခံရတယ်။ အဲဘက်မှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ၊ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့

အိမ်အလည်ပင်သွားခွင့်မရသော Non-CDM များ

Image
 ပြည်ကြီးတံခွန် မြိုနယ်တွင် မီးရထားရဲတပ်ဖွဲ ဒုရဲမှူး ဝင်းမင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ခေတ်သစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပြည်ကြီးတံခွန်မြိုနယ်၊ ဋ ရပ်ကွက်၊ ညောင်ပင်ကုန်းကျေးရွာရှိ မြေပွဲစား ဒေါ်ခင်လှ နေအိမ်ကို အလည်ရောက်ရှိနေသည့် မြစ်ငယ် မီးရထားတပ်ဖွဲမှူး ဒုရဲမှူး ဝင်းမင်းသန့်ကို သေနတ်သမားများက ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မြစ်ငယ်ရထားရဲတပ်ဖွဲ့ ဒုရဲမှူး မန္တလေးရောက်နေချိန် ပစ်သတ်ခံရ ဆိုင်းမင်း/People's Spring မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အမ နေအိမ်ဆီ အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး မနေ့ကညပိုင်းက  ပစ်သတ်ခံလိုက်ရပါတယ်။ ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့  ဒေသခံအချို့က ပြောပြပါတယ်။ စစ်အုပ်စုဘက်ကတော့  ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် မှာနေတဲ့ အိမ်ခြေမြေပွဲစား အမျိုးသမီးရဲ့နေအိမ်ကို မနေ့ညပိုင်း ၆ နာရီဝန်းကျင်က အမျိုးသား ၈ ဦး ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး လူသတ် ဓားပြတိုက်သွားတာလို့  သတင်းထုတ်ထားပါတယ်။ &quo

အင်တာနက်စာမျက်နှာတွင်မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်

Image
''နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်‌ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။ မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် ကိုယ်လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည်ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ်ကို ပြန်လည်ပြသပြီးနာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။'' ဖော်ပြဖိတ်ခေါ်ထားသည့် page တခုတွင်နာမည်စာရင်းပေးသွင်းသူများရှိနေပါသည်။အင်တာနက်စာမျက်နှာတွင် မိမိကိုယ်ရေးအချက်အလက်များပေးပို့ခြင်းကိုအထူးဂရုပြုကြရန်သတိပေးအပ်ပါသည်။  

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

Image
ဘုရားသုံးဆူ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး   ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ေခတ်သစ်   ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံ ရဲစခန်း ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၆ နာရီခန့်အချိန်မှစတင်၍ ဘုရားသုံးဆူ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက် ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွာပြီး မကြာမီ ဘုရားသုံးမြို့အတွင်းမှ စစ်ကောင်စီ ခလရ ၂၈၄ ၊ ခလရ ၉၇ တပ်များမှ ထုတ်နှုတ်အင်အား ၃၀ ခန့်က တိုက်ပွဲဖြစ် ပွား ရာ နေရာသို့ စစ်ကူ လာရောက်သဖြင့် မဟာမိတ်ပူးပေါင်းတပ်များနှင့် နံနက် ၇ နာရီ ဝန်းကျင် အချိန်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ၊ နံနက် ၈ နာရီ ခန့် တွင် မဟာမိတ်တပ် များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်း တိုက် ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၁၁ ဦး သေဆုံး

FOEIM ကိုရအောင်ပြန်ယူသင့်ပြီ

Image
Grade 10 groups က chat တွေကို စစ်ခွေးဘောမတွေ တင်နေတယ် ထောင်ချီတဲ့ကျောင်းသားတွေနဲ့မိဘနာမည် တွေ ဖုန်းနံပါတ်နဲ့တယ်လီဂရမ်အကောင့်တွေအပြင် သင် ကြားတဲ့ဆရာဆရာမတွေကိုပါ ပုံနဲ့တကွလိပ်စာပါ တင်လာ တာတွေ့နေရပါသည်။ပြည်တွင်းမှစာသင်ကြားပေးနေသည့် ဆရာ ဆရာမများ အိမ်လိပ်စာအသစ်မှာနေထိုင်သင့်ပါသည်။

ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆို

Image
စသုံးလုံး ဒုညွှန်ချုပ်၏ ကရင် ခရီးစဉ်တွင် ခေတ်သစ်ကို မယုံကြည်ကြရန် ဝန်ထမ်းများကို ပြော ဆိုပြီး NUG ၊ CRPH နှင့် PDF ဆက်သွယ်လျှင် ဝန်ထမ်း မိသားစုဆွေမျိုးများပါ မချန် ထောင်ချမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ ဖေဖော်၀ါရီ ၂၅ ခေတ်သစ် ကရင်ပြည်နယ်၊မြ၀တီမြို့၊ ရွှေက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလောင်းကစားဂိမ်းများက ဗီယက်နမ် နိုင်ငံ သားများထံမှ ဒေါ်လာ သိန်းချီ လိမ်လည်‌သော အမှုကို လာရောက်စစ်ဆေးသည့် စသုံးလုံး ဒုညွန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းက စသုံးလုံး ဝန်ထမ်းများအနေဖြင့် ခေတ်သစ်သတင်းများကို မယုံကြည်ကြရန်နှင့် မဖတ်ကြရန် တိုက်တွန်းပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ လာရောက်သွားခဲ့သည့် စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်းက ခေတ်သစ်သတင်းများကို မယုံကြရန်၊ ခေတ်သစ်တွင် ဖော်ပြထားသည့် ဗီယက်နမ်နိုင်ငံက တိုင်ကြားသည့် ရွှေက္ကိုလ် လောင်းကစား ကိစ္စကြောင့် လာရောက်ခြင်းမဟုတ်ဘဲ ဝန်ထမ်းများ စည်းရုံးရေး အတွက် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။  "ဒုညွှန်ချုပ်ခရီးစဥ်မှာ ခေတ်သစ်သတင်းတွေကိုမယုံဖို့ ခေတ်သစ်မှာ ဖော်ပြထားတဲ့ ကိစ္စအတွက် လာရောက်ခြင်းမဟုတ်ဘဲ  မိသားစုစည်းရုံးရေးအတွက် အထက်ကခ

အားတင်းထားအဘ ခုံရုံးတက်ဖို့

Image
မအလတည်တဲ့ဘုရားမှာတွေ့ရစဉ်