Posts

Showing posts from March 25, 2021

စစ်ခွေးတွေအင်းစိန် ဖောကန်လမ်းတွေထဲရောက်နေ

Image
မှတ်တမ်းလေးတွေယူထားကြပါ ခဏနေလိုင်းပျက် တော့မယ် ဘေးကင်းကြပါစေ  အခုလက်ရှိနော် 12:01Am  ဂျပန်လမ်းလမ်းသွယ် မင်္ဂလာလမ်းလမ်းသွယ်  သူငယ်ချင်းအိမ်ရှေ့မှာနော် ၀င်နေတာမင်္ဂလာလမ်း ကလူတွေတောင်အခုထိမသိကြသေးဘူး နောက်ဆုံး ပုံမှာ Batch မြင်ရပါတယ်နော် တပ်မ၇၇ Line မပိတ်ခင်လူသိသွားအောင်လုပ်ပေးကြဦး  လိုင်းပိတ်ပီးသွားရင်ဘာလုပ်မလဲမသိဘူး လူစုပီးကြွသင့်ရင်ကြွပေးကြပါဦး Edited - အခုလမ်းလူကြီးနဲ့စကားပြောနေပါတယ်တဲ့ နောက်ဆုံးပုံ  UPDATED ပါ ပြန်၀င်လာပါတယ် ပထမတစ်ခေါက် ထပ်အင်အားပိုများပါတယ် 20ကျော်ပါတယ်တဲ့ လူဆွဲဖို့အတွက် 1ထိုးအောင်စောင့်နေတာထင်ပါတယ် Edit. ပိတောက်ရိပ်သာ၃လမ်းကိုဝင်နေပါပြီ ပြန်မထွက် လာသေးပါဘူး ကင်းသမားတွေသတိလေးထားပေးပါ Edit. မဂ်လာလမ်းထဲမာခွေးတွေရှိပါ​သေးတယ် Edit. မဂ်လာလမ်းမှာတော့ရှင်းသွားပါပီ အထက်မဂ်လာလမ်းကိုပြန်တတ်သွားပါတယ် ရဲမေတွေလည်းပါပါတယ် အင်အားများ (12:40) Edit. ဂျပန်လမ်းကနေ ဖော့ကန်ဘက်ထွက်လာပါပြီ ကား၃စီးတော့ ပြည်တော်သာဘက်တတ်သွားပါတယ် (12:50) Edit:ခွေးကားတွေအကုန်ပြည်တော်သာဘက်တတ်သွားပါပီ အရပ်ဝတ်တေနဲ့လူတွေတော့ ဖော့ကန်ဘက်လာနေပါတယ် ကိုယ့်လမ်းထဲကဘယ်သူတွေထွက်သွားလဲ  တချက်ကြည...

ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိ

Image
မြန်မာ့ပုဂ္ဂလိကဘဏ်များကို စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိတယ်လို့ အင်္ဂလန်ထုတ် Euromoney စီးပွားရေးမဂ္ဂဇင်းမှ ရေးသားလိုက်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ CEO အမေရိကန်လူမျိုး Michael Denoma ကိုလည်း ဆက်သွယ်လို့မရတဲ့အပြင် ရာထူးကနေ ဖေဖော်ဝါရီလကတည်းက နှုတ်ထွက်သွားပြီလို့လည်း သူ့ရဲ့ Linkedln profile မှာ အရင်တပတ်ကြာသာပတေးနေ့ကဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသို့ မတ်၁၂ရက်နေ့က ဖြန့်ဝေတဲ့စာတစောင်မှာလည်း "ကမ္ဘောဇဘဏ်ဝန်ထမ်းတွေကသာ ဘဏ်ကိုပြန်မဖွင့်ဘူး ဆိုရင် အခြားအပြင်ကလူတွေ လာပြီး ဖွင့်မှာဖြစ်တဲ့အတွက် ပြန်လည်အလုပ်ဆင်းကြဖို့" တောင်းဆိုကြောင်း ရေးသားထားတာပါ။ credit https://www.euromoney.com/article/28b5xsh7e83kkutxsxmgw/banking/nationalization-looms-over-myanmars-banks-with-key-executive-out-of-contact?

မနက်က မိုးညှင်းမိုးဒါးစုတံတားအောက်မှာ ဝင်ပုန်းရင်း အပစ်ခံရတဲ့ကလေး ခုရင်ခွဲရုံမှာ

Image

အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်

Image
 အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည် DVB ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။  ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ  သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ  CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။ CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ  ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း တွေ့ရပါတယ်။  ဒီလိုထည့်ဝင်လိုက်ခြင်းဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အခွန်မဆောင်ပဲ အန်တုတာ ဖြစ်သလို CRPH ကဖွဲ့ပေးတဲ့ အစိုးရသာ တို့အစိုးရလို့ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်လိုက်တာ လည်း ဖြစ်တယ်...

ကျောက်မြောင်းက ဆန္ဒပြပွဲ

  Mizzima - News in Burmese

လာဘ်စားတယ်ဆိုတာကတော့ တကယ့်ဟာသပျက်လုံးပဲ

Image
သူမရဲ့လက်ကျန်သက်တမ်းမှာ တနေ့တအိမ် ထမင်းလိုက်စားမယ်ဆိုရင်တောင် အသက်-၁၀၀ပြည့်တဲ့အထိ အိမ်စေ့မှာမဟုတ်ဘူး။ "ကျွန်မကိုဘာလက်ဆောင်ပေးကြမှာလဲ" လို့သာ တောင်းကြည့် ရွှေ (၇) ပိဿာမပြောနဲ့ တနိုင်ငံလုံးကလူတွေ သူတို့ရှိတဲ့ရွှေတွေ လက်ဆောင်ပေးကြလို့ ကွန်တိန်နာနဲ့ သယ်ရမယ်။ "ငြိမ်းချမ်းရေး"ကလွဲရင် ဘာမှမလိုချင်တဲ့အမျိုးသမီးကို "ငြိမ်းချမ်းရေး"ကလွဲရင် အကုန်လိုချင်တဲ့လူတွေက ပေါက်လွှတ်ပဲစားစွပ်စွဲနေတာ လမင်းကိုခွေးဟောင်နေတာပဲ။ Credit

မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်

Image
ဒီနေ့ အိန္ဒိယသမုဒ္ဒရာထဲဆိုပေမယ့် မြန်မာ့ကမ်းလွန် ပင်လယ် ကိုးကိုးကျွန်းနဲ့ ရေမိုင် ၁၀၀ အတွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ ဒီထဲမှာ ရေဒါပျောက် အမြန်မောင်း  လှေငယ်လေးတွေနဲ့ လေ့ကျင့်နေတာ တွေ့ရပါတယ်။ ရေဒါပျောက်တဲ့လှေငယ်ဆိုပေမယ့် အတွင်းမှာ ဟမ်းမားစစ်ကား အနည်းဆုံး  (၃) စီးလောက် အလွယ်တကူ  တင်ယူလို့ရတာလည်း တွေ့ရပါတယ်။ အဓိကကတော့ အဲဒီထဲမှာ The 7thfleet guided missile detroyer လို့ ခေါ် ဒရုန်းခွင်း ဒရုန်းတွေ ပါဝင်နေပြီး FM35 လို့ ခေါ်တဲ့ ကိုယ်ပျောက်လေယာဉ်က ရှေ့ပြေး သွားနေ တာကိုလည်း တွေ့ရသည့်အပြင်  Ships of Detroyer Squadrons တွေပါ  ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ၂၄-၀၃-၂၀၂၁ Crd

တိတ်ဆိတ်ပြီးနောက် ယနေ့ရန်ကုန်...

Image
(25/03/2021) ရန်ကုန် အင်ဂျင်နီယာ စုပေါင်းသပိတ် Photo Credit;

တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Image
 KIA က စစ်​ကောင်စီ တပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ ရန်ကုန်၊ မတ် ၂၅  KIA က မတ်လ ၂၄ ရင်​နေ့ညပိုင်း KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်​ကောင်စီတပ်စခန်း ၃ ခုကိို တိုက်ခိုက် သိမ်း ပိုက်ပြီး​နောက် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ​ကြောင်း KIA သတင်းအသိုင်းအဝိုင်းက သတင်းထုတ်ပြန်သည်။ KIA တပ်မဟာ ၅က  မတ်လ ၂၄ ရက်နေ့  အာဏာသိမ်းစစ်အုပ်စု ၏ အခြေစိုက်  စခန်း Alaw Bum နှင့်အနီးနား ရှိ စခန်းများကို KIA စစ်သည်တို့ အပြင်းအထန် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ စစ်​ကောင်စီတပ်မှ တပ်ရင်းမှုးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်သုံးဦးကို အရှင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထား​ကြောင်း၊ စစ်သုံ့ပန်းများကို ယခု အချိန်တွင် စစ်သုံ့ပန်း စည်းကမ်း အရကောင်း မွန်စွာ ထိန်းသိမ်း ထားကြောင်းKIA သတင်းအဝန်းအဝိုင်းဖြစ်​သော Kachin Liberation Mediaက သတင်းထုတ်ပြန်ထားသည်။ ​credit Khit thit  media https://www.facebook.com/385165108587508/posts/1156718964765448/