ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့
ဂျပုအကြောင်း အတွင်းသတင်း ရထားတယ်။ ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့။ ဟိုတခေါက်က သူ့ကားတန်းကို ရထားတိုက်မိမလို ဖြစ်တဲ့ကိစ္စလေ… သူ့ကို လုပ်ကြံတာလားချည်း ကြောက်လန့်တကြား မေးတာတဲ့။ ဘာသံကြားကြား သူ့လုပ်ကြံတော့မယ်ပဲ ထင်နေသတဲ့။ တိုက်ပွဲသတင်းတွေဆို ရှုံးတဲ့သတင်း သူ့ဆီ ပို့လို့မရဘူး။ ပို့ရင် ဖိုင်တွဲနဲ့ ကောက်ပေါက်တာတဲ့။ သူ့အောက်က ခပ်ကြီးကြီးအကောင်တွေလည်း ရာထူးပြုတ်မှာကြောက်ပြီး နိုင်ပါတယ်ဆိုပြီး သတင်းအင်ထုပြီး တင်နေရသတဲ့။ TNLA ကိစ္စတုန်းက ဂျပုက အင်အနိုင် Reportတွေ ထိုင်ဖတ်၊ ကွန်ဖီးဒန့်လယ်ဗယ်တွေ ဆိုးဟိုက်ပြီး ဝင်တိုက်ခိုင်းတာတဲ့။ တင်နီလာအေးထိရင် သာကောနဲ့ မျက်နှာပျက်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဂျပုအောက်က ကောင်တွေ မျက်နှာလိုမျက်နှာရနဲ့ ဖောထားတာက PDFတွေဆီပို့မယ် လက်နက်တိုက်ကို သတင်းရထားတယ်ဆိုပြီး ဖောထားတာ။ ဂျပုလည်း သာကောကို ဒီလက်နက်တိုက်ပြပြီး ဒါ့ကြောင့်ဝင်တိုက်တာပါဆိုပြီး ချော့မယ်ပေါ့။ အဘ… မြေပြင်က သွားလို့တော့ မရဘူးဆိုတော့ လေယာဉ်နဲ့ လူချကွာဆိုပြီး ရက်ရောတာ။ အကောင်၂၀၀ သတ်ကွင်းထဲမှာ ပိတ်မိရော။ ဒွမ်ကုန်တာ သောက်သောက်လဲ။ တင်နီလာအေးက ငါနယ်မြေဟဲ့ဆိုပြီး ဘယ်ပြန်ညာပြန်ဘေတ...