၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်


ဧရာဝတီ ၊ ဇန်နဝါရီ  ၅ ၊ ၂၀၂၃ ။
 
အမေရိကန်အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။
 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ စာရင်းထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။
 
ဦးဖြိုးဇေယျာသော်အား  နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖြစ် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ နံပါတ် ၆ ယောက်နေရာတွင် ဖော်ပြထားသည်။ ယခင်ကာလတည်းကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက်  Generation Wave  ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
 
ဟစ်ဟော့ဂီတအဖွဲ့ ACID ၏အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို အာဆီယံ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တို့မှ ကန့်ကွက်နေသည့်ကြားက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။ 

#WhatsHappeningInMyanmar
#RejectMilitaryCoup



Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း