Posts

Showing posts from March 1, 2023

ပြည်တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတဲ့ကြံ့ခိုင်ရေးပါတီ

Image
ပါတီလိုင်းအမြင်တခုထဲနဲ့ပဲကြည့်ပြောရအောင်— NLD-ပါတီအဆင့်ရပ်တည်မရတော့လို့တော်လှန်ရေး လမ်းစဉ်ကိုလိုက်တယ် အဲ့ဒီအတွက်လက်နက်ကိုင်တယ် လက်နက်ကိုင်အကြမ်းဖက်စစ်ကောင်စီနဲ့ထိပ်တိုက်တွေ့ တယ် နိုင်ငံရေးပါတီအဖြစ်လတ်တလောမှာမရပ်တည်ဖူး USDP-လတ်တလောမှာနိုင်ငံရေးပါတီအဖြစ်တရားဝင် မှတ်ပုံတင်ထားတယ် ပြီးတော့အကြမ်းဖက်လုပ်ရပ်ကို စည်းရုံးရေးတရပ်အနေနဲ့လူသိရှင်ကြားလုပ်တယ်၊ဒီလုပ် ရပ်ဟာ စစ်ကောင်စီနဲ့ပေါင်းပြီးပါတီနိုင်ငံရေးကို NLDလို ပဲစွန့်လွှတ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီးပြည် တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတာပဲဖြစ်တယ်၊ပါတီ နိုင်ငံရေးပဲလုပ်ချင်တဲ့ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ ပါတီကတ ရားဝင်နုတ်ထွက်စေချင်တယ် ခေါင်းဆောင်ပိုင်းကလက် နက်ကိုင်လမ်းစဉ်ရွေးချယ်လိုက်တာ ဒီဗွီဒီယိုဖိုင်မှာ အတိ အလင်းတွေ့မြင်ပြီးဖြစ်လို့ ကြံ့ခိုင်ရေးခေါင်းစဉ်အောက် မှာရှိသူမှန်သမျှ လက်နက်ကိုင်ဖြေရှင်းတာကြုံတွေ့လာ တော့မှာမြေကြီးလက်ခတ်မလွဲပါဖူး၊ အဲ့ဒီအတွက်ငါမှ လက်နက်မကိုင်တာဆိုပြီး ချွင်းချက်တွေဆင်ခြေတွေပေး လို့မရသလိုဘယ်သူ့ကိုမှအပြစ်တင်ခွင့်မရှိတော့ဖူး နုတ်ထွက်မလား ဝါးချွန်ကိုင်မလား တလမ်းထဲကိုရွေး ချယ်ရမယ့်အချိန်ဖြစ်ကြောင်းအသိပေးပါတယ်၊ ဒီအချိန်ကစပြီး

ဘယ်အချိန်အထိယုံကြည်ပေးရမလဲပြော

Image

စဉ်းစားရင်ကြာတယ်ဆေးသကြားထည့်လိုက်ပါလား

Image

ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

Image
ရန်ကုန်၊ မတ် ၁ ခေတ်သစ် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။  ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊  ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။  "ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား  ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့  ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန်  အချုပ်သား ၊အကျဥ်းသား ၉ ဦး  ထွ က်ပြေး တယ်။ ရဲတွေဆီက  သေနတ်တွေပါ သွားတယ်။  ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။  လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။  န

ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊

Image
နေပြည်တော်ရှိ ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊  နေပြည်တော် Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ယခုည ဗုံးပေါက်ကွဲ ရန်ကုန်၊ မတ် ၁  နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရမှုဖြစ်ပွားကြောင်း နေပြည်တော်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဟောင်း၊ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်း မြငြိမ်း၏ နေအိမ်တွင် ဗုံးပစ်ခံရကြောင်း၊ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ပျက်စီးမှု တချို့ရှိပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။  "ရွှေကြာပင်ရပ်ကွက်မြောက်ဘက် ဇမ္ဗူသီရိဆေးရုံနောက်ကျော သုံးအိမ်တန်း ဘက် ဦးမြငြိမ်းအိမ်မှာ အပစ်ခံရတာ။ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မီးထွန်းထားပေမယ့် လူသိပ်မနေဘူးလို့ ပြောတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။  ထို့ပြင် ယနေ့ည မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း နေပြ

ကြက်ကြော်ဆိုင်ကဖရူဆိုမှာလား လေးကေ့ကော်မှာလားဖုန်းဆက်မေးကြည့်

Image

ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင်းကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်

Image
ရန်ကုန်၊ မတ် ၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။ "ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက

အကြမ်းဖက်ခွေးတွေ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

Image
စစ်ကောင်စီတပ်က ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ အရပ်သား ၁၁ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးဟုဆို အိုက်မောင်/People's Spring  စစ်ကိုင်းတိုင်း ကသာနှင့်ထီးချိုင့်နယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၁၁ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်‌ကျော်ကြာသည်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။ ကသာနှင့်ထီးချိုင့်နယ်စပ်ရှိ ကျေးရွာများကို  စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ‌ခြေလျင်တပ်ရင်း(၃၀၁)က ဒေသခံအမျိုးသား ၁၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဆိုသည်။  " ခလရ (၃၀၁)က ဖမ်းခေါ်သွားတာ။ တချို့ဆို ရှစ်ရက်ကြာပြီ။ တချို့က ခုနစ်ရက်ကြာပြီ။ အခုထိ လွတ်မလာသေးတဲ့အတွက် အရမ်းစိတ်ပူပါတယ်။ ဘယ်မှလည်း လိုက်လို့မရ၊ လိုက်လည်း မလိုက်တတ်ပါဘူး"ဟု ဖမ်းဆီးခေါ်ဆောင်သွားခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။  စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ကလုံရွာမှတစ်ဦး၊ အင်းတမွတ်ရွာမှ ငါးဦး၊  ကျောက်ပုံရွာမှ တစ်ဦး၊ သံပရာရွာမှ သုံးဦးနှင့် ညောင်ခြေထောက်ရွာမှတစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။  ဖမ်းခံထားရသူအားလုံးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွ

အမျိုးသမီးအဆောင်တာဝန်ခံ သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ

Image
ရမည်းသင်းထောင်တွင်  အကျဉ်းဦးစီး ဝန်ထမ်း အမျိုးသမီးအဆောင်တာဝန်ခံ  သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ်ရိုင်းပြ ဆဲဆိုခြိမ်းခြောက် သည့် အပြင် မတရားငွေကြေးတောင်းခံ   ရန်ကုန်၊ မတ် ၁ မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်တွင်  အကျဉ်းဦးစီးဌာန ဝန်ထမ်း အမျိုး သမီးအဆောင်တာဝန်ခံ  သိန်းသိန်းကျော်က နိုင်ငံရေး အကျဉ်းသူ များကို ဖိနှိပ် ရိုင်း ပြ ဆဲဆို ခြိမ်းခြောက် သည့်အပြင် မတရား ငွေကြေး တောင်းခံနေ ကြောင်း သိရှိရသည်။   ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်း သူ များ အပါအဝင် အကျဉ်းသူ/ အချုပ်သားများအပေါ်မှာ အကျဉ်းထောင် အမျိုး သမီးဆောင်တာဝန်ခံ ဒေါ်သိန်းသိန်းကျော်က မတရားသဖြင့် ငွေကြေး ရယူ ခြင်းများ၊ ရိုင်းပြဆဲဆိုခြင်းများ၊ ပါးစပ်စည်းကမ်းများ ထုတ်ခြင်း၊ ခြိမ်းခြောက် ပြော ဆို ခြင်းတို့ အကြိမ်ကြိမ်လုပ်ဆောင်နေပြီး တိုင်ကြားမှုများရှိသော်လည်း ထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာနဘက်က တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။  အကျဉ်းဦးစီးဌာန ဝန်ထမ်း ဒေါ်သိန်းသိန်းကျော်က  နိုင်ငံရေးအကျဉ်းသူများ ကိုလည်း “အပြစ်လုပ်လို့ ထောင်ထဲရောက်တာ ၊ မလုပ်ရင် ဘယ်သူမှ ထောင်ထဲ မထည့်ထားဘူး” ဟူသ

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

Image
စင်္ကာပူ မှ စစ်တပ်၏ အာဏာသိမ်းမှုကို အသိအမှတ် မပြု၊ ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း **************** လှစိုးဝေ အာဆီယံ တွင် မြန်မာ ထိုင်ခုံ လစ်လပ်နေရမည်ဟု မဆိုလိုသော်လည်း မိမိတို့ အနေဖြင့် အာဏာသိမ်းမှုအား အသိအမှတ် မပြုသဖြင့် နိုင်ငံရေး ဖက် မှ ကိုယ်စားလှယ် စေလွှတ်ခြင်းကို ခွင့်ပြုမည် မဟုတ်ဟု ဆိုသည်၊ အနည်းဆုံး အတွင်းဝန် လောက်ထိသာ ခွင့်ပြုမည် ဟု စင်္ကာပူပါလီမန် တွင် အတိုက်အခံ အလုပ်သမားပါတီ အမတ်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။ အာဆီယံ အဖွဲ့မှ စစ်တပ်၏ အာဏာသိမ်းမှုကို မနှစ်မြို့သော်လည်း နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက် ပိုင်ခွင့် မရှိ၊ လက်ရှိ စစ်အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေးသည် မည်သို့မျှ တိုးတက်လာမည် မဟုတ်သည့် dead end သို့ ဦးတည်နေသည်ဟု သုံးသပ်သွားခဲ့သည်။ ဆိုလိုသည်မှာ အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်း ပေါ် ရောက်ရှိမည့် လမ်းကြောင်းကို ဦးတည် နေခြင်း မရှိဟူ၍ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး လမ်းကြောင်းပေါ် ရောက်ရှိဖို့ ဝေးစွ ရွာသူရွာသားများကို ဝါးလုံးများ၊ တုတ်များ၊ ဝါးချွန်များ ပင် တပ်ဆင်ပေးနေကြပြီ ဖြစ်သည်။ အာဏာ