ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊

နေပြည်တော်ရှိ ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊  နေပြည်တော် Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ယခုည ဗုံးပေါက်ကွဲ


ရန်ကုန်၊ မတ် ၁ 


နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရမှုဖြစ်ပွားကြောင်း နေပြည်တော်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဟောင်း၊ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်း မြငြိမ်း၏ နေအိမ်တွင် ဗုံးပစ်ခံရကြောင်း၊ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ပျက်စီးမှု တချို့ရှိပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။ 


"ရွှေကြာပင်ရပ်ကွက်မြောက်ဘက် ဇမ္ဗူသီရိဆေးရုံနောက်ကျော သုံးအိမ်တန်း ဘက် ဦးမြငြိမ်းအိမ်မှာ အပစ်ခံရတာ။ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မီးထွန်းထားပေမယ့် လူသိပ်မနေဘူးလို့ ပြောတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။ 


ထို့ပြင် ယနေ့ည မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။ 


"Mandalay Paradise မှာက လကုန်ရက်နဲ့ ပိတ်ရက်တွေဆို စစ်ကောင်စီဘက်တော်သားတွေ အပြည့်ပဲ ။ လမ်းပေါ်မှာပါ အပြည့် လာစားသောက်ကြတာ။ ပိုင်ရှင်ကလည်း ဟိုဘက်ဘက်တော်သားပဲ။ ဗုံးပေါက်တာကတော့ လူထိခိုက် မှု မရှိဘူးလို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။




Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ