Posts

Showing posts from February 22, 2023

UGများအား ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ဦးအား ရန်ကုန်သို့ စေလွှတ်ထား

Image
Author  လင်းခိုင် Published on Feb 22, 2023 ရန်ကုန်မြို့ရှိ   မြေအောက်တော်လှန်ရေးအင်အားစုများအား   စုံစမ်းဖော်ထုတ်   ဖမ်းဆီးရန်ဟုဆိုကာ   နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့်   ဒုရဲအုပ်   ၄၃   ယောက်အား   ရန်ကုန်သို့   စေလွှတ်ထားကြောင်း   ရဲသတင်းအရင်းအမြစ် အသိုင်းအဝိုင်းထံမှ   စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ   ၂၀   ရက်တွင်   နေပြည်တော်မှ   ဒုရဲအုပ်   ၄၃   ယောက်ကို   ကော့မှူး၊   ကွမ်းခြံကုန်၊   ခရမ်း၊တွံတေးမြို့နယ်များတွင်   တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ   စေလွှတ်ခြင်းဖြစ်ကြောင်း   ရဲသတင်းအရင်းမြစ်က   ဆိုသည်။ “ အဓိက   ကော့မှူး၊   ကွမ်းခြံကုန်း၊   ခရမ်း၊   တွံတေးမြို့နယ်မှာ   တာဝန်ထမ်းဆောင်ဖို့ဆိုပြီး   စေလွှတ်တာ၊   ကျန်တဲ့ဘယ်လို   ကိစ္စတွေရှိတယ်ဆိုတာတော့   သေချာမသိရဘူး။   အဲ့ဒီမြို့နယ်တွေမှာ   စကစ   တွေ   ၊   အုပ်ကြီးတွေ   အသတ်ခံရရင်   လုပ်တဲ့သူကို   မဖမ်းမိတော့   အင်အားတိုးချဲ့တာလားမသိဘူး ”  ဟု   ရဲသတင်းအရင်းအမြစ်က  CJ Platform  သို့ပြောကြားသည်။ စစ်ကောင်စီမှ   ကော့မှူး၊   ကွမ်းခြံကုန်း၊   ခရမ်းနှင့်   တွံတေးမြို့နယ်များတွင်   ယခုကဲ့သို့   ဒုရဲအုပ်များ   အင်အားတိုးချဲ့ ချထားခြင်းသည်   မြေအောက်တော်လှန

သန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာ

Image
အာဏာရှင်ဟောင်း   ဦးသန်းရွှေ   မှတ်ဉာဏ်   ယိုယွင်းဆုံးရှုံးသည့်   အယ်လ်ဇိုင်းမား   ရောဂါ ဆိုးရွားလာ၊   အသိဉာဏ်   မပျောက်ဆုံးမှီ   ဝိနည်းနှင့်အညီ   နေထိုင်သည့်   ဆရာတော်ကြီးများအား   ပင့်ဆောင့်သော်လည်း   ငြင်းပယ်ခံရ Author CJ Platform  အယ်ဒီတာအဖွဲ့ Published on Feb 23, 2023 အာဏာရှင်ဟောင်း   ဦးသန်းရွှေ   မှတ်ဉာဏ်   ယိုယွင်းဆုံးရှုံးသည့်   အယ်လ်ဇိုင်းမား   ရောဂါ   ဆိုးရွားလာ၊   အသိဉာဏ်   မပျောက်ဆုံးမှီ   ဝိနည်းနှင စစ်အာဏာရှင်   ဟောင်း   ဦးသန်းရွှေ   တစ်ယောက်   ဇရာထောင်းသူများ   ဖြစ်လေ့ရှိသည့်   အယ်လ်ဇိုင်းမား   ရောဂါ ဆိုးရွားလာကြောင်းခိုင်လုံသည့်   သတင်းရင်းမြစ်ထံမှ  CJ Platform  က   စုံစမ်းသိရသည်။ ဦးသန်းရွှေမှာ   မှတ်ဉာဏ်များ   လုံးဝ   ဥဿုံ   မပျောက်ဆုံးမီချိန်တွင်   ထေရ်ရဝါဒ   စစ်စစ်   ဆရာတော်   သံဃာတော်ကြီး အချို့ကို   ဖူးမျှော်ခွင့်   ရနေလိုသော်လည်း   ယခု   အချိန်ထိ   ဆရာတော်ကြီးများက   ကြွရောက်ခြင်း   မရှိသေးဟုလည်း သိရသည်။ စစ်ကောင်စီ   ထိပ်တန်း   အရာရှိများနှင့်   ရင်းနှီးကျွမ်းဝင်သည့်  CJ Platform  ၏   သတင်းရင်းမြစ်က   စစ်အာဏာရှင် ဟောင်း   ဦးသန်းရွှေသည်   မှတ်ဉာဏ်   တဖြည်းဖြည်း   ယို

စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး စခ အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

Image
ကလောနှင့်ဟဲဟိုးမှ တပ်များကို  စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသော စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ် ရှမ်းပြည်နယ်၊ ကလောနှင့်ဟဲဟိုးဘက်မှ ယနေ့ နံနက်ပိုင်း စစ်ကားများစွာကို စစ်သား အင်အား အပြည့်အစုံ ၊ လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းထွက်ခွာ လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်ကားများဖြင့် လက်နက်အပြည်အစုံ တင်၍ ထွက်ခွာလာ သည် ကိုမြင်တွေ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။  "တောင်ကြီးကနေ ကလောဖက်အသွား စစ်ခွေးကားတွေ အတော်များတယ်။ ၅၀ ကျော်လောက်တယ်။  ကားတိုင်းမှာ စစ်သားအပြည့်၊ လက်နက် အပြည့် အစုံ ပါတယ်။  ကလောမြို့ ၁၁၂ တပ်ရင်းရှေ့မှာလည်း စစ်ခွေးကား ၃၀ ကျော် တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။  ဟဲဟိုးဘက်ကလည်း စစ်ကား ၂၀ လောက် ဆင်းလာတယ်။  ကလောနဲ့ ဟဲဟိုးက တပ်ကတွေ အကုန် ထွက် လာ တာ။ အင်အားတော်တော်များပါတယ်။ ကရင်နီ ဘက် သွားတာ မဟုတ်တာ တော့သေချာပါတယ

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။  " ထူးကြီးကျေးရွာကို စစ်ခွေးတွေကဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာ ရွာလုံးကျွတ် ပြာကျသွားတယ်။ စုစုပေါင်း နေအိမ် ၂၀၀ ကျော်လောက်ရှိမယ်။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ပြည်သူတွေတော့ စစ်ခွေးတွေ မရောက်ခင် ရွာလုံးကျွတ် ရှောင်တိမ်းနိုင်ခဲ့တယ်" ဟု S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

(အပိုင်း-၂) လူယုတ်မာ စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူ များအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

Image
(အပိုင်း - ၁ ) ဖတ်ရန်နှိပ်ပါ ( အပိုင်း - ၂ )  By  ရန်ကုန်ခေတ်သစ် စိုးထွဋ်က   ဝန်ကြီးဖြစ်လာချိန်   ၂၀၂၀   ကစလို့   ရမ်းကားမှုတွေ   ယုတ်မာမှုတွေ   ကျူး   လွန်နေချိန်မှာ   သူ့မိန်းမ   ဖြစ်သူ နီလာစိန်ကလည်း   စိုးထွဋ်ထက်   မလျှော့   တဲ့   ရမ်းကားယုတ်မာမှုတွေ   ကျူးလွန်ပါတယ်။   စိုးထွဋ်   အပေါ်မှာလည်း နီလာ   စိန်   က   ဩဇာ   လွှမ်းမိုးမှု   အကြီးအကျယ်ရှိပါတယ်။   တကယ်တော့   နီလာစိန်က   စိုးထွဋ်မတိုင်မီ   ရှေ့မှာ   ယောင်္ကျားတွေ   ယူထားခဲ့ပြီး   စိုးထွဋ်က   သူရဲ့   နောက်ဆုံး   ယောင်္ကျားလည်းဖြစ်ပါတယ်။   ၂၀၂၁   ခုနှစ်   စစ်အာဏာသိမ်းပြီးချိန်မှာ   နီလာစိန်က   ပြည်ထဲရေး   ဝန်ကြီးဌာန   တစ်ခုလုံး   ကို   သူ့ရဲ့   ငွေရှာတဲ့ စီးပွားရေးလုပ်ကွက်လို   သဘောထားတော့တာပါ။     နီလာစိန်က   ယောင်္ကျားဖြစ်သူရဲ့   အရှိန်အဝါကို   အသုံးချပြီး   စီးပွားရှာတဲ့အပြင်   ဝန်ကြီးဌာန   အရာရှိ   ကတော်တွေနဲ့ ဝန်ထမ်း   အမျိုးသမီးတွေ   ကိုလည်း   သူ့   နောက်   လိုက်   အဖြစ်   ထင်သလို   ခြယ်လှယ်နေတဲ့အတွက်   ကတော်တွေ ခါးစည်း   ကြိတ်မှိတ်ခံနေပါတယ်။   နီလာစိန်က   စားသောက်ဆိုင်နဲ့   အထည်အလိပ်ဆိုင်၊   အင်္ကျီဆိုင်တွေ   ဖွင့်လှစ်ထားပ