အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်ဟု စစ်ကောင်စီ ကြေညာ

Published By Nay Kyal | 22 February, 2023 DVB
လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ပြီး နိုင်ငံကူးလက်မှတ်တွေကို Online Booking စနစ်သစ်နဲ့ လျှောက်ထားနိုင်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

နိုင်ငံကူးလက်မှတ်တွေကို www.passport.gov.mm ဝက်ဘ်ဆိုက်ကနေ Online Booking စနစ်သစ်နဲ့ ကိုယ်တိုင်လျှောက်ထားနိုင်မယ်လို့ ကြေညာထားပြီး အခုလောလောဆယ်မှာတော့ အဲဒီဝက်ဘ်ဆိုက်ကို ဝင်လို့မရသေးပါဘူး။

Online Booking စနစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) မှာပဲ ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးတွေမှာရှိတဲ့ ရုံးခွဲတွေမှာတော့ အရင်ကလျှောက်ရတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Online Booking ရယူရာမှာလည်း အချိန်အကန့်အသတ်မရှိ အလွယ်တကူ လျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် Online Booking လျှောက်ထားဖို့ အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့မရဲစခန်းတွေမှာ အကူအညီတောင်းခံပြီး လျှောက်ထားနိုင်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျှောက်ထားရာမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ လျှောက်ထားနိုင်ဖို့ စီစဉ်ထားတာဖြစ်လို့ ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးဆောင် မလျှောက်ကြဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီက တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးတွေကို ဇန်နဝါရီ ၂ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်တဲ့အတွက် အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက်ခွာ အလုပ်ရှာဖွေကြသူတွေ၊ ပညာရေး၊ ကျန်းမာရေးအတွက် ပြည်ပထွက်ခွာလိုသူတွေ အခက်တွေ့နေပါတယ်။

အဲဒီလိုပိတ်လိုက်ပြီးတဲ့နောက်ပိုင်း MOU နဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်မယ့်သူတွေ၊ ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေကိုပဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးတော့တာကြောင့် ပြည်ပထွက်လို၊ နိုင်ငံကူးလက်မှတ်ရလိုတဲ့ ပြည်သူတွေဟာ မိမိသွားလိုတဲ့နိုင်ငံကို မသွားရခင် ငွေကုန်ကြေးကျခံပြီး ဗုဒ္ဓဂါယာကို ဘုရားဖူး အရင်သွားနေကြရပါတယ်။

နိုင်ငံကူးလက်မှတ်ရဖို့ ဘုရားဖူးထွက်ရတော့မယ့် ပြည်သူတယောက်က “ကျမဆိုရင် ပတ်စ်ပို့ရဖို့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်တောင် ဝယ်ပြီးပြီ။ နောက်လထဲ သွားရတော့မှာ။ အခုပြန်ဖွင့်မယ်ဆိုတော့ ပိုက်ဆံအပိုကုန်သွားမှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ဘာရည်ရွယ်ချက်နဲ့ ရပ်လိုက်လည်း မသိရပေမဲ့ ပြည်သူတွေ အပြင်ထွက်ပြီး အလုပ်လုပ်လို့ရတဲ့ငွေနဲ့ တော်လှန်ရေးကို ထောက်ပံ့နေတာကို ဒုက္ခပေးလိုတာကြောင့်လို့ ထင်ကြေးပေးကြတာတွေလည်း ရှိပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေ ရပ်လိုက်တဲ့အပြင် ပြည်ပနိုင်ငံက မြန်မာနိုင်ငံ သံရုံးတွေမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကိုလည်း ရပ်ခဲ့ပါတယ်။ 


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း