Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား

မိတ္တီလာ လေတပ်စခန်းဌာနချုပ်တွင် လက်နက်နှင့်ရိက္ခာသယ်သည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်း၊ မိတ္တီလာ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် ယနေ့ မွန်းလွဲပိုင်း လက်နက်နှင့် ရိက္ခာများ သယ်ဆောင်ရာတွင် အသုံးပြုသည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှု ဖြစ်ပွားကြောင်း သိရှိရသည်။ ဖေဖော်
ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် Y 12 အမောင်းသင်လေယာဉ်   လေယာဉ်အမှတ် 4508 သည်လေယာဉ်
ပြေးလမ်းတွင်  ရှေ့ဘီး (Nose Wheel) ကျိုး ပြီး မတော်တဆဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်သည်   Transport အမောင်းသင်ဖြစ်ပြီး စစ်ဆင်ရေးများတွင်လည်း လက်နက် နှင့်ရိက္ခာ များ သယ်ယူ ပို့ဆောင်ကြောင်း သိရှိရသည်။ လေယာဉ်မတော်တဆမှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ လေယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏  Y 12 အမောင်းသင်လေယာဉ်တစ်စီး။


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ