(အပိုင်း-၂) လူယုတ်မာ စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူ များအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

(အပိုင်း-) ဖတ်ရန်နှိပ်ပါ


(အပိုင်း-


By ရန်ကုန်ခေတ်သစ်


စိုးထွဋ်က ဝန်ကြီးဖြစ်လာချိန် ၂၀၂၀ ကစလို့ ရမ်းကားမှုတွေ ယုတ်မာမှုတွေ ကျူး လွန်နေချိန်မှာ သူ့မိန်းမ ဖြစ်သူနီလာစိန်ကလည်း စိုးထွဋ်ထက် မလျှော့ တဲ့ ရမ်းကားယုတ်မာမှုတွေ ကျူးလွန်ပါတယ်။ စိုးထွဋ် အပေါ်မှာလည်းနီလာ စိန် က ဩဇာ လွှမ်းမိုးမှု အကြီးအကျယ်ရှိပါတယ်။ 


တကယ်တော့ နီလာစိန်က စိုးထွဋ်မတိုင်မီ ရှေ့မှာ ယောင်္ကျားတွေ ယူထားခဲ့ပြီး စိုးထွဋ်က သူရဲ့ နောက်ဆုံး ယောင်္ကျားလည်းဖြစ်ပါတယ်။ 


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာ နီလာစိန်က ပြည်ထဲရေး ဝန်ကြီးဌာန တစ်ခုလုံး ကို သူ့ရဲ့ ငွေရှာတဲ့စီးပွားရေးလုပ်ကွက်လို သဘောထားတော့တာပါ။ 


 နီလာစိန်က ယောင်္ကျားဖြစ်သူရဲ့ အရှိန်အဝါကို အသုံးချပြီး စီးပွားရှာတဲ့အပြင် ဝန်ကြီးဌာန အရာရှိ ကတော်တွေနဲ့ဝန်ထမ်း အမျိုးသမီးတွေ ကိုလည်း သူ့ နောက် လိုက် အဖြစ် ထင်သလို ခြယ်လှယ်နေတဲ့အတွက် ကတော်တွေခါးစည်း ကြိတ်မှိတ်ခံနေပါတယ်။ နီလာစိန်က စားသောက်ဆိုင်နဲ့ အထည်အလိပ်ဆိုင်၊ အင်္ကျီဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။ 


မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ နီလာစိန်က ဝန်ကြီးဌာန အရာရှိ ကတော်နဲ့ ဝန်ထမ်းအမျိုးသမီးတွေမှန်သမျှကို သူ့ရဲ့ ကျွန်တွေလို သဘောထားခေါ်ယူပြီး ခိုင်းစေလာပါတယ်။ 


နီလာစိန်က သူ့ စျေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာ ဝန်ကြီး ဌာန ဆိုင်ရာ ကိစ္စတွေ၊ ယူနီဖောင်း ချုပ်တာတွေ၊ ဝန်ကြီးဌာနအလှူအတွက် အစား အသောက်မှာတာတွေ လုပ်ခိုင်းတဲ့အပြင် ကတော်တွေ မှန်သမျှ သူ့ဆီကိုအလှည့်ကျ လာရောက် တွေ့ဆုံ ခိုင်းတာလုပ်ရတယ်လို့ သိရပါတယ်။ 


"ဝန်ကြီးဌာန တူညီဝတ်စုံ ယူနီဖောင်းချုပ်တဲ့ကိစ္စတွေ၊ နောက်ပြီး သင်္ကြန်မှာ အင်္ကျီဆင်တူ ဝန်ကြီးဌာန သင်္ကြန်အတွက် ချုပ်ရတာတွေ၊ ဌာနအတွက် ပိတ်စ အဝတ်အထည် ဝယ်ရတာတွေ  ဝန်ကြီးဌာန အလှူအတွက် အစား အသောက် မှာရတဲ့ ကိစ္စတွေ အဲဒီလို ကိစ္စတွေက အစ သူက စီမံတယ်။ သူ့မှာခိုင်းတဲ့ဆိုင်၊ လုပ်ငန်း၊ ကုမ္ပဏီတွေမှာ ရတယ်။ အဲဒါတွေကလည်း သူ့နဲ့ပတ်သက် ထားတဲ့ ဟာတွေချည်းပဲ။ ဌာနအရာရှိ ကတော်တွေကို သူ့ အခြွေအရံအဖြစ် အနား ခေါ် ထားတယ်။ အလှည့်ကျ။ ကတော်တွေကလည်း သူတို့လင်တွေ ရာထူးတိုး ချင်တော့ သူ့ဆီသွားရတယ်လို့ ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။ 


ဒါ့အပြင် နီလာစိန် ခေါင်းဆောင်ပြီး ကတော်တွေ အစုလိုက် အပြုံလိုက် ပြည် တွင်း ပြည်ပ စျေးဝယ်ထွက်တာ၊ဘုရားဝတ်ပြုတာ၊ စကား၀ိုင်းလုပ်တာ၊ ဘု ရားဖူး ထွက်တာတွေလည်း လုပ်ဆောင်ပါတယ်။ အဲဒီလို အုပ်စုလိုက်သွား လာ လှုပ်ရှားရတဲ့ လှုပ်ရှားမှုတွေနဲ့ စျေးဝယ်ထွက်ချိန်မှာ နီလာစိန် ဝယ်သမျှကို က တော် တွေက ငွေကြေးစုဆောင်း လိုက်လံ အကုန်ခံ ရှင်းရတယ်လို့ ဆိုပါတယ်။ 


"ကတော်တွေက ဝန်ကြီးကတော် အတွက် သူတို့ယောင်္ကျားတွေက ငွေတောင်း ထားရတယ်။ သီတင်းကျွတ် ဆိုလည်း သီတင်းကျွတ်၊ သင်္ကြန်ဆိုလည်း သင်္ကြန်၊ တန်ဆောင်တိုင်ဆိုလည်း တန်ဆောင်တိုင် ပွဲအချိန်တွေသာမကဘူး၊  နိုင်ငံခြား စျေးဝယ်ထွက်တယ်။ သူစီးပွားရေးလုပ်ထားတဲ့ဆိုင်တွေမှာ မဝယ်မနေရ ဌာန တူညီ ဝတ် ပိတ်၊အဝတ်ထည်၊ယူနီဖောင်းများ အင်အား ရှိသလောက် မယူ မနေ ရလုပ်တာ။  မယူရင် စိတ်ဆိုးပြီး  ကတော်တွေရဲ့လင်တွေကို ရာထူးတွေ ဟို ပြောင်း ဒီပြောင်း သူလုပ်တယ်လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုပါတယ်။ 


ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ထွေ/အုပ် ဦးစီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ရဲတပ်ဖွဲ့ လိုင်းခန်း ဆောက်လုပ်တာ၊ အကျဉ်း ဦးစီးဌာန ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် ဦးစီးဌာနရဲ့ တင်ဒါ တွေ ကို လိုချင်သူ လုပ်ငန်းရှင်မှန်သမျှကလည်း နီလာစိန်ဆီ လာရောက် ကန် တော့ လက်ဆောင်ငွေကြေးပေးရတယ်လို့ သိရပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေး၊ ငွေကြေး ဆိုင်ရာ အတော်များများကို နီလာစိန်က ဝင်ရောက်စွက်ဖက်ခန့်ခွဲပြီး ရန်ပုံငွေ သုံးစွဲမှု  စာရင်းကိစ္စတွေက အစ ဝင်ပါနေတာလို့ ဆိုပါတယ်။ သက်ဆိုင်ရာ ဦးစီးဌာန အရာရှိကြီး တွေအနေနဲ့ ဝန်ကြီးကတော် ကိုယ်တိုင် ဝင်ရောက်ပြီး စာရင်းဇယားနဲ့ ဘဏ္ဍာရေး ကိစ္စတွေမှာ စွက်ဖက်မှုတွေအပေါ်မှာဘာမှ မပြောနိုင်ဘဲ ပါးစပ်ပိတ်နေရ တယ် လို့ ဆိုပါတယ်။ 


အရာရှိကတော်တွေကတော့ သူတို့ရဲ့ လင်သားတွေ ရာထူး မပြုတ်ရေး  ရာထူး တည်မြဲရေးနဲ့ နေရာကောင်း ရရှိဖို့အတွက် နီလာစိန်ခိုင်းသမျှ ကြိတ်မှိတ် လုပ်ကြရတယ်လို့ ဆိုပါတယ်။ 


"ဝန်ကြီးကတော် စျေးဝယ်ထွက်ရင်လည်း မလိုက်မနေရ။ ဝန်ကြီးကတော်ရဲ့ အောက်ခြေသိမ်းကအစ မမ မမ နဲ့ခေါ်ပြီးလုပ်ပေးရတာ။ ကိုယ့်လင်ရာထူးတိုးဖို့ နေရာကောင်းရဖို့ ရာထူးတည်မြဲဖို့ ကြိတ်မှိတ်ပြီး ခံနေကြတာပဲလို့ ရန်ကုန် ခေတ်သစ် သတင်းရင်းမြစ်က ပြောပါတယ်။ 


နီလာစိန်က ဝန်ထမ်းတွေနဲ့ ကတော် အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက ဘ၀တွေကိုပါ ဝင်ရောက်စွက်ဖက်လာပြီး ဝန်ကြီးဌာန ဝန်ထမ်းအမျိုးသမီးတွေ၊ ကတော် တွေရဲ့ မျက်ခုံး တက်တူးထိုးဖို့ ကိစ္စ၊ ထိုးရမယ့် ဆိုင်ကို လိပ်စာပေးပြီး သွားထိုး ခိုင်းတဲ့အထိကို ဝင်ရောက်စွက်ဖက်တယ်လို့ ဆိုပါတယ်။


သူ့နောက်လိုက် ကတော်တွေ၊ နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာန ဌာန တွင်း ဝန်ထမ်း အပျို၊ အပျိုကြီးတွေကိုသူက ဆိုင်လိပ်စာတစ်ခုပေး‌ပြီး မျက် ခုံးမွှေး တက်တူး ထိုးရမယ်ဆိုပြီး သွားထိုးခိုင်းတယ်။ နီလာစိန် ကိုယ် တိုင်ကလည်း မျက်ခုံးမွှေးတက်တူးထိုးထားတယ်။  ဌာနတွင်း အမျိုးသမီး တွေမှာ မျက်ခုံးမွှေး ရှိရဲ့သားနဲ့ နီလာစိန် အမွှေးမပေါက်လို့ မျက်ခုံး တက်တူး ထိုးသလို အကုန်လိုက်ထိုးရတယ်။ ဝန်ကြီးကတော်ကိုယ်တိုင် ဆိုင်လိပ်စာ ပေး‌ပြီးထိုးခိုင်းတာဆိုတော့လည်း သွားထိုးကြရတယ်။ အဲဒီလောက်ကို ပုဂ္ဂလိ က ဘ၀တွေကိုပါ စွက်ဖက်လာတာလို့နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်ကဆိုပါတယ်။ 


၂၀၂၃ ခုနှစ်မှာတော့ နီလာစိန်ရဲ့ စီးပွားရှာနေတဲ့ ဆန္ဒ  လောဘတွေက ထိန်း မနိုင် သိမ်းမရတော့ဘဲ ကတော်မှန်သမျှကို သူ့ဆိုင်တွေဆီကို သွားဖို့ ဌာန ဆိုင်ရာ အလှူ၊ ပျော်ပွှဲ ရွှင်ပွဲမှန်သမျှ သူ့ဆိုင်  သူ့လုပ်ငန်း တွေဆီကသာအစား အသောက်  အဝတ်အထည်တွေ ဝယ်ဖို့ နီလာစိန်က အမိန့် ထုတ်ပါတယ်။ 


"သူ့စျေးဆိုင်တွေကို ကတော် လာဝယ်ရင် ဆိုင်က ဝန်ထမ်းတွေက စာရင်း မှတ်ထားတယ်။ ကတော်တွေက နီလာစိန်ကို သတင်းပို့တယ်။ နီလာစိန်က ဆိုင်က ဝန်ထမ်းတွေ မှတ်ထားတဲ့စာရင်းနဲ့ ပြန်တိုက်စစ်တယ်။ အရင်ကခိုးကြောင်ခိုးဝှက်။ အခုတော့ ပေါ်တင်ကို နီလာစိန်က စီးပွားရေးလုပ်နေတာ။ ဘယ်သူမှလည်း မပြောရဲဘူး။တစ်ဖက်မှာလည်း နီလာစိန်က သူ့လူတွေ ဖြစ် သွားရင် ဘယ်လို ပြဿနပဲတက်တက် ရှင်းပေးတယ်။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက် တောင်ပံကျိုးလိုပဲ မသူတော်ချင်း သတင်းလွေ့လွေ့ ဖြစ်ကုန် ကြတယ်လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


နီလာစိန် စီးပွားရေး သောင်းကျန်းပြီး လင်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးချ ရမ်း ကားနေတာတွေ များလွန်းလို့အထူးအဆန်း မဟုတ်တော့ဘဲ ပြည်ထဲ ရေး ဝန်ကြီးဌာနမှာ သာမန်ကိစ္စတစ်ခုလိုတောင် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ 


ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ဦးစီးဌာနဆိုင်ရာအရာရှိတွေနဲ့ ဝန်ထမ်း တွေကတော့ စိုးထွဋ်နဲ့နီလာစိန်တို့တစ်နေ့ ရာထူးပြုတ် ဒုက္ခရောက်မယ့် နေ့ ကိုပဲ မျှော်လင့်စောင့်စား လက်ရှိမှာတော့ သူတို့ပေးတဲ့ ဒုက္ခတွေကိုခါးစည်း ခံနေကြတယ်လို့ ပြည်ထဲရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။



Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့