စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး စခ အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

ကလောနှင့်ဟဲဟိုးမှ တပ်များကို  စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသော စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ်

ရှမ်းပြည်နယ်၊ ကလောနှင့်ဟဲဟိုးဘက်မှ ယနေ့ နံနက်ပိုင်း စစ်ကားများစွာကို စစ်သား အင်အား အပြည့်အစုံ ၊ လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းထွက်ခွာ လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်ကားများဖြင့် လက်နက်အပြည်အစုံ တင်၍ ထွက်ခွာလာ သည် ကိုမြင်တွေ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။ 

"တောင်ကြီးကနေ ကလောဖက်အသွား စစ်ခွေးကားတွေ အတော်များတယ်။ ၅၀ ကျော်လောက်တယ်။  ကားတိုင်းမှာ စစ်သားအပြည့်၊ လက်နက် အပြည့် အစုံ ပါတယ်။  ကလောမြို့ ၁၁၂ တပ်ရင်းရှေ့မှာလည်း စစ်ခွေးကား ၃၀ ကျော် တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။  ဟဲဟိုးဘက်ကလည်း စစ်ကား ၂၀ လောက် ဆင်းလာတယ်။  ကလောနဲ့ ဟဲဟိုးက တပ်ကတွေ အကုန် ထွက် လာ တာ။ အင်အားတော်တော်များပါတယ်။ ကရင်နီ ဘက် သွားတာ မဟုတ်တာ တော့သေချာပါတယ်။  စစ်ကိုင်းနဲ့ မကွေးဘက်လို့ သိရတယ်။  " ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။ 

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသော ပြည်သူများ၏ သတင်း ပေးပို့ချက်များအရ ကလောနှင့် ဟဲဟိုးတပ်များမှ တပ်ပြောင်းရွှေ့မှုသည် အင်အား ၅၀၀ ကျော်နှင့် ၁၀၀၀ အကြားရှိနိုင်ကြောင်း သိရှိရသည်။  

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခု ၊ မကွေး တိုင်းအတွင်းရှိ မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ကလောဘက်မှ ဆင်းနေသော စစ်ကားများ။


 

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ