Posts

Showing posts from November 7, 2021

"စံပြ မြတ်ဒလန်"

Image
❌ မြတ်ဒလန် ပရိုဖိုင်းလ် ဆရာမဒေါ်လှလှသန်းဟာ - ပြည့်စုံကြွယ်ဝပြီး အိမ်ကြီးအိမ်ကောင်းနဲ့ နေထိုင်တဲ့ မုဆိုးမတစ်ယောက်ပါ။ပုံမှန်အားဖြင့်တော့ ကိုယ်ပိုင်ကားနဲ့ ကျောင်းကိုသွားလေ့ရှိပြီး အခင်းဖြစ်တဲ့နေ့မှာတော့ Taxi ကို ငှါးစီးခဲ့ပါတယ်။စားဝတ်နေရေး မပြေလည်လို့ Non Cdm လုပ်လိုက်ရပါတယ်ဆိုတာ သတင်းအမှားပါ။( မယုံရင် မြောက်ဥက္ကလာ၊နွယ်နီ ၃လမ်းကို ကိုယ်တိုင်သွားလေ့လာကြပါ )       ဆရာမဒေါ်လှလှသန်းဟာ တပည့်တွေအပေါ်မှာ ဆင်းရဲ၊ချမ်းသာ လူတန်းစားအင်မတန်ခွဲတတ်သလို - ကျောင်းမှာဆိုရင်လည်း သူ့ရဲ့ စာသင်ချိန် တော်တော်များများကို ဖုန်းတစ်လုံးနဲ့ "ကလင်ဒါကျ -ပေတံခေါက် - ပါဝါချိန်း"ဆိုတဲ့ အတွက်အချက်တွေနဲ့ပဲ ကုန်ဆုံးသွားတာများတယ်လို့ သူ့တပည့်တွေကိုယ်တိုင်ကပြောပါတယ်။      သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကျန်ခဲ့တယ်ဆိုတာလည်း - သတင်းအမှားပါ။ သူ့သမီး အရိုး၊အကြောအထူးကု ဆရာဝန်မက အရွယ်ရောက်လို့ စစ်ဗိုလ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားယောက်ျားလေးတောင် ရနေပါပြီ။         ဒေါ်လှလှသန်းရဲ့ သမီးစစ်ဗိုလ်ကတော် ဆရာဝန်မကလည်း မြောက်ဥက္ကလာဆေးရုံက - စူပါ Non Cdm သမားတစ်ယောက်ပါ။သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Cdm တွေကို ဖုန်းဆက်ပြီး အလုပ်ပြ