မအလ အကျိုးစီးပွား ဖျက်စီးခြင်း -------------------------------- မအလဟာ သူ့အကျိုးစီးပွားကြောင့် အာဏာသိမ်းတာပါ၊ သူ့အကျိုးစီးပွားတွေကဘာတွေလဲ? ၁။ အောင်မြင့်မိုရ်မင်း အသက်အာမခံ ကုမ္ပဏီ က စစ်သားတွေဆီကနေ တလကို သန်း ၁၀,၀၀၀ လောက် အတိုးမပေးရပဲ ယူထားပါတယ်။ ၂။ စစ်တပ်ပိုင် ဦးပိုင်နဲ့ MEC ကုမ္ပဏီတွေကနေ ဘယ်လောက်ရနေလဲ မခန့်မှန်းနိုင်ပါဘူး၊ စာရင်းစစ်ပိုင်ခွင့်လည်း မရှိပါဘူး။ ၃။ အခုသူ့နာမည်ပေါက်နေတဲ့ ၁ဧကကျော်တဲ့ ၁၄၊ အင်းယားလမ်းခြံက မြန်မာငွေကျပ် သိန်း၅၀ နဲ့ ဝယ်ယူထားတယ်ဆိုရင် ယုံနိုင်မလား၊ ၄။ သူ့သားက စစ်တပ်ကဆောက်မယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အကုန်နီးပါး ဆောက်လုပ်ခွင့်ရယူသွားပါတယ်။ ၅။ MyTel က $သန်းရာချီတန်ပြီး၊ စစ်တပ်ပိုင်လုပ်ဖို့ စီစဥ်ထားပေမယ့် သူ့သားက အစုရှယ်ယာရှင်အနေနဲ့ ဝေစုယူခဲ့ပါတယ်။ ၆။ ရုပ်ရှင်လုပ်ငန်းဖြစ်တဲ့ 7 sense ဟာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ သိန်းသောင်းနဲ့ချီ စာချုပ် ချုပ်ထားပါတယ်။ ၇။ ပြည့်သူ့ရင်ပြင်ထဲမှာ စားသောက်ဆိုင်ဖွင့်ထားပါသေးတယ်၊ ၈။ တခြား ဖော်ပြ၍မရသာ ဝင်ငွေတွေက အများကြီးပေါ့၊ ဥပမာ၊ လက်နက်ဝယ်တယ်၊ လက်မှတ်ထိုးခ မခန့်မှန်းနိုင်လောက်အောင်ပဲ။ =====================...