၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

စိတ်ဓာတ်ကျနေပြီလား?
1st Feb ကနေ 15th March အထိ မြေပြင် အဖြစ်အပျက်တွေကို ကျော်ကြည့်ရအောင်။
၁။ ဆေးရုံတွေဖွင့်တာ မအောင်မြင်ဘူး
၂။ ကျောင်းတွေဖွင့်တာ မအောင်မြင်ဘူး
၃။ ဘဏ်တွေဖွင့်ခိုင်းတာ မအောင်မြင်ဘူး
၄။ ရပ်ကျေးကောင်စီ မအောင်မြင်ဘူး
၅။ CDM ရုံးတက်ခိုင်းတာ မအောင်မြင်ဘူး
၆။ ငွေတိုက်စာချုပ်တင်ဒါ မအောင်မြင်ဘူး
၇။ နိုင်ငံတကာပွဲမှန်သမျှ မအောင်မြင်ဘူး
၈။ တိုင်းရင်းသားလက်နက်ကိုင်ကို ကြိုညှိတာ မအောင်မြင်တော့ဘူး
၉။ CRPHဖမ်းချင်တာခုထိ ရှာမတွေ့တော့ မအောင်မြင်ဘူး
၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး
~~~~~~~~~~~~~~~~~~~~~~~~~~
ပြောချင်တာ အနှစ်ချုပ်က
"မောရင် နားပါ
ပြီးရင် ပန်းတိုင်ကိုဆက်သွားမယ်။"
နိုင်ငံခြားကပိုင်ဆိုင်မူတွေ ထုတ်မရတော့ တာတွေလို/ social punishment တွေလို/ အယောင်ဆောင် democracy မှန်းကမ္ဘာကသိသွားတာတွေလို/ သူတို့အကြောင်းကို တိတိပပသိပြီး တူးတူးခါးခါးမုန်းတဲ့ next generationကြီးတစ်ခုပေါ်လာတာတွေ နဲ့အခြားသော ကိုယ်တွေလို သာမန်လူနားမလည်နိုင်တဲ့ အမြတ်ထွက်တာတွေ လည်းအများကြီးရှိပါသေးတယ်
သူတို့ မအောင်မြင်တာမှန်သမျှ ကျတော်တို့အောင်ပွဲလေ။ ဘာကို စိတ်ဓါတ်ကျရမှာလဲ ပြော။
သူတို့အောင်မြင်တာ သေနတ်ရှိလို့ လူသတ်တာနဲ့ ကြောက်အောင်လုပ်တာ။ ဒီတခုပဲ သူတို့ကောင်းကောင်းလုပ်တတ်တော့တယ် ခုချိန်ထိပေါ့။ မှာချင်တာ အဖမ်းမခံနဲ့ မသေစေနဲ့။ ကိုယ် လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးလုပ်နေပါ။ ကျနော်တို့ ကြောက်သွားမှ စိတ်ဓါတ်ကျသွားမှ သူတို့အောင်မြင်မှာ။
အသက်ပေးလိုက်ရတဲ့လူတွေနဲ့ ဒဏ်ရာရခဲ့သူတွေ အားလုံးကို ကျေးဇူးရှိတယ်လို့ ယူဆရင် စိတ်ဓာတ်မကျပါနဲ့။
အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့် အချိန်ပါပဲ။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်