အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေနဲ့ တွဲဖက်ပြီး စီးပွါးရေးလုပ်ကိုင်တဲ့သူတွေရဲ့ အမည်စာရင်းတွေကိုပါ ကြေညာထားပါတယ်။ အဲဒီအထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊ ကိုနိုင်ဖြိုးကျော် (ခ) ကိုကိုနိုင်၊ ကိုဝေမင်းမောင် (Myanmar Media 7) ၊စန်းကိုကိုတင့်ဆန်း တို့ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Myanmar Media 7 နဲ့ 7th Sense တို့ဟာ ၂၀၁၃-၁၄လောက်စပြီး အနုပညာလောကထဲ ဝင်ရောက်လာကာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖြန့်ချိရေးတွေမှာ ငွေပေါင်းများစွာ အကုန်ကျခံပြီး လုပ်ကိုင်လာတာဖြစ်ပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့အတွက် ရုပ်ရှင်နဲ့မီဒီယာလောကမှာ ခြေကုတ်ယူပြီး ၂၀၁၈ခုနှစ်ကစလို့ ရုပ်သံလိုင်းတွေနဲ့ပူးပေါင်းကာ ရုပ်သံအစီအစဉ်တွေ ရိုက်ကူးထုတ်လုပ်တာကနေ ဒီနှစ် ဇန်နဝါရီလ (၁)ရက်မှာလည်း OU Streaming App ကို စတင်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အခမဲ့ပြသနေတဲ့လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ စန်းကိုကိုတင့်ဆန်းသည်ယခင်သမ္မတဟောင်း ဦးသိန်း စိန် လက်ထက် အားကစား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးတင့်ဆန်း၏ သားအငယ် ဖြစ်ပြီး ACE က
Comments