ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်
Myanmar now အမှု ၂ ခု ရင်ဆိုင်နေရသည့် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်တပ်က ထောင် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ်ပြီး အမှုထပ်ဖွင့်လိုက်သည်။ အာဏာမသိမ်းမီ နှစ်လအလိုက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ဗိုလ်ချုပ်များ တွေ့ဆုံခဲ့စဉ်။ ( ဓာတ်ပုံ - KBC) စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ( က ) ဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း ၎င်း၏ရှေ့နေနှင့် မိသားစုထံမှ သိရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူရန် ခရီးထွက်လာသည့် သူ့ကို စစ်ကောင်စ...