ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစအန ပျောက်ဆုံး

ပြင်ဦးလွင် တပ်မတော် ဆက်သွယ်ရေး ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို သေဆုံးသည်အထိပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစ အန ပျောက်ဆုံးနေပြီး သေဆုံးဖွယ်ရှိဟုဆို၊ မိသားစုပါ အဖမ်းခံထားရ ဖွယ်ရှိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ တပ်မတော် ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင်တန်းကျောင်းမှဒုတိယ ကျောင်း အုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ်ခဲ့ပြီးအဆိုပါ ပစ်ခတ်ခဲ့သော စစ်သည်

မှာ သတင်းအစအန မရရှိတော့ဘဲ စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ပြီဟု ယူဆရ ကြောင်း  စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊  ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ်  ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်းသေသွားခဲ့ကြောင်း  ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီးတက္ကသိုလ် (ကလောကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊  ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်းကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ  ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပြင်ဦးလွင်  မိုင်သုဿာန်တွင် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးကို မီးသဂြိုလ်ခဲ့ကြောင်း  သိရှိရသည်။ 


"ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်သတ်ခဲ့တဲ့ စစ်သည်က ပစ်ခတ်မှုဖြစ်ပြီးတဲ့ ညနေကတည်းက သတင်းမကြားရတော့ဘူး။ နာမည်တွေ မိသားစုတွေ စုံစမ်းပေမယ့် တပ်ထဲမှာ လျှို့ဝှက်ထားတယ်၊ ပေးမသိဘူး။ အဲဒီစစ်သည်ကို စစ်ဆေးနေသလား၊ ဘယ်အချုပ်မှာထားလဲဆိုတာ မေးကြည့်ပေမယ့်  တင်း က မရတော့ဘူး။စစ်ကြောရေးမှာပဲ သတ်လိုက်တာဖြစ်ဖို့များတယ်။ သူ့မိသားစုနဲ့ပတ်သက်တဲ့ သတင်းလည်း မရတော့ဘူး။ မိသားစုပါ အဖမ်းခံရထားဖို့ များပါတယ်။ ဒါက စစ်သည်က အရာရှိကြီးကို ပစ်ခတ် သတ်တာဆိုတော့ စံပြ အရေးယူမှုလုပ်တဲ့အခြေ အနေလို့ ပြောရမယ်ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 


ဓာတ်ပုံသေဆုံးသွားသည့် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်နှင့် ၎င်းကို သဂြိုလ်ခဲ့သည့် စာရင်းဇယားမှတ်တမ်း။





Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world