ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်

Myanmar now

အမှု  ခု ရင်ဆိုင်နေရသည့် ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်တပ်ကထောင်  နှစ်မှ  နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ်ပြီး အမှုထပ်ဖွင့်လိုက်သည်။ 



အာဏာမသိမ်းမီ နှစ်လအလိုက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ဗိုလ်ချုပ်များ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - KBC)

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ကဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း

၎င်း၏ရှေ့နေနှင့် မိသားစုထံမှ သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ  ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူရန် ခရီးထွက်လာသည့် သူ့ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။


ထို့နောက် ၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ တွင် ဗိုလ်မှူးသူအောင်ဇော် ဆိုသူက မြစ်ကြီးနားရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇() ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ကတို့ဖြင့် အမှုဖွင့်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ မြစ်ကြီးနားထောင်တွင်းတရားရုံးတွင် စစ်ဆေးစဉ် ထောင်ဒဏ်  နှစ်မှ  နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ ၅၂(ကဖြင့်ပါ ထပ်မံအမှုဖွင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုကာ ထိုသို့ အမှုထပ်တိုးခြင်း ဖြစ်ကြောင်း ၎င်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်က ပြောသည်။

သူတို့က NUG သမ္မတ ဦးလရှီးလရော ပြီးတော့ သယံဇာတဝန်ကြီးဖြစ်တဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမဂျာထွယ်ပန် ဒီသုံးဦးနဲ့ လိုင်ဇာမှာ သွားတွေ့တဲ့အတွက်ကြောင့်လို့တော့ ပြောပြတယ်” ဟု ရှေ့နေကဆိုသည်။

ပုဒ်မ ၅၂(ကကို ယမန်နေ့က တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ပုဒ်မနှစ်ခုမှာ စွဲချက်တင်ရန် လျှောက်လဲချက်အဆင့်ကို ရောက်ရှိကာ ထိုပုဒ်မအတွက် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်ဟု ဒေါ်ဒေါင်နန်က ဆိုသည်။


လာမည့်ရုံးချိန်းတွင် ပုဒ်မ ၅၂(ကအမှုအတွက် တရားလိုနှင့် လိုပြသက်သေကို စတင်စစ်ဆေးမည်ဖြစ်ကြောင်းအထက်ပါ ရှေ့နေက ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုဖွင့်ခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်မြို့ လိုင်ဇာကို သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဆိုပါက အဓိပ္ပာယ်မရှိကြောင်း ၎င်း၏ မိသားစုကအစဉ်တစိုက်ပြောသည်။

၎င်း၏ဖခင်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်ရာအသင်းသူ၊ အသင်းသားများရှိသည့် မည်သည့်နေရာကိုမဆို သွားလာရသည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်းမိသားစုဝင် အမျိုးသမီးတစ်ဦးက  ပြောသည်။


ဒေါက်တာခလမ်ဆမ်ဆွန်က ဆုတောင်းမေတ္တာ ပို့ပေးရန် မိသားစုကို မှာကြားလိုက်ကြောင်း၊ ယနေ့အထိ မိသားစုနှင့် မတွေ့ရသေးကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန် KBC ဥက္ကဋ္ဌတာဝန်ယူထားစဉ် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။


ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတက တွေ့ဆုံခဲ့သည်။


Comments

Popular posts from this blog

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထား

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့