Posts

Showing posts from January, 2023

အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့ ရှိ

Image
ဗြိတိသျှ အစိုးရမှ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီ များ အား စတင် အရေးယူ ယနေ့တွင် Burma Campaign (UK) မှ စစ်တပ်အား လေယာဉ်ဆီ ရောင်းချပေးနေသော ကုမ္ပဏီ များ အား ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူ မှုများ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ တို့ မှ စတင် ပြုလုပ်လိုက်ခြင်းကို ကြိုဆိုထောက်ခံကြောင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။ ဗြိတိသျှ အစိုးရ ၏ စာရင်းတွင် ဗွေဆော်ဦး ပါဝင်လာသည့် ကုမ္ပဏီသည် ဇော်မင်းထွန်း နှင့် ၎င်းပိုင် Asia Sun Co ပင် ဖြစ်သည်။ ထို့အတွက် တော်လှန်ရေး အား လေကြောင်း အင်အား အလွန်အကျွံ သုံးစွဲလာနေမှုများ တဖြေးဖြေး နှင့် ချုပ်ငြိမ်းသွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် နေပြည်တော်၌ အာဏာသိမ်း အဖွဲ့မှ ကာလုံ အစည်းအဝေး ခေါ်ယူပြီး တ‌ယောက် မျက် နှာ တယောက် ကြည့်ကာ ၎င်းတို့ ကိုယ်တိုင်ပင် စိတ်ထဲက လက်ခံခြင်း မရှိသော စကားကို ရှေ့မျက်နှာ နောက်ထားပြီး ကျောသပ်ရင်သပ် ပြောဆိုနေကြပြီ ဖြစ်သည်။ ၎င်းတို့ ရှေ့ဆက် မည်သို့ မည်ပုံ စခန်းသွားမည်ကို ပြည်တွင်းပြည်ပက အထူး စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။ အားလုံးက ပြောင်းလဲလာနေသော အနေအထားများ ကြောင့်ဆိုကာ အရေးပေါ် စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ရှိနေသည်ဟု ယနေ့ အစည်းအဝေး တ

သတိုးမဟာ မင်းအောင်လှိုင်ဖြစ်လာမည်လော

Image
လွန်ခဲ့တဲ့၂နှစ်ဒီနာရီမှာ လွှတ်တော်အမတ်တွေရဲ့တည်းခို ရိပ်သာသမ္မတအိမ်တော် အမေစုအိမ် ဝန်ကြီးချုပ် ဝန်ကြီး များ၏နေထိုင်ရာအိမ်များကိုတံခါးခေါက်ချိန်ဖြစ်သည်။ ဒီလိုဖြစ်လာမည်ဟုကြိုသိထားသောအမေစုက Printed  Letter တစောင်ကို ဦးဝင်းထိန်ထံချန်ရစ်ခဲ့သည်၊ ထိုစာ၏ အနှစ်ချူပ်မှာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည် အပ်နှင်းခဲ့ခြင်းဖြစ်သည်။ တပတ်ခန့်ကြာသည်အထိ အခြေအနေမထူးလာသည့် အဆုံးမှာနွေဦးတော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊ ကံကြမ္မာကမျက်နှာသာပေးခဲ့သည်မှာ တည်းခိုရိပ်သာရှိ အမတ်များကို မိမိအစီအစဉ်ဖြင့် ပြန်ရန်နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမတ်များသည် အိမ်သို့ပြန်မရောက်လာပဲ CRPH မှသည် NUG ကို ဖေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်၊ ဤနေရာတွင် နွေဦးဘက်တော်သားများ၏ ဖြစ်လိုသော ဦးတည်ချက်မှာ သင့်စိတ်ထဲကဆန္ဒနှင့် တထပ်တည်းဖြစ် ၍ အထူးတလည် ဖေါ်ပြရန်မလိုတော့ပါ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လားရာ ကို မှန်းဆကြသူအများစု ၏အမြင်များကို အင်တာနက်စာ မျက်နှာများတွင် ပုံစံမျိုးစုံမြင်တွေ့နားဆင်ကြပြီးဖြစ်သည်၊ ကျွန်ုပ်၏အမြင်ကိုတင်ပြခွင့်ပြုပါ၊ ပြီးခဲ့သည့်အပတ်ထဲက မြန်မာနိုင်ငံဖြစ်ပေါ်လာပုံဆောင်းပါး ကိုလိုနီနှောင်းခေတ

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး၊ ပထမနေ့ကို အောင်မြင်စွာ ကျင်းပပြီးစီး

Image
 ၃၁-၁-၂၀၂၃ ရက် (အင်္ဂါနေ့)၊ နံနက် ၁၀:၀၀ နာရီ  ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၂၃၇) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၈.၂၃)ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၅) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအဖွင့်၌ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက (၁) မိနစ် ငြိမ်သက် အလေးပြုခဲ့ကြသည်။  ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ Hon. Ms. Heidi Hautala၊ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ဥက္ကဋ္ဌ Mr. Charles Santiago တို့က မိန့်ခွန်းပြောကြားခဲ့ပြီး

စစ်ကောင်စီ လာရာနှင့် စစ်ကောင်စီ လားရာ

‘စစ်ကောင်စီ လာရာ’ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သတ်ပြီး ၎င်း ဥပဒေသည် ဖျက်သိမ်းသင့်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုအဖြစ် အစဉ် တစ်စိုက် ရှုမြင်ခဲ့သည်။ မြန်မာစစ်တပ်၏ အခန်းကဏ္ဍသည် အဆိုပါ အခြေခံဥပဒေ၏ အဓိကကျဆုံး အနှစ်ချုပ်ဟု ဆိုရမည့် နိုင်ငံတော် အခြေခံမူ အဖြစ် ခိုင်ခိုင်မာမာ ပါဝင်နေခြင်းအား ဆရာကြီးက ထောက်ပြခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း(၁) နိုင်ငံတော် အခြေခံမူများ အပိုဒ်-၆ (စ) တွင် “ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည်” ဟု ဖော်ပြပါရှိသည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းကို အစဉ်တစ်စိုက် ကိုင်ဆွဲခဲ့ပြီး သူ(မ) အာဏာရခဲ့ချိန်တွင်လည်း မြန်မာစစ်တပ်နှင့် ပတ်သက်ပြီး အမျိုးသားရေး ရင်ကြားစေ့ရေး မူဝါဒကို ကျင့်သုံးခဲ့သူ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ပြီး ၂၀၀၈ ခြေဥအောက်မှ နိုင်ငံရေး လမ်းကြောင်းကို ငြင်းပယ်ခဲ့သည့် The Lady နှင့် NLD ပါတီသည် အရပ်ဝတ်လဲ ဦးသိန်းစိန် အစိုးရ ‘ဟ’ ထားသော တံခါးမှ ၂၀၀၈ ခြေဥအောက်သို့ ၂၀၁၂ ခုနှ