ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒီမိုကရေစီဆန့်ကျင်ရေး ဆန္ဒပြမှုများပြုလုပ်မည် ဖြစ်သဖြင့် အမေရိကန်နိုင်ငံသားများ သတိပြုသွားလာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အသိပေး



 

စစ်တပ်ထောက်ခံသူများက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒီမိုကရေစီဆန့်ကျင်ရေး ဆန္ဒပြမှုများပြုလုပ်မည် ဖြစ်သဖြင့် အမေရိကန်နိုင်ငံသားများ သတိပြုသွားလာရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် စစ်အစိုးရလိုလားသည်သူများသည် ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊သမ္မတ ရုပ်ရှင်ရုံ၌ စုဝေးကာ၊ မဟာဗန္ဓုလ ပန်းခြံသို့ ချီတက်မည်ဖြစ်သည်ဟု ရေးသာထားသည်။

အဆိုပါ စစ်အစိုးရလိုလားသူများသည် အင်အား ၂၀၀၀ ကျော်ဖြင့် ဒီမိုကရေစီဆန့်ကျင်ရေး မိန့်ခွန်းများ ဟောပြောမည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယင်းကဲ့သို့ ဆန္ဒပြမှုတွင် တိုက်ခိုက်မှု၊ ပေါက်ကွဲမှုများ ဖြစ်လာနိုင်ခြေ ရှိသည့်အတွက် သတိရှိရှိ နေထိုင်ကြရန် အမေရိကန်နိုင်ငံသားများအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အသိပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြုတ်ချခံရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပြီး၊ ရည်အနည်းငယ်အတွင်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုများ တိုးလာနိုင်သည့် အလားအလာများ ရှိနေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရ အမေရိကန်သံရုံးက ဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံသားများအနေဖြင့် အစားအစာ၊ ရေနှင့် ဆေးဝါးကဲ့သို့ အရေးကြီး အထောက်အပံ့ပစ္စည်းများကို ထားရှိရန်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေး အစီအစဉ်များကို US အစိုးရအား အားမကိုးဘဲ အရေးပေါ် အခြေအနေ စီစဉ်ထားရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တိုက်တွန်းထားသည်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်