Posts

Showing posts from April 27, 2023

အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်

Image
(ကျော်မောင်) မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုများကနေ ကာကွယ်ဖို့ ဂတိစကားအသစ်အရ အမေရိကန်ဟာ ဆယ်စုနှစ်များအတွင်း ပထမဦးဆုံး အဖြစ် နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် နဲ့  သမ္မတ ယွန်းဆက်ရဲ တို့ဟာ အဆိုပါ သဘောတူညီချက်ကို ဝါရှင်တန် ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားထက်စာရင် ချိုင်းနားကွန်မြူနစ်အတွက် ရည်ရွယ်တာ ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။ ကီလို ၂၀၀၀ အကွာအဝေးအောက် လျှော့ ပစ်လို့ မရတဲ့ Trident D5 missiles တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အဲဒီနားထားလိုက်တာဟာ ICBM တွေ သွားထား ထားတာထက် ချိုင်းနားကွန်မြူနစ်ကို တုန့်ပြန်ချိန် နဲနဲလေး ပဲ ပေးလိုက်တာ ဖြစ်သွားပါလိမ့်မယ်။ .. US to send nuclear armed submarines to South Korea for the first time in decades — in new pledge to protect it from North Korea's threats Biden & South Korean President Yoon Suk Yeol, will sign the agreement in Washington on Wednesday, officials said. Nuclear armed subs in S

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

Image
မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်‌ဆောင်နိုင်တဲ့အနေအထား‌တွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူ