Posts

Showing posts from April 1, 2023

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

Image
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထက်တန်း အကြံပေး ဒဲရက် ရှိုလက်သည် မကြာမီ က ပြီးဆုံးသွားခဲ့သော ထိုင်း နှင့် အင်ဒိုနီးရှား ခရီးစဉ် အပြီး ဝါရှင်တန် တွင် RFA မှ တွေ့ဆုံမေးမြန်း ခဲ့စဉ် အတွင်း BURMA ACT နှင့် စပ်လျှင်းပြီး ယခုလို ရှင်းလင်းသွားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေ ပါ အကြောင်းအရာတွေ နေ့စဉ် နဲ့ အမျှ အကောင်အထည် ဖေါ် လုပ်ဆောင်နေပါတယ်။ မြန်မာ နိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးနေတာ အများဆုံး မဟုတ်တောင်၊ အများဆုံး ပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်၊  ဒီလို အကူ အညီတွေ ပေးနိုင်ဖို့ ရန်ကုန် မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးကတဆင့် အင်တိုက်အားတိုက် လုပ်နေတဲ့ အပြင်၊ အသက်အန္တရာယ် မထိခိုက်စေမယ့် အကူ အညီမျိုး တွေကိုလည်း တော်လှန်ရေး အုပ်စု တွေကို ပံ့ပိုးပေးနေပါတယ်၊ ဒီနေရာမှာ စီမံချက်ရေးဆွဲတာတို့၊ ဘတ်ဂျက် နှင့် စီမံခန့်ခွဲမှု အပိုင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် အာဏာသိမ်း အဖွဲ့ရဲ့ ထိန်းချုပ်မှု ပြင်ပ မှာ ရှိနေတဲ့ ၅၀ ရာနှုန်းကျော် ရှိနေတဲ့ ဒေသတွေ မှာ ဖြစ်ပါတယ်။ ဒါကလည်း Burma ACT မှာ ပါတဲ့ အတွက် အခုလို ပံ့ပိုးပေးနိုင်တာ ဖြစ်လို့ အလွန် အရေးပါ ပါတယ်လို့ ပြောချင်ပါတယ်၊ ဒါ့အပြင်

ကိုးကိုးကျွန်း ပေါ်တွင် တရုတ် ထောက်လှန်းရေး စခန်း ရှိနေပြီလော

Image
ယနေ့ အိန္ဒိယ သတင်း စာ နှင့် မီဒီယာများ တွင် ပွဲဆူသွားစေသည်က ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများ ထွက်လာခဲ့ပြီး ထိုဓါတ်ပုံများထဲတွင် ကိုးကိုးကျွန်း ပေါ်ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ အသစ် ထပ်မံ ဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင် ဖြစ်သည်။ ယင်းသည် တရုတ် တို့ အတွက် စပိုင် စခန်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။ ထိုဓါတ်ပုံ၏ အလယ်တည့်တည့် တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံ နှစ်ခု ကို တွေ့ရသည်။ မြောက်ဖက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား ရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက် များ တွေ့ရသည်ဟု ဆိုသည်။ ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ  မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခု ကိစ္စအား လန်ဒန် ရှိ ချာတန်ဟောက်စ် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီး မှ စတင် ‌ဖေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်သည် တရုတ် နှင့် ပေါင်းပြီး ရေတပ် ထောက်လှန်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟု ဆိုသည်။  စစ်တပ်အား  မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများ အား စောင့်ကြည့်ထောက်လှန်းနိုင်ရန် နည်းပညာ အကူအညီ နှင့် ပစ

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

Image
အောင်ဇော် 1 April 2023 အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။ တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။ သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင

မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

Image
နောက်ဆုံးလိမ်တဲ့ကောင်သာ အရှုံးဆိုတာ အမှန်ပဲ ပြည်သူမသိခင်တော့ သာသလိုရှိတာပေါ့လေ ကြောင်ကြာကြာ ရေမငုတ်နိုင်ဆိုတာ ဒါပါပဲ ထင်တော့ထင်သား သတင်းက ထွက်မလာသေးလို့သာ ဒါကြောင့် မအလ ရခိုင်သွားပြီး သွေးခွဲပြနေတာလို့ ရေးပြခဲ့သလို တပင်ရွှေထီး သွေးခွဲအကွက်တွေ ထုတ်သုံးနေတာလို့ ကြိုရေးခဲ့သေး ဘာကြောင့်ဆိုတော့ သာကောလာတယ် NLD ဖျက်တယ် ရခိုင်သွားတယ် မသိရင် သာကောစနက် ထောက်ခံသလိုတွေ ဖြစ်စေဘို့ အာရုံလွဲ ဂျင်းထဲ့တာပဲ  ခု ဧရာဝတီသတင်းထဲမှာပါလာတဲ့ ပြည်သူမသိသေးတဲ့ အချက်တွေအရဆိုရင် NUG အဆင့်မြင့် ကာကွယ်ရေး အရာရှိတွေ မြောက်ပိုင်းသွားရောက်ပြီး ‘ဝ’ အပါအဝင် တိုင်းရင်းသားလန-က်ကိုင်အဖွဲ့အစည်း မဟာမိတ်များနှင့်  အစည်းအဝေးများ ကျင်းပခြင်းနဲ့ စိန့ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ် ရောက်နေတဲ့အချိန်မှာ NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများက  UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေတယ်ဆိုတာရယ်  ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက  ကတိပြုပြီး MNDAA သည်လည်း လွန်ခဲ့သောနှစ်မှစတင်ပြီး NUG နှင့် PDF တပ်များကို လန-က်နှင့် လေ့ကျင့်မှု ပေးနေမှု ဒီအချက်တွေကို မအလတို့ စိုးရိမ်ပြီး ၀နဲ့ မြောက်ပိုင်းအဖွဲ့တွေခေါ်တွေ့တယ် အဆင်မပြေကြောင်း သိရပ

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

Image
By ကျော်မောင်— ၂၀၂၁ မေလက Nikkei Asia ဆောင်းပါးမှာပါတဲ့ စိတ်၀င်စားစရာ အချက်ကတော့  🔻 A key figure in VPower's deals with the Myanmar military is Tun Min Latt, son of retired Lt. Col. Khin Maung Latt. He was named in a 2019 United Nations Fact-Finding Mission report on the military's economic interests as a private shareholder in the Star Sapphire Group of Companies 🔻 ဆိုတာပါပဲ  မြန်မာစစ်တပ်နှင့် VPower သဘောတူညီချက်များတွင် အဓိကကျသူမှာ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။  သူ့ကို Star Sapphire Group of Companies တွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားအတွက် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် 2019 United Nations Fact-Finding Mission အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။ ၂ နှစ်ခန့် ကြာသောအခါ ‌မီးပေးတဲ့ သင်္ဘောကြီးလည်း ထွက်ခွာသွားခဲ့ပါပြီ.... ဟောင်ကောင် အခြေစိုက် VPower နဲ့ တရုတ်အစိုးရပိုင် CNTIC တို့ဟာ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုကို ၂၀၂၁ တည်းက ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကကတော့ စစ်တပ်နဲ့အကျိုးစီးပွား‌ ရှိနေတဲ့အတွက်ပါ။ ဒါ့ကြောင့် မြန်မာမ

ဒဗမက၏ဇနီး ထမီအလှန်ခံရ

Image
မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း ……………………………………….. ယင်းသတင်းကို ဖုံးကွယ်ဖို့ အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ပြန်လည် ဖြန့်ဝေ ~~~~~~~~~~~~~~~~~~~~ ဧပြီ ၁ အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။ “သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ

ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

Image
🤣 ဘုန်းတော်ကြောင့် ရေ မထွက် 🤣 စစ်ကောင်စီဥက္ကဋ္ဌ မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်၍ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ   နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃  စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၃၀ ရက်နေ့က ကန်တော်ကြီးသို့ ရေဖြည့်တင်းမည့် မြေအောက်အကူ ရေပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်သဖြင့် မြေအောက်ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု သတင်းရရှိသည်။ စစ်တွေမြို့၊ ကန်တော်ကြီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက " ဟိုတစ်နေ့က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကန်တော်ကြီးကိုသွားပြီးတော့ စက်ခလုတ်ဖွင့်ပြီး  ရေစမ်းသပ်လွှတ်ကြည့်တယ်လို့ သိရတယ်။ ခဏစမ်းသပ်လွှတ်ကြည့်တာပါ။ ရေဖြည့်တော့ ရေမထွက်လို့ မအောင်မြင်ခဲ့ဘူးလို့ သိရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။ သို့အတွက် ၎င်းမြေအောက်ရေရှာဖွေတူးဖော်နေသည့် ရေရရှိရေးလုပ်ငန်း အဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေတူးရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အရေးယူခံရနို

စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

Image
ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး  ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။  "ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါ

အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်

Image
စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာအသီးသီး၌ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ရန် ထန်တလန် CDF တောင်းဆို ▪️အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ် မောင်မောင်/People’s Spring စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီး ၌ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ရန် ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်သည်။ ထန်တလန်မြို့နယ် ခွာဖိုရွာအား စစ်ကောင်စီတပ်က မတ်လ ၃၀ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန် CDFက သဘောထား ထုတ်ပြန်ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ခွာဖိုရွာ နေပြည်သူများကို တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေကွဲရသည့် တော်လှန်ရေး ဘက်တော်သားများဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်စနစ်ကြီး အမြန်ချုပ်ငြိမ်းနိုင်ရန် အတွက် ကိုယ့်နေရာ အသီးသီးမှ  စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ထန်တလန် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။