စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး 


ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


"ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာပါ" ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


Photo - အကြမ်းဖက် စစ်တပ် ဗုံးကျဲခြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပေါက်ကုန်းရွာက ပြည်သူပိုင် နေအိမ် ၁ လုံး




Comments

Popular posts from this blog

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************

ညကသာကေတဒေါပုံမှာတယောက်ကျ( ဗီဒီယို)

US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်