စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး 


ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


"ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာပါ" ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


Photo - အကြမ်းဖက် စစ်တပ် ဗုံးကျဲခြင်းကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပေါက်ကုန်းရွာက ပြည်သူပိုင် နေအိမ် ၁ လုံး




Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်