Posts

Showing posts from February 8, 2023

သန်လျင်တွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ပေးသည့် ပညာရေး၀န်ထမ်းများ၏ နေ့စားခကို မြို့နယ်ထွေအုပ်ရုံးမှ မပေးဘဲ ဖြတ်စားထားဟုဆို

Image
ဧရာ၀တီတိုင်းမ် ဖေဖော်ဝါရီလ ၉ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း စစ်ကောင်စီ ရွေးကောက်ပွဲအတွက်  လူဦးရေ စာရင်းများကောက်ယူရာတွင် ပညာရေး၀န်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမများကို ဇန်နဝါရီလမှစတင်၍ ခိုင်းစေခဲ့ပြီး နေ့စားခ တစ်နေ့လျှင် ၄၈၀၀ ကျပ် ပေးမည်ဟုဆိုကာ ယနေ့အထိ မြို့နယ်ထွေအုပ်ရုံးမှ မပေးသေးကြောင်း မြေပြင်တွင် ပါ၀င်ဆောင်ရွက်ခဲ့သည့် ဆရာမတစ်ဦးထံက သိရသည်။   စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ်များ၏ မြို့နယ်အသီးသီးတွင်ရှိသည့် လူဦးရေ စာရင်းများကို ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ လိုက်လံကောက်ယူစေခဲ့ပြီး ပညာရေး၀န်ထမ်းများ၊ ထွေအုပ်ရုံး၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြသည်။ "မြေပြင်မှာ လိုက်လံကောက်ယူရတာ အန္တရာယ်ကြားထဲမှာ။ စာလည်းသင်ရ၊ ကောက်ယူတဲ့ အခါမှာလည်း တိုက်ခိုက်ခံရနဲ့။ ခုဆို ရှေ့လထဲကနေ ခုထိ ၂၂ ရက်ရှိပြီ နေ့စားခတွေမပေးဘူး။ မရကြဘူး။ တစ်နေ့ ၄၈၀၀ ပေးမယ်လို့ အစိုးရ(စစ်ကောင်စီ)က ညွှန်ကြားထားတာပါ" ဟု စစ်ကောင်စီ၏ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ထိုသို့ကောက်ယူသူများကို နေ့စားခအဖြစ် တစ်နေ့လျှင် ၄

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

Image
ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင် ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာအများ ဆန္ဒပြမည်ဖြစ်ကြောင်း ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ ကိုသန့်ဇော်ထက်က ပြောသည်။  မြန်မာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှင့် ဂျပန်အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး သံတမန် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာဂါဝါသည် ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ မင်းအောင်လှိုင်ကို ထိတွေ့ ဆက်ဆံခြင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးခြင်းများရှိနေပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ဂျပန်အစိုးရက တစ်စုံတစ်ရာ မသိရှိဟု တုံ့ပြန်ပြောဆိုလာကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို ထိတွေ့ ဆက်ဆံနေသော ၎င်းကို ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။  "ကျနော်တို့ Japan MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) နဲ့လည်း

ရန်ကုန်တွင် စစ်တပ်က ပြည်ထောင်စုနေ့အတွက် ပြင်ဆင်

Image
မကြာခင်ကျရောက်မည့် ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့အတွက် အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့တွင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည်။ တိုင်းရင်းသားဒေသအသီးသီးတွင် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည့် စစ်တပ်က တိုင်းနှင့်ပြည်နယ်အလံများကို ပြည်လမ်းတစ်လျှောက် ချိတ်ဆွဲလျက်ရှိသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ပြည်ထောင်စုနေ့ပွဲပြုလုပ်ရန် ပြင်ဆင်နေပြီး စစ်တပ်က လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသည်။ အဆိုပါ ပြည်ထောင်စုနေ့ပွဲကို တိုင်းနှင့် ပြည်နယ်ခန်းမများတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်က ပြုလုပ်သည့် ယခင်ပွဲများအတိုင်း တပ်မိသားစုများကို အသုံးချကာ စည်ကားသယောင် ပြုလုပ်သွားမည်ဟု သိရသည်။ (Myanmar now) ဓာတ်ပုံ- CJ

ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်

Image
Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ် စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ယမန်နေ့ညပိုင်းတွင်  CNA-CDFက အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း CNA-CDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှစတင်၍ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ထန်တလန် ရဲစခန်းကို လုံး၀ သိမ်းပိုက်လိုက်ကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စခန်းကို လုံး၀ အပြီးအပြတ် သိမ်းပိုက်လိုက်ကြောင်း၊ လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ အမြောက် အမြား ရရှိကြောင်း သိရှိရသည်။  အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ သတင်းရေးသား ဖော်ပြနေချိန်တွင်လည်း လေကြောင်းမှ တိုက်ခိုက

#Bad_Review_for Potato Corner(Hlaetan Branch)

Image
Video ကိုအစဆုံး သေချာကြည့်ပေးကြပါ https://youtube.com/shorts/YQ9hGSJZNAY?feature=share  အကျယ်ကြည့်ရန် ဒီနေ့ လှည်းတန်း center မှာ ပါကင်ရပ်ထားရင်းနဲ့ အာလူးကြော်စားမယ်ဆိုပီး Potato corner မှာအာလူးကြော်နဲ့ cheese sausage ဆင်းဝယ်ပါတယ်  မုန့်မှာ ငွေရှင်းအပြီး အနှင်းက ဒီဘတ်မှာရပ်ပြီး order စောင့်နေတာပါ အာ့အချိန် Potato Corner မှ ဝိုင်းပြထားတဲ့ဝန်ထမ်းက  ’sausage ကို ရေခဲသေတ္တာထဲက ယူပီး သူတပ်ထားတဲ့ Face mask ကိုချွတ်လိုက်ပါတယ် နှာခေါင်းထဲက နှပ်ချီးဖတ်ကိုယူပီး အာ့sausage မှာ သုတ်လိုက်ပါတယ်ရှင် ‘’ အာ့အချိန်သူနဲ့စကားပြောနေတဲ့ ဝန်ထမ်းကောင်မလေးက ဟက် ဆိုပီး အာ့ကောင်လေးကိုတောင် ပြောလိုက်ပါသေးတယ် ။  သူလုပ်တာကိုဝန်ခံထားတာကို record သွင်းလာတာပါ  မိန်းကလေး ဖြစ်လို့ အာ့နားမှာ အခြေအတင်တွေ မဖြစ်ချင်လို့ စိတ်ကို တော်တော်လေးလျှော့ပီး ပြန်လာခဲ့ပါတယ် ။ Potato corner ကိုအသေကြိုက်တဲ့ customer ပါအကောင့်ထဲက လူတွေတောင် သိပါတယ် အမြဲဝယ်စားနေကြပါ ။ ခုလုပ်ရပ်က ရွံ့စရာကောင်းပြီး အတော်လေးအောက်တန်းစား ဆန်လွန်းပါတယ်။ (မနှင်း)

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

Image
ဘဝသံသရာ -------------- သံသရာဆိုသည်မှာ လည်ပတ်ခြင်းသဘောဖြစ်သည်။ မနေ့ကတစ်နေ့လုံး ကွန်ပျူတာသုံးရသည်မှာ တရားရစရာကောင်းလှသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်းများကြားမှ နောက်ဆုံးတွင် Facebook ကိုပါ ဖွင့်မရတော့ပါ။  အကြောင်းကြားစာတွေ တစ်ခုပြီးတစ်ခု ရောက်လာသည်။ အီးမေးလ်ကို တစ်ယောက်ယောက်ဝင်နေသည်။ Facebook ကို တစ်ယောက်ယောက်ဝင်နေသည် ဆိုသော စာတန်းတွေ ဖတ်ရပြီးနောက် Password တွေကို ပြောင်းခိုင်းနေသည်။  ကျွန်တော် Laptop နှင့် Tablet နှစ်ခုတွင် Facebook ကို သုံးပါသည်။ ယခုတစ်လော အင်တာနက်ကလည်း ဆိုးဆိုးရွားရွားကို စုတ်ပြတ်ပါသည်။ မနက်ဆိုလျှင် ကျွန်တော်က ၄ နာရီထပြီး စာရေးနေကျဖြစ်သည်။ ကိုယ်စာရေးသည့် အချိန်တွင် မီးကပျက်နေလျှင် အနေ အထားတွေက ပျက်ကုန်ပြီ။ ကျွန်တော့်ကို ဘေးအိမ်မှ အင်တာနက်ဝိုင်ဖိုင်ပေးသုံးထားသည်။ မီးပြတ်လျှင် သူ့အိမ်က ဝိုင်ဖိုင်လည်း မရတော့ပါ။ သူတို့က ကိုယ့်လိုစောစော အိပ်ရာကထသူများ မဟုတ်ကြ။ ကျွန်တော်ကတော့ မီးပြတ်လည်း အင်ဗာတာလေးကောက်ဖွင့်ပြီး စာရေးနိုင်သေးသည်။ သို့သော် အင်တာနက် လိုင်းပေါ်တက်ဖို့ အခက်တွေ့ ရသည်။ ယခုတစ်လော မီးကလည်း လာချိန်မလာ၊ မလာချိန်လည်းမလာ။ အင်ဗာတာနှင့် ဘက်ထရီ အားဝင်ရန်ပင် မနည်းကြိုးစာ

RANE အဖွဲ့ကြီး၏ ၂၀၂၃ မြန်မာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးသပ်ချက်

Image
Risk Assistance Network & Exchange သည် ကမ္ဘာပေါ်ရှိ ကုမ္ပဏီကြီး များ အတွက် ၎င်းတို့ ရင်းနှီးမြုပ်နှံလိုသည့် ဒေသများ၏ အခြေအနေ နှင့် ဖြစ်ပေါ်လာနိုင်သည်များကို လုပ်ငန်းသဘောအရ ဘက်လိုက်မှု ကင်းစွာ နှင့် အရှိကို အရှိအတိုင်း အခကြေးငွေ ယူကာ သုံးသပ်တင်ပြရသည့် အဖွဲ့ဟု လူသိများ ထင်ရှားသည်။ ယခု အဆိုပါ ဝက်ဆိုဒ် ၏ ကမ္ဘာရေးရာ များ သုံးသပ်နေသော Stratfor မှ “Two Years and Counting: The State of Myanmar’s Post-coup Conflict” ခေါင်းစဉ်ဖြင့် သုံးသပ်တင်ပြထားသည်ကို အခမဲ့ ဖတ်ရှုခွင့် ရ၍ ပြန်လည် တင်ပြလိုက်ပါသည်။ မြန်မာ စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည် မှာ နှစ် နှစ် ရှိလာပြီ ဖြစ်သော်လည်း စစ်မျက်နှာ အသီးသီး တွင် ရှေ့မတိုး နောက်မဆုတ် နိုင် ဖြစ်နေ၍ တရားဝင် မည့် အရပ်သား အစိုးရ ပုံစံမျိုး ထွက်ပေါ် မလာနိုင် ဖြစ်နေရသည်၊ ထို့အတွက် နိုင်ငံ အတွင်း ပြည်တွင်းစစ်၊ စီးပွားရေး ကျဆင်းလာမှု များ နှင့် နိုင်ငံတကာ၏ ဝိုင်းကျဉ် ထားမှု ကို ဆက်လက် ကြုံတွေ့နေရဦးမည် ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းလာခဲ့သည့် အရေးပေါ် အခြေအနေသည် ဇန်နဝါရီ ၃၁ ရက် တွင် သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၍ အများက ထိုအခြေအနေကို အခွင့်ကောင်းယူကာ အသွင်ကူးပြေ

ယူကေကို ဒီကနေ့ ရုတ်တရက် ရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး

Image
ယူကေကို ဒီကနေ့ ရုတ်တရက် ရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး က ယူကေ Dorset စစ်စခန်းမှာ Challenger 2 တင့်ကား မောင်းဖို့ သင်တန်းတက်နေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကို ယူကေ ဝန်ကြီးချုပ် ရစ်ရှီဆူးနက် နဲ့ အတူ သွားရောက် တွေ့ဆုံ ဖေဖေါ်ဝါရီ ၈ - ၂၀၂၃ ယူကေ ကနေ ယူကရိန်းကို Challenger 2 တင့်ကား ၁၄ စီးပေးဖို့ သဘောတူ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်က M1 Abrams တင့်ကား ၃၁ စီး နဲ့ ဂျာမနီက Leopard 2 တင့်ကား ၁၄v စီး ယူကရိန်းကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ သမ္မတ ဇလန်စကီး ဟာ ဒီကနေ့မှာ ပါလီမန် ခန်းမမှာ စကား ပြောကြားပြီး ဒေါင်းနင်း လမ်း အမှတ် ၁၀ ဝန်ကြီးချုပ် နေအိမ်ကို လည်း သွားရောက်ခဲ့ သလို ဘက်ကင်ဟမ် နန်းတော်မှာ ဘုရင် ချားစ် ကိုလည်း သွားရောက် တွေ့ ဆုံခဲ့ပါတယ်။  ဓါတ်ပုံ - getty

ယူကရိန်းကိုပေးမဲ့ အမေရိကန်အဝေးပစ်လက်နက်ကို လျှော့မတွက်ဖို့ ရုရှားအာကာသ အေဂျင်စီအကြီးအကဲဟောင်းက သတိပေး

Image
၈/၂ Burma News Network  ယူကရိန်းကို ပေးပို့မဲ့ အမေရိကန်စစ်လက်နက်အကူအညီအသစ်ထဲက GLSDB အဝေးပစ်ပဲ့ ထိမ်းဒုံးကျည်ဗုံးတွေဟာ အန္တရာယ်အလွန်များကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဟောင်း ဒီမီထရီ ရိုဂိုဇင်က သတိပေးပြောဆိုလိုက်ပါတယ်။  အမေရိကန်နဲ့ ဆွီဒင် ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အဆိုပါ အဝေးပစ်ဒုံးကျည်တွေဟာ ရုရှား ရေဒါတွေကို အလွယ်တကူ ရှောင်ရှားနိုင်သလို ပေါက်ကွဲစေတတ်တဲ့ ထိပ်ဖူးထုထည်ဟာ ကြီးမားတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။ တပ်ဆင်ထားတဲ့နည်းပညာအရ ရုရှားလေကြောင်းရန်ကာကွယ်ရေးရေဒါတွေအနေနဲ့ GLSDB ဒုံးကျည်ဗုံးတွေလာတာကို ကြိုတင်ထောက်လှမ်း နိုင်စွမ်းမရှိပဲ အနီးရောက်မှ သိနိုင်လိမ့်မယ်လို့လည်း ရိုဂိုဇင်က ပြောပါတယ်။  တန်ဖိုးကြီးတဲ့ လက်နက်ကြီးအခြေစိုက်စခန်းတွေ ရေဒါစခန်းတွေကို တန်ဖိုးနည်းနည်းနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်အောင် ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး တန်ဖိုးကျသင့်ငွေ ဒေါ်လာ ၄ သောင်းပဲ ရှိတာမို့ အရေအတွက် များများပေးနိုင်မဲ့အခြေအနေရှိတယ်လို့လည်း ရိုဂိုဇင်က ဆိုပါတယ်။  GLSDB ဒုံးကျည်ဗုံးကို ဘယ်စစ်မြေပြင်မှာမှ အသုံးမပြုဘူးသေးပဲ ယူကရိန်းမှာ စတင်အသုံးပြုမှာမို့ ပိုပြီး သတိထားဖို့လိုတယ်လို့လည်း ရိုဂိုဇင်က ပ

ငါလာလည်တာ ထိုင်းလား မြန်မာလားဆိုတာတောင်တွေဝေသွားစေနိုင်တဲ့ထိုင်းဆိုင်များအကြောင်း

Image
သစ်သီးဆိုင်မှာ အကူစျေးရောင်းနေတဲ့ လူငယ်တွေလဲ မြန်မာတွေ ပိုင်ရှင်ကထိုင်း အဲ့လိုမျိူး စျေးရောင်းတဲ့သူ ကအများစုရှိတယ် ဖူးခက်က seafood ဆိုင်တန်းမှာလူ ခေါ်ဆိုင်ထိုင်ခိုင်းသူတွေရဲ့ ၉၀% ကလဲ မြန်မာတွေ၊ မသိ ရင် ငါလာလည်တာ ထိုင်းလား မြန်မာလားဆိုတာ  တောင်တွေဝေသွားစေနိုင်ပါတယ် မြန်မာအလုပ်သ မားတွေဟာ ထိုင်းတွေလိုပဲ ပြောနိုင်ဆိုနိုင်တော့ အဆင် ပြေကြပါတယ် ဆိုင်ကိုရောပိုင်တာလားမေးတော့ ပိုင်တဲ့ သူရှိတယ် ဘယ်လိုပိုင်လဲဆိုတော့ အနောက်မှာနာမည်ခံ ပေးတဲ့ထိုင်းတွေရှိတယ် နာမည်ခံတာကလွဲလို့ဆိုင်ကိစ္စ ဘာမှဝင်မပါဖူး အခုလိုဝင်စစ်ချိန်မှာ ဆိုင်မှာလဲရှိနေမှာ မဟုတ်ဖူး၊ လူနဲ့နာမည်မတူတဲ့အတွက်ဖမ်းမယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ဆိုင်တွေရဲ့၂၀%လောက်ပိတ်သိမ်း ရပါလိမ့်မယ်၊ အခုလုပ်နေတဲ့စီမံချက်က ဟန်ပြလောက် ပဲဖြစ်မှာပါ ထိုင်းတွေက တလ ဘတ်၅၀၀၀-၁၀၀၀၀ လောက်ပဲရတဲ့အလုပ်တွေမလုပ်ကြတော့တာကြာပါပြီ ပြီးခဲ့တဲ့လထဲမှာမဲဆောက်စျေးထဲကွမ်းယာဆိုင်ပါမကျန် ဝင်ဖမ်းခဲ့ပါသေးတယ် ရာဇဝတ်အလုပ်တွေမဟုတ်လို့ အထက်ကချပေးတဲ့စီမံချက်ကို လုပ်ပြီးပြီဆိုတာသက် သေပြရုံလောက်ပါပဲ မိသူတွေကကံဆိုးသူတွေလို့ပဲ ကောက်ချက်လဲချမရပါဖူး ပိုက်ဆံပေး နောက်ကျပြန် ဖွင့် ပါပဲ ဒီနေရာဒီလုပ်ငန

အာဏာသိမ်း (၂)နှစ်အတွင်း စကစ တပ်သား (၃၂,၀၂၀)ယောက် သေဆုံး

Image
  ၂၀၂၁ ------ ဖေဖော်ဝါရီ (၃)ယောက် မတ် ဧပြီ မေ (၅၄၁)ယောက် ဇွန် ဇူလိုင် ဩဂတ် (၁,၇၁၀)ယောက် ခုခံစစ်ပထမလ စက် (၁၅၆၂)ယောက် ခုခံစစ်ဒုတိယလ အောက်(၁၉၇၄)ယောက် ခုခံစစ်တတိယလ နို (၂၁၁၇)ယောက် ခုခံစစ်စတုတ္ထလ ဒီ (၂၃၇၇)ယောက် --------------------------- စုစုပေါင်း သေဆုံးသူ = (၁၀,၂၈၄)ယောက် ၂၀၂၂ ----- ၂၀၂၂ ဇန္နဝါရီလ ( ၁,၆၈၆ ) ယောက် ၂၀၂၂ ဖေဖော်ဝါရီ ( ၁,၃၅၀ ) ယောက် ၂၀၂၂ မတ်လ ( ၁,၇၃၀ ) ယောက် ၂၀၂၂ ဧပြီလ ( ၁,၉၂၈ ) ယောက် ၂၀၂၂ မေလ ( ၂,၀၂၂ ) ယောက် ၂၀၂၂ ဇွန်လ ( ၁,၉၄၀ ) ယောက် ၂၀၂၂ ဇူလိုင် ( ၁,၇၃၃ ) ယောက် ၂၀၂၂ ဩဂတ် ( ၁,၈၅၄ ) ယောက် ၂၀၂၂ စက်တင်ဘာ ( ၁,၅၄၃ ) ယောက် ၂၀၂၂ အောက်တိုဘာ( ၁,၅၂၀ )ယောက် ၂၀၂၂ နိုဝင်ဘာ ( ၁,၅၉၄ ) ယောက် ၂၀၂၂ ဒီဇင်ဘာ ( ၁,၃၁၆ ) ယောက် ------------------------------- စုစုပေါင်း သေဆုံးသူ ( ၂၀,၂၁၆ ) ယောက် ၂၀၂၁ ခုနှစ် = (၁၀,၂၈၄) ယောက် ၂၀၂၂ ခုနှစ် = (၂၀,၂၁၆) ယောက် ၂၀၂၃ ဇန္နဝါရီ = (၁,၅၂၀) ယောက် ------------------------- စုစုပေါင်း = (၃၂,

နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံ ရဲဘက် စခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သွားကြောင်း အကျဥ်း ဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကုန်းစံ ရဲဘက် အကျဉ်းစခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်သည် မေးစေ့ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ မိမိကိုယ့်ကိုကို သေကြောင်း ကြံစည် သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနက ကုန်းစံ ရဲဘက်အကျဉ်းစခန်းထံမှ စိုက်ပျိုးသီးနှံကြံထွက်ကုန်များ မျှော်မှန်းသည့်အတိုင်း မထွက်၍  ထောင်ပိုင်အနေဖြင့် ကြံ တန် ၁၀၀၀ ပေးလျှော်ရမည်ဟု အမိန့် ပေးညွှန်ကြားလာကြောင်း၊ တပ်မှ ပြောင်းလာသည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးက  ရဲဘက် စခန်းသို့ လာရောက်၍ လျှော်ကြေးအတွက် လာရောက်တွေ့ဆုံ ဖိအားပေးရန် ကြိုးစားစဉ် ထောင်ပိုင် ဦးဝင်းမြင့်ဇော်ကို အတွေ့ မခံဘဲ သေကြောင်းကြံစည်သွားခြင်းဖြစ်​ကြောင်း သိရသည်။  "ရာသီဥတုဖောက်တာနဲ့ ရဲဘက် စခန်းမှာ ခိုင်းစေဖို့ လုပ်သားမရှိတော့ဘူး။ ရဲဘက်စခန်းမှာ အကျဉ်

မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေ

Image
CJ Platform မောင်းသူမဲ့ တိုက်လေယာဉ်ငယ် တည်ဆောက်မှု နည်းပညာများကို လိုအပ်သည့်နေရာများ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်နေကြောင်း People’s Voice မှ မအေးဘုံက CJ Platform သို့ပြောကြားသည်။ “နည်းပညာနဲ့ Drone များကို လိုအပ်တဲ့ နေရာတွေကိုပါ ဖြန့်ဝေနိုင်ဖို့အတွက် စီစဉ်နေပါတယ်၊ အဲ့အတွက် ထောက်ပို့ငွေ လိုအပ်တဲ့အတွက် ပြည်သူတွေကို ချပြပြီး ကောက်ခံဖို့ လုပ်နေပါတယ်” ဟု မအေးဘုံက ပြောကြားသည်။ မောင်းသူမဲ့ တိုက်လေယာဉ်ငယ်များကို ၂၀၂၂ ခုနှစ် မေ လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလတွင် ထောက်လှန်းခြင်း ၊ သတင်းယူခြင်း၊ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ “လေယာဉ်ငယ်အတွက် ဗုံးသီးကိုလဲ ကိုယ်တိုင်ထုတ်လုပ်တာပါ၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေပြီးတော့ စစ်ဆင်ရေးပျံသန်းမှုပေါင်း ၁၀၀ နီးပါးရှိပြီ” ဟု မအေးဘုံက ပြောကြားသည်။ ပြည်တွင်းထုတ် မောင်းသူမဲ့ တိုက်လေယာဉ်ငယ် (G3) ထုတ်လုပ်ရေးအဖွဲ့သည် စတင်ဖွဲ့စည်းချိန်က စတင်ကာ သိုသိပ်စွာ လုပ်ဆောင်ခဲ့သည့်အပြင် နီးစပ်ရာအကူအညီအချို့ဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ငွေကြေးအခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။ အဆိုပါ တိုက်လေယာဉ်ငယ်များသည် စစ်ကောင် စီ၏ ဂျန်ပ

EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး

Image
RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့နဲ့ လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုး (၇) ဖွဲ့ ပူးပေါင်းတွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ့ဟာ ဒီကနေ့မနက် ၉နာရီကနေ ၁၂နာရီ အထိ အလွတ်သဘော ဆွေးနွေးခဲ့တာပါ။ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။  “အတူတကွ ဆွေးနွေးမယ်။ အတူတကွဆိုတာ ၇ဖွဲ့ပေါင်းပြီးဆွေးနွေးမယ်။ အဲဒါက အဓိကပါပဲ။ နောက်ပိုင်း ကျနော်တို့ တစ်ဆင့်ပြီး တစ်ဆင့်၊ ဖက်ဒရယ်အရေး၊ လုံခြုံရေး၊ ကျနော်တို့ တဖြည်းဖြည်းစဉ်ဆက်မပြတ် ဆွေးနွေးမှုတွေကို တက်လှမ်းသွားဖို့ဆိုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ချတယ်ဗျ။”  NCA လက်မှ

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ၊ မိုးဗြဲ - ပီကင်းလမ်းကို မိုးဗြဲ PDF ပိတ်ထား

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက်က ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညနေ ၃ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲမြို့ကနေ ပီကင်းရွာကို သွားတဲ့ လမ်းပိုင်းကိုပါ ပိတ်ထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကောင်စီတပ်ဖွဲ့နဲ့က ကျနော်တို့ နီးနီးကပ်ကပ်ပဲ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ညအထိဖြစ်နိုင်တယ်။ အခုက စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အသေးစားထိခိုက်တာ တစ်ယောက်၊ နှစ်ယောက်တော့ရှိထားတယ် ” စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ညကတည်းက လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့နေရာအနှံ့ကို တင့်ကား တစ်စီးအပါအဝင် အင်အားတစ်ရာနီးပါး ထပ်ဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေကတော့ အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ

ဖက်ဒရယ်အရေးလက်တွဲဆောင်ရွက်ကြရန် SSPP နှင့် NMSP တို့ကို ယာယီသမ္မတကြီး ဖိတ်ခေါ်

Image
သတင်း   ပြည်တွင်း  By  ရွှေနွယ်  07 February 2023 မဇ္ဈိမ။   ။ဖက်ဒရယ်ဒီမိုကရေစီကပြည်ထောင်စုတည်ဆောက်ရေး   အတူလက်တွဲဆောင်ရွက်ကြရန်   ရှမ်းပြည်တိုးတက်ရေးပါတီ  (SSPP) နှင့်   မွန်ပြည်သစ်ပါတီ  (NMSP) တို့ကို   အမြဲဖိတ်ခေါ်လျက်ရှိကြောင်း  NUG  ၏   ယာယီသမ္မတကြီးက   ပြောကြားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ၏   ၅ / ၂၀၂၃   အစိုးရအဖွဲ့အစည်းအဝေးတွင်   ယာယီသမ္မတကြီး   ဒူဝါလရှီးလက   ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “ ဖေဖော်ဝါရီလ   ၃   ရက်နေ့မှာ   ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ထုတ်ပြန်ချက်အရ   ဒီမိုကရေစီနဲ့   ဖက်ဒရယ်ကိုလိုလားတဲ့အင်အားစုတွေနဲ့   လက်တွဲချိတ်ဆက်မယ့်အကြောင်းထုတ်ပြန်ခဲ့ပြီး   တဆက်တည်း   မှာပဲ   မွန်ပြည်သစ်ပါတီမှ  ( ၇၆ ) ကြိမ်မြောက်   မွန်အမျိုးသားနေ့မှာ   ထုတ်ပြန်ခဲ့တဲ့   ထုတ်ပြန်ချက်တွေကို   အသိအမှတ်ပြုလျက် တိုင်းပြည်ရဲ့   အနာဂတ်ဖက်ဒရယ်အရေးအတွက်   အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို   မိမိတို့အစိုးရအနေဖြင့်   အမြဲဖိတ်ခေါ်လျက်ရှိပါတယ် ”  ဟု   ယာယီသမ္မတကြီးကပြောသည်။ မွန်ပြည်သစ်ပါတီ (NMSP) က   ဖေဖော်ဝါရီလ   ၅   ရက်နေ့တွင်ကျရောက်ခဲ့သော  ( ၇၆ )  ကြိမ်မြောက်   မွန်   အမျိုးသားနေ့တွင်   ထုတ်ပ