ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်

Breaking News- စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ၊ လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ခေတ်သစ်
စစ်အုပ်ချုပ်ရေး ကြေညာထားသော ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ယမန်နေ့ညပိုင်းတွင်  CNA-CDFက အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း CNA-CDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှစတင်၍ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ထန်တလန် ရဲစခန်းကို လုံး၀ သိမ်းပိုက်လိုက်ကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးပြီး စခန်းကို လုံး၀ အပြီးအပြတ် သိမ်းပိုက်လိုက်ကြောင်း၊ လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများ အမြောက် အမြား ရရှိကြောင်း သိရှိရသည်။ 
အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး လက်ရှိ သတင်းရေးသား ဖော်ပြနေချိန်တွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း သိရှိရသည်။ 
ရန်ကုန်ခေတ်သစ်အနေဖြင့် ထန်တလန်မြို့နယ် CNA-CDF အဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးစားလျက်ရှိပြီး သက်ဆိုင်ရာ အဖွဲ့က ထုတ်ပြန်လာမည့် တရားဝင် အတည်ပြုချက်ကို ရရှိရန် ကြိုးစားလျက်ရှိသည်။ 
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ရှိ ထန်တလန် မြို့နယ် အပါအဝင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။




Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "