မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ၊ မိုးဗြဲ - ပီကင်းလမ်းကို မိုးဗြဲ PDF ပိတ်ထား

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းက စက်တော်ရာတောင်အနီးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် မနက်က ၉ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ညနေ ၃ နာရီကျော်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲမြို့ကနေ ပီကင်းရွာကို သွားတဲ့ လမ်းပိုင်းကိုပါ ပိတ်ထားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။“စစ်ကောင်စီတပ်ဖွဲ့နဲ့က ကျနော်တို့ နီးနီးကပ်ကပ်ပဲ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲက ညအထိဖြစ်နိုင်တယ်။ အခုက စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်ထားတယ်။ စစ်တပ်ဘက်က ထိခိုက်မှုများနိုင်တယ်။ ကျနော်တို့ ဘက်ကလည်း အသေးစားထိခိုက်တာ တစ်ယောက်၊ နှစ်ယောက်တော့ရှိထားတယ် ”စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ညကတည်းက လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့နေရာအနှံ့ကို တင့်ကား တစ်စီးအပါအဝင် အင်အားတစ်ရာနီးပါး ထပ်ဖြည့်ထားလို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်လိုက်တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေကတော့ အရင်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဟာ ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် အဲဒီမြို့တွေနဲ့နီးတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံကတော့ မပါဝင်ပါဘူး။

ဒါပေမဲ့ လွိုင်ကော်အပါအဝင် နေရာအချို့မှာ နယ်မြေတည်ငြိမ်းရေး ဆက်လက် ဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားတာကြောင့် လွိုင်ကော်နဲ့နီးတဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "