နောင်ချိုမြို့နယ်၊ ကုန်းစံ ရဲဘက် အကျဉ်းစခန်းမှ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သတ်သေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကုန်းစံ ရဲဘက် စခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော် ပစ္စတိုဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သွားကြောင်း အကျဥ်း ဦးစီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကုန်းစံ ရဲဘက် အကျဉ်းစခန်း တာဝန်ခံ ထောင်ပိုင် ဦးစီးအရာရှိ ဦးဝင်းမြင့်ဇော်သည် မေးစေ့ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ကာ မိမိကိုယ့်ကိုကို သေကြောင်း ကြံစည် သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ကုန်းစံ ရဲဘက်အကျဉ်းစခန်းထံမှ စိုက်ပျိုးသီးနှံကြံထွက်ကုန်များ မျှော်မှန်းသည့်အတိုင်း မထွက်၍  ထောင်ပိုင်အနေဖြင့် ကြံ တန် ၁၀၀၀ ပေးလျှော်ရမည်ဟု အမိန့် ပေးညွှန်ကြားလာကြောင်း၊ တပ်မှ ပြောင်းလာသည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးဟောင်း ကျော်ကျော်ဦးက  ရဲဘက် စခန်းသို့ လာရောက်၍ လျှော်ကြေးအတွက် လာရောက်တွေ့ဆုံ ဖိအားပေးရန် ကြိုးစားစဉ် ထောင်ပိုင် ဦးဝင်းမြင့်ဇော်ကို အတွေ့ မခံဘဲ သေကြောင်းကြံစည်သွားခြင်းဖြစ်​ကြောင်း သိရသည်။ 
"ရာသီဥတုဖောက်တာနဲ့ ရဲဘက် စခန်းမှာ ခိုင်းစေဖို့ လုပ်သားမရှိတော့ဘူး။ ရဲဘက်စခန်းမှာ အကျဉ်းသား နည်းပါးပြီး လွတ်ငြိမ်းနဲ့ လွတ်ကုန်လို့ ကြံအထွက် မကောင်းတာကို ထောင်ပိုင်က ကြံ တန် ၁၀၀၀ ပေးလျော်ဖို့ ပြည်ထဲရေးက ဆုံးဖြတ်တယ်။ အဲဒါ အကျဉ်းဦးစီး ညွန်မှူး တပ်က ပြောင်းလာတဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဦးက ရဲဘက်စခန်းကို လာရောက်တယ်။ နောက်ပြီးညွှန်မှူးက ထောင်ပိုင်ကို ခေါ်တွေ့တာကို အတွေ့ မခံဘဲ သူ့ကိုယ့်သူ သတ်သေသွားတာပါ" ဟု အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊  အကျဥ်းဦးစီး လက်အောက်ရှိ ရဲဘက်စခန်း များသည်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို  ဆက်ကြေးပေး၍ ရပ်တည်နေရခြင်းဖြစ်ကြောင်း၊  စစ်ကောင်စီကလည်း အခြားတစ်ဖက်တွင်လည်း ၎င်းတို့လိုချင်သည့် ရလဒ်များ ရရှိစေရေး ဖိအားပေး ခိုင်းစေခြင်းများကြောင့် မြေပြင်၌ အခက်အခဲဖြစ်နေကြောင်း အကျဥ်း ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက​ ဆက်လက်ပြောဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ပျိုးရသည့် အကျဥ်းစခန်း ၅ ခု ရှိပြီး လွင်ကြီးစခန်း၊ ဂယ်လောင်းစခန်း၊ ဟိုခိုစခန်း၊ ကျူအင်းစခန်းနှင့် ကုန်းစံစခန်း တို့ဖြစ်ကြောင်း သိရသည်။


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော