Posts

Showing posts from January 30, 2023

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

Image
ဩစီရောက် ၈၈မျိူးဆက် ကိုမောင်မောင်သန်းနှင့် အဖွဲ့က ရဲများကဆွဲခေါ်ဖယ်ရှားသည့်ကြားမှပင် မြန်မာပြည်တွင်ပြည်သူကိုဖမ်းဆီး သတ်ဖြတ် နေသည့်စစ်မိစ္ဆာ၏ကိုယ်စားပြုစစ်သံရုံးတံခါးရှေ့ တွင်သံကြိုးဖြင့်ခတ်ပြီးလူဝိတ်ဖြင့်ပိတ်ဆို့ထားသဖြင့် စစ်ခွေးများဝင်မရ၍ ရဲခေါ်သဖြင့် ကိုမောင်မောင်သန်း တို့အားဖယ်ရှားနိုင်သော်လဲ ခတ်ထားသောသံကြိုး အားဖြတ်တောက်မရ၍ ဖမ်းဆီးခြင်းမခံခဲ့ရပါ ဓါတ်ပုံ ( ကိုမောင်မောင်သန်း ) မီဒီယာများဆင်ဆာပြုလုပ်ရန်မလိုပဲလွတ်လပ်စွာအသုံးပြု နိုင်ပါသည်၊)

မြန်မာစစ်တပ် ရှေ့လျောက် ညီညွတ်နေဦးမည်လော

Image
ဘာတေး လစ်တနာ - လုံခြုံရေး တင်းကျပ်လာမှု ကြောင့်  စစ်တပ်မှ ထွက်ပြေးခိုလှုံလာသူ အရည်အတွက် သိသိသာသာ ကျဆင်းလာခဲ့သည်ဟု ပြည်သူ့ရင်ခွင် မှ စာရင်းထုတ်ပြန်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၉၆၂ ခုနှစ်ကတည်းက အာဏာကို (လူထုကို နည်းနည်းလေးမျှပင် အားနာရ ကောင်းမှန်း မသိပဲ) တောက်လျှောက် ဆုပ်ကိုင်လာခဲ့သည့် စစ်တပ်သည် ဆက်၍ အောင်မြင်ဦးမည်လောဟု ၂၀၂၃ ခုနှစ်တွင် မေးရဖို့ ဖြစ်လာသည်ဟူသော ဘာတေး လစ်တနာ၏ ဆောင်းပါး ဧရာဝတီတွင် ပါရှိလာခဲ့သည်။ စစ်တပ်ထဲ တွင် ဖြုတ်ထုတ် ချောင်ထိုး သန့်စင်မှုများ အမြဲလို ရှိနေသော်လည်း နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်များ ‌ပေးသည့် အမိန့်သည် မည်မျှပင် လူမဆန် ရက်စက်ကြမ်းကြုပ် နေစေကာမူ အောက်‌‌ ခြေ စစ်သားကအစ တသွေမတိမ်း လိုက်နာကြခြင်း ဖြင့် ညီညွတ်နေကြစမြဲ ဖြစ်သည်။ လက်ရှိ အနေအထားသည် ယခင်ကလို ဖြစ်လာတော့မည် မဟုတ်ဟု ပြောရဖို့ ဖြစ်လာသည်။ ဤသည်ကလည်း မင်းအောင်လှိုင် နှင့် သူ့အနား ခစားနေ‌ကြသော ဗိုလ်ချုပ်ကြီးများ၏ မည်သို့မျှ သုံးစားမရသည့် sheer incompetence ကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ် နှစ် မှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများ၏ လမ်းမများ ပေါ်သို့ တင့်ကားများ၊ လက်နက်ကိုင် စစ်သားမျ

ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ဟောပြောပွဲ ဒေါ်ဇင်မာအောင် ဦးရည်မွန်...

Image
ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲ #ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ) #ဦးရည်မွန် (ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ) #ဦးမင်းကိုနိုင် (၁၉၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်

လမ်းရွေးခိုင်းထားပြီ ဖြစ်သော လင်းယုန်ကြီး

Image
၂၀၂၅   လောက်မှာ  US  က   တျုတ်နဲ့   စစ်ဖြစ်နိုင်ကြောင်း   ပြောထားပါတယ်   ဘေဂျင်းကို   အပြု တ်နှံမယ်ဆိုတာ  Mind  Game  အရမဟုတ်ရင်   ဖြစ်လာနိုင်သော   ထိုင်၀မ် စစ်ပါ၊   ဒါကြောင့်   သူ့ကို  support  မည့်   ရုရှား   အီရန်ကို   အရင်   စ ဖြိုနေပြီး   မြောက်ပါ   ငြိမ်အောင်   လုပ်ထားမှာ   အသေချာပါ ဒါ့အပြင်   နေတိုးမဟာမိတ်‌ပါအားမရပဲ   အာရှနေတိုးပါ   ထပ်ချဲ့   ဂျပန်   တောင်ကိုရီးယားပါ   ပတ်ချုပ်ထားရုံမက   အာဆန်ထဲက   ဖိလစ်ပိုင်နဲ့   အင်ဒိုမှာလည်း  US  စစ်အခြေဆိုက်စခန်းတွေ   လုပ်နေတာ   တွေ့ရတယ် ရှီကျင့်ဖျင်ဟာ   ဖွဲ့စည်းပုံပြောင်း   တသက်တာအာဏာ ရှင်အဖြစ်   လုယူထားတဲ့   သူ့အာဏာအတွက်   ပြန်မ လှန်နိုင်အောင်နဲ့  ( ပြည်သူဟာ   အရင်သမ္မတပုံစံ   စနစ်ပဲ   လက်ခံကြိုက်သည် ) ကမ္ဘာ ကိုဗစ်   တရားခံ   လျော်ကြေးပေးမှုမှနေ   ကင်းလွတ်ခွင့်ရအောင်   တမင်   ကိုကိုဗစ် အဖြစ်ခံ   မွေးမြူထားပြီး   ဖန်တီး လုပ်ဆောင်   အကွက်ရွေ့နေသလားဆိုတာ   သံသယဖြစ်ဖွယ်ပါ အကြောင်းက   ခုလို   ပြည်သူ   ၈၀ %  ကူးစပ်နေတယ်ဟု   ၀န်ခံပြောဆိုထားတာတောင်   အရင်လို   ဆေးရုံတွေ   ဆောက်လုပ်   ကုသခြင်းအလျင်းမရှိပဲ   သာမန်လုပ် ဆောင်နေမှုလောက်နဲ့   မ

မအလလက်နက်ကိုင်အစောင့်ထားတဲ့တဆူတည်းသောပုဂံဘုရား

Image
၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။ ၁၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။ ဘုရားပုထိုးပေါင်း ထောင်ချီရှိသည့် ပုဂံတွင် ထီးလိုမင်းလိုဘုရားတစ်ဆူတည်းသာ လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်မှာ ထူးဆန်းသော်လည်း အကြောင်းရင်း ရှိနေသည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီက ထီးတင်ခဲ့သော ဘုရားဖြစ်နေခြင်းပင်။ ထီးနန်းအရိုက်အရာနှင့် ပတ်သက်၍ အတိတ်နိမိတ်ကောင်းရှိသည်ဟု ယူဆကြသည့် ထီးလိုမင်းလို ဘုရားကို မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ထီးတော်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လှုပ် ခတ်ခဲ့သောငလျင်ဒဏ်ကြောင့်

Breaking News- ပြင်ဦးလွင် တပ်မတော်ဆက်သွယ်ရေး သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို စစ်သည်တစ်ဦးက သေ နတ် ဖြင့် ပစ်ခတ် သတ်ဖြတ် ၊ တပ်တွင်း ပုန်ကန်မှု ဖြစ်၍ သတင်း အမှောင်ချ ပိတ်ဆို့

Image
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရန်ကုန်ခေတ်သစ် မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင် တန်း ကျောင်းမှ ဒုတိ ယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ် လိုက် ကြောင်း စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။  ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊  ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်း သေသွားခဲ့ကြောင်း သိရှိရသည်။  ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး တက္ကသိုလ်(ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊  ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်း ကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။  "ဒုဗိုလ်မှူးကြီး ကျော်စိုးအောင် က တန်းစီစကားပြော အပြီးမှာ  ဒုတပ်ကြပ်က မောင်းတ

တကြော့ပြန့် ဖက်ဆစ်ဝါဒ

Image
အမေရိကန် ကနေဒါ အပါအဝင် ဥရောပ နိုင်ငံတွေဟာ ဖက်ဒရယ်ပြည်ထောင်စု ခေတ်ကိုဒီမိုကရေစီနဲ့လူ့အခွင့်အရေး စံနူန်းတွေမွန်းမံပြင်ဆင်ရင်းအမျိုးသား ရေးဝါဒ မပါချီတက်ဖို့ကျိူးစားနေကြ တယ် အဂ်လန်ဝန်ကြီးချူပ်ကအိန္ဒိယ လူမျိူးပါ ဂျာမဏီနိုင်ငံဆိုရင်အခုအချိန်မှာ နာဇီဝါဒသမားတွေခေါင်းထောင်လာ လို့နှိမ်နင်းနေရချိန်ဖြစ်တယ် ဂျပန်ကတော့အဲ့စိတ်ရှိတာမတွေ့ရတော့ဖူး၊ အမျိူးသားရေးကိုအခြေခံတဲ့နယ်မြေ သိမ်းပွဲတွေခေါင်းထောင်လာပြန်ပြီ ရုရှားအများစုနေတဲ့ဆိုဗိယက်မှာနယ်သိမ်းပွဲ တွေစလာပြီ တရုတ်ကလဲ ထိုင်ဝမ် ကိုမျက်စောင်းတထိုးထိုး၊ မအလ ကတရုတ်နဲ့ရုရှားကို အားကိုးယုံ သက်သက်မဟုတ်ဖူး အားပါကျတာ ရှေးခေတ်ကနယ်တကာပတ်ပြီးရန်ဖြစ် တတ်တဲ့ဗမာမင်းတွေရဲ့ဝိညာဉ်သူ့ဆီမှာပူး ကပ်နေသလိုလို စစ်ဘုရင်ရူးရူးနေတာ မသိဖူး သိမ်းမယ် သတ်မယ်ဆိုတဲ့အတွေးနဲ့  ပါတ်ကြမ်း ပတ်ရမ်းနေတာပါ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကသူတို့ အတွက်အဆင်မပြေဖူးလေ၊ ခရိုနီတွေကလဲဇီးသီးဗန်းမှောက်ကျလာ အောင်မြှောက်ပေးခဲ့ကြတယ်၊ ဖိလစ်ပိုင်လိုဘာသာရေးနွယ်တဲ့ပြည်တွင်းစစ်ကို ဆွေးနွေးခြင်းအားဖြင့်အဆုံးသတ်တာမျိူးလဲ မအလနဲ့လူမျိူးရေးအစွန်းရောက်တွေဟာ ဆန္ဒလုံးဝမရှိဖူး သူတကွက်မှားတာကဗမာတွေကိုလျှော့ တွက်လိုက်မိခဲ

အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအပေါ် ဖိအားပေးမှုတွေ တိုးလာ

Image
ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၃၀ ရက် လွန်ခဲ့တဲ့နှစ်နှစ်က ရွေးကောက်ခံအစိုးရတစ်ရပ်ထံကနေ အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ကို သင့် လျော်သော တုံ့ပြန်မှုတစ်ခု လုပ်ဆောင်ဖို့ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင် ငံအပေါ် ဖိအားတွေ ပေးနေပါတယ်။   မြန်မာ့အရေး ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားတာ ဘုံသဘောတူညီချက်ငါးရပ်အဖြစ် လူသိများတဲ့ အာဆီယံငြိမ်းချမ်းရေး စီမံချက်ကို ထိထိရောက်ရောက် ပယ်ဖျက်ခဲ့ပေမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအတွက် မြန်မာစစ်တပ် အကြီးအကဲ မင်းအောင်လှိုင်ကို ပြင်းထန်တဲ့အရေးယူမှုပြုလုပ်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားဉီးဆောင်တဲ့ အာ ဆီယံအဖွဲ့ဝင်ကိုးနိုင်ငံကို မြန်မာစစ်ကောင်စီက စမ်းသပ်ခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ဖူးလို့ ဖနောင်ပင်မြို့ တော်အခြေစိုက် Risk Analysis & Resources International မှ ညွှန်ကြားရေးမှူး ရော့စ်မီလိုဆီဗစ်က ပြောပါ တယ်။   အာဆီယံအဖွဲ့က အမြဲတမ်းဆိုသလို အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ မူဝါဒကျင့်သုံးခဲ့ ပေမယ့် ဒီအစီအစဉ်က မအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။