စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ ရုပ်ကလာပ် စစ်တပ်လက်ထဲမှ ပြန်ရရေး တပည့်များစောင့်ဆိုင်းနေ Myanmar Now ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ ဆရာတော်ကြီးနှင့် နီးစပ်သည့် ပဲခူးဒေသခံတစ်ဦးက “မန္တလေးလေဆိပ်မှာ ဖြစ်တာ။ တံတားဦးလေဆိပ်ကနေ ကားနဲ့ လေဆိပ်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာ ရဲကင်းရှိတာကို ဆရာတော်မောင်းတဲ့သူက မသိဘူးပေါ့နော်။ ရဲက တားတာကို ရပ်မပေးဘဲနဲ့ ဖြတ်မောင်းသလို ဖြစ်သွားလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်တာ ဆရာတော်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ဆိုသည်။ ဆရာတော်နှင့်အတူ ပါလာသည့် ဦးဇင်းတစ်ပါးလည်း သေနတ်ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီ...
Comments