မအလလက်နက်ကိုင်အစောင့်ထားတဲ့တဆူတည်းသောပုဂံဘုရား

၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


၁၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


ဘုရားပုထိုးပေါင်း ထောင်ချီရှိသည့် ပုဂံတွင် ထီးလိုမင်းလိုဘုရားတစ်ဆူတည်းသာ လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်မှာ ထူးဆန်းသော်လည်း အကြောင်းရင်း ရှိနေသည်။


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီက ထီးတင်ခဲ့သော ဘုရားဖြစ်နေခြင်းပင်။


ထီးနန်းအရိုက်အရာနှင့် ပတ်သက်၍ အတိတ်နိမိတ်ကောင်းရှိသည်ဟု ယူဆကြသည့် ထီးလိုမင်းလို ဘုရားကို မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ထီးတော်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လှုပ် ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဘုရားများအနက် ထီးလို မင်းလို ဘုရားကိုရွေးကာ ထီးတင်ခဲ့ခြင်းဖြစ်သည်။


ဘုရားအမည်ကိုယ်၌က ထီးလိုမင်းလိုဟု ကျော်ကြားသည်။ ပုဂံမင်းဆက်တွင် ထင်ရှားသည့် နရပတိ စည်သူမင်း၏ သားတော်တစ်ပါးဖြစ်သော ဇေယျသိင်္ခမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရပြီး နောက် တည်ခဲ့သောဘုရားဖြစ်သည်။ အငယ်ဆုံးသားကို ထီးနန်းဆက်ခံစေရာ၌ ကျန်သားတော်များ ကြည်ဖြူလက်ခံစေရေး အဓိဌာန်ဖြင့် ထီးဖြူစိုက် အဆုံးအဖြတ်ယူသည့်နေရာတွင် ဘုရားတည်ခဲ့ ခြင်းဖြစ်သည်။ ထီးလိုမင်းလိုဘုရားကို နန်းတောင်းများမင်းခေါ် ဇေယျသိင်္ခမင်းက အေဒီ ၁၂၁၁ တွင် တည်ခဲ့သည်။


သမ္မတရူး ရူးနေသည့် စစ်ခေါင်းဆောင်က အာဏာမသိမ်းမီကပင် ယတြာချေသည့်အနေဖြင့် ထီးလို မင်းလို ဘုရားကို ထီးတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အသက် ၅၀ ကျော်အရွယ် ပုဂံဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။


“ထီးလိုမင်းလိုဘုရားနာမည်က ရှင်းပါတယ်။ ထီးနန်းလိုချင် မင်းဖြစ်တဲ့ ဘုရင်တည်ခဲ့တာကို သူက ထီးတော် ထပ်တင်တာဆိုတော့ သမ္မတဖြစ်ချင်တယ်၊ အာဏာရချင်တဲ့အချက်က ထင်ရှားပါတယ်”


source-Myanmar Now







Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ