မအလလက်နက်ကိုင်အစောင့်ထားတဲ့တဆူတည်းသောပုဂံဘုရား

၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


၁၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။


ဘုရားပုထိုးပေါင်း ထောင်ချီရှိသည့် ပုဂံတွင် ထီးလိုမင်းလိုဘုရားတစ်ဆူတည်းသာ လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်မှာ ထူးဆန်းသော်လည်း အကြောင်းရင်း ရှိနေသည်။


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီက ထီးတင်ခဲ့သော ဘုရားဖြစ်နေခြင်းပင်။


ထီးနန်းအရိုက်အရာနှင့် ပတ်သက်၍ အတိတ်နိမိတ်ကောင်းရှိသည်ဟု ယူဆကြသည့် ထီးလိုမင်းလို ဘုရားကို မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ထီးတော်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လှုပ် ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဘုရားများအနက် ထီးလို မင်းလို ဘုရားကိုရွေးကာ ထီးတင်ခဲ့ခြင်းဖြစ်သည်။


ဘုရားအမည်ကိုယ်၌က ထီးလိုမင်းလိုဟု ကျော်ကြားသည်။ ပုဂံမင်းဆက်တွင် ထင်ရှားသည့် နရပတိ စည်သူမင်း၏ သားတော်တစ်ပါးဖြစ်သော ဇေယျသိင်္ခမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရပြီး နောက် တည်ခဲ့သောဘုရားဖြစ်သည်။ အငယ်ဆုံးသားကို ထီးနန်းဆက်ခံစေရာ၌ ကျန်သားတော်များ ကြည်ဖြူလက်ခံစေရေး အဓိဌာန်ဖြင့် ထီးဖြူစိုက် အဆုံးအဖြတ်ယူသည့်နေရာတွင် ဘုရားတည်ခဲ့ ခြင်းဖြစ်သည်။ ထီးလိုမင်းလိုဘုရားကို နန်းတောင်းများမင်းခေါ် ဇေယျသိင်္ခမင်းက အေဒီ ၁၂၁၁ တွင် တည်ခဲ့သည်။


သမ္မတရူး ရူးနေသည့် စစ်ခေါင်းဆောင်က အာဏာမသိမ်းမီကပင် ယတြာချေသည့်အနေဖြင့် ထီးလို မင်းလို ဘုရားကို ထီးတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အသက် ၅၀ ကျော်အရွယ် ပုဂံဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။


“ထီးလိုမင်းလိုဘုရားနာမည်က ရှင်းပါတယ်။ ထီးနန်းလိုချင် မင်းဖြစ်တဲ့ ဘုရင်တည်ခဲ့တာကို သူက ထီးတော် ထပ်တင်တာဆိုတော့ သမ္မတဖြစ်ချင်တယ်၊ အာဏာရချင်တဲ့အချက်က ထင်ရှားပါတယ်”


source-Myanmar Now







Comments

Popular posts from this blog

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

၅၆ ၅၇ လမ်း ကြား မနော်ဟရီလမ်း‌ ပေါ် စစ်ကားနဲ့ဖြတ်တိုက် ဆိုင်ကယ်မောင်းသူ ၃ဦး အရေးပေါ်အခြေအနေပါ ၂ယောက်စိုးရိမ်ရပါတယ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

သပွတ်အူနိုင်ငံတော်

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ