ဝါရှင်တန်မှာ NUG ရုံးခန်းဖွင့်ပြီးချိန် တိုင်းရင်းသားလက်နက်ကိုင်တချို့ကို တရုတ်တွေ့ဆုံ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ NUG က ရုံးခန်းဖွင့်လှစ်ပြီးတဲ့နောက်မှာ တရုတ်က သူနဲ့ ဆက်စပ်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့နဲ့တွေ့ဆုံနေတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းကစလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့ တိုင်းရင်းလက်နက်ကိုင် ကိုယ်စားလှယ်အချို့ယူနန်ပြည်နယ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားနယ်မြေတွေမှာ တွေ့ဆုံနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အဖွဲ့ ၄ဖွဲ့လောက်နဲ့တွေ့ပြီးပြီလို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။ NUG က အမေရိကန်မှာ ရုံးခွဲဖွင့်တဲ့ကိစ္စအပေါ်လည်း သူတို့(တရုတ်)က သိပ်မကြိုက်ဘူး။ တရုတ်သံတမန်က UN Resolution ချချိန် မဲမပေး ကြားနေခဲ့တာကို အထူးပြု ပြောသွားတယ်။ တရုတ်ကို ဆွဲဆောင်ချင်ရင် NUG က Diplomats(သံတမန်) မဆန်တဲ့ သူ့မူဝါဒတွေ ပြင်ရမယ် ဆိုတဲ့ သုံးသပ်ချက်မျိုး သွားတွေ့တဲ့ အဖွဲ့တွေဆီကထွက်လာတယ် လို့ သူက ပြောပါတယ်။ ဒါ့အပြင် လောင်းကစားမှု၊ လိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ပူးပေါ...