စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းက ကြည့်မြင်တိုင်ဘူတာလိုင်းခန်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ လင်းလွန်းတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အခင်းဖြစ်ပွားသည့်နေ့က လူငယ်တစ်ဦးအား အရက်မူးပြီး ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ညပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“လင်းတောင်အုပ်ချုပ်ရေးမှူးက လမ်းသွားနေတဲ့ကောင်လေးတစ်ယောက်ကို ခေါ်စစ်တယ်၊ အရက်မူးပြီး အာဏာပါဝါပြတယ်။ ညရောက်တော့ အဲဒီအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတယ်။ ပစ်တာတော့ ခေါင်း ကိုပစ်တာ ပါးစပ်ဟတဲ့အချိန်ဖြစ်သွားတော့ ပါးဖောက်ထွက်သွားတယ်လို့ ရပ်ကွက်ထဲကလူတွေကို ဆက် သွယ်ပြီးမေးကြည့်လို့ သိရတယ်”ဟု ယခင်က စမ်းချောင်းမြို့နယ်တွင်နေထိုင်ခဲ့သော တော်လှန်ရေး ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင်ဘူတာတွင် စစ်ကောင်စီတပ်သား များနှင့် လက်အောက်ခံရဲတပ်ဖွဲ့များရောက်ရှိလာပြီး ရထားတွဲများပေါ်သို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် လင်းတောင်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦးမှာ အသက်သေဆုံးမှုမရှိသော်လည်း ပါးတွင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ပို့ဆောင်ထားရသည်ဟု သိရကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။

ဦးမျိုးမြင့်ဦးမှာ ရပ်ကွက်ထဲတွင် အာဏာပြဖိနှိပ်သူမဟုတ်သော်လည်း သန်းခေါင်စာရင်း၊ ဧည့်စာရင်းစစ် သည့်အချိန်ကာလများက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

PDF များကို ဖမ်းဆီးရာတွင်ပါဝင်သည့် စစ်တပ်သတင်းပေးတစ်ဦးလည်း လွန်ခဲ့သည့်ရက်ပိုင်းခန့်က သာကေတမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်