Posts

Showing posts from March 16, 2023

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

Image
လူတယောက်ကိုပါစင်နယ်အဆင့်အထိတိုက်ခိုက်ရတာ မလုပ်ချင်ဆုံးအလုပ်၊နိုင်ငံရေးအရ တော်လှန်ရေးကို ထိခိုက်လွန်းမှသာလုပ်ဖြစ်တာ၊ပြီးရင်စိတ်မကောင်းတွေ ဖြစ်ရတယ်၊ ပကတိနိုင်ငံရေးရဲ့လမ်းကြောင်းမှန်ကိုလိုက် နေကြရင်ဒါမျိုးတွေကြုံရမှာမဟုတ်ဖူး၊  မအလဟာ NLDကိုရွေးကောာက်ပွဲဝင်ခွင့်ပေးရင်တောင် သူပြောတာနာခံတဲ့CECတွေရှိနေတဲ့NLDအဖြစ်ပဲမြင် ချင်တာ၊ ပြည်သူ့ပါတီလောက်တောင်အဆင့်ရှိတော့မှာ မဟုတ်ဖူး၊တကယ့်ခေါင်းဆောင်တွေကအဖမ်းခံရတယ် ရှောင်နေရတယ်၊ ဒီအချိန်မှာပြည်သူ့ဘက်တော်သားမှန်ရင်ထိပ်တိုက်ရင် ဆိုင်စရာလမ်းတခုပဲရှိတယ်ရှောင်မရဖူး၊ လေပြေသွေး တာက နွားပလာတာကျွေးသလို ကျွဲပါးစောင်းတီးသလို ပဲဖြစ်တယ်၊ မအလဟာ EAO’s တွေကိုအပေါ်စီးကပြော လေ့ရှိတယ်၊ ဒါကြောင့်တွေ့ဆုံတာလုပ်တာ၊ NUG ကို လုပ်မရမှန်းသိလို့မတွေ့တာ၊ ညှိနိုင်းရေးလမ်းကလတ်တ လောမှာမရှိဖူး  ဒီအချိန်မှာ ကိုယ့်ဖက်ကအမာခံ ပုဂ္ဂိုလ်တွေ အစဉ်အလာ ရှိသူတွေ ဥပမာ မရမ်းကုန်းလိုနေရာမှာ ရွေးကောက်ပွဲ အကုန်နိုင်အသက်လဲကြီးပြီဖြစ်တဲ့ဒေါ်မေဝင်းမြင့်လို လူကို ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး personal တိုက်ခိုက် တာမျိူးမို့လို့ပါစင်နယ်နဲ့ပြန်တိုက်ရတာ၊မလုပ်ချင်ဆုံး အ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ မှု စစ်ကောင်စီ ကျူးလွန်ခဲ့တယ်လို့ NUG ထုတ်ပြန်

Image
သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၄၈၂ ယောက်၊ အမျိုးသမီး ၇၈ ယောက် ပါဝင်ပြီး ကျန်တဲ့သူ ၂ဝ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကတော့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။   ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)RFA 2023-03-15 စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ အသတ်ခံရထားရသည့် ဒေသခံများ၏ ရုပ်အလောင်းတချို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က သယ်ဆောင်လာစဉ်။ Citizen Journalist  အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၇၆၆ ယောက် အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနစ် ဇူလိုင်ကနေ ၂ဝ၂၃ ခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သား ငါးယောက်နဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျူးလွန်ခဲ့တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ crimes against humanity တို့ war

ပါးစပ်ကပြော လက်ကမလှုပ်ရင်စိတ်ကူးယဉ်သက်သက်ပဲ၊

Image
နှစ်၇၀ကျော်မှာ စစ်တပ်ကိုစစ်ရေးနဲ့ ဖြေရှင်းမယ်လို့ ဆုံးဖြတ်ရင်ဒီအချိန်က အချိန်ကောင်းပဲ၊  NUGနဲ့PDFနဲ့ပူးပေါင်းလိုစိတ်ရှိဖို့တော့လိုတယ်၊ ဘာလို့လဲဆိုတော့ မစခင်ထဲက PDFက စစ်တပ်ရဲ့ နောက်တန်းမှာနေရာယူထားပြီးသား၊ နှစ်၇၀မှာ စစ်တပ်လာတိုက်မှပြန်တိုက် စစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို မကျော်တာလား မကျော် နိုင်တာလားEAOS တွေပဲသိမယ် ၇ဖွဲ့ပေါင်းတာကအရင်ကလိုပဲအစည်းအဝေးတက် မိုးပေါ်ကစကားလုံးတွေပြော စားသောက်ပြီးပြန် ကြမှာလား၊ ဒီနေ့ဒီရက်မှာ တပြိုင်ထဲကျည်ဖေါက် မှာလား မရေရာတဲ့ကြေငြာချက်—-🙄 ———- ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး တိုင်းရင်းသားများ၏ အင်အား နှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု FPNCC က ကြေညာ ■ စစ်ကောင်စီကို အသိအမှတ်မပြုသည့်အပြင် ဆွေးနွေးမည့်စကားရပ်  လုံး၀ မပါဝင်ခြင်းက ထူးခြားချက်ဟုဆို ရန်ကုန်၊ မတ် ၁၆ ခေတ်သစ် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု ထူထောင်ရေး အယူအဆကို အကောင်အထည်ဖော်ရန်အတွက် နောက် ဆုံးတွင် လူနည်းစု တိုင်းရင်းသားများ၏ အင် အားနှင့် အစွမ်းအစ များကို သာ အားကိုးရမည်ဟု မြောက်မဟာမိတ်တပ်ဖွဲ့(FPNCC)  က တရားဝင် ထုတ် ပြန် ကြေညာသည်။  မတ်လ ၁