Posts

Showing posts from June 14, 2024

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

Image
ရန်ကုန်၊ ဇွန် ၁၄  ခေတ်သစ် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။  AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို  အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြိုရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို) နခခ  ၆ စခန်း နှင့် နခခ ၉ စခန်းတို့ကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  ဇွန်လ ဒုတိယပတ်အတွင်းတွင် မောင်တောမြို့နယ်ရှိ “နခခ (၄) တပ်ရင်းဌာန ချုပ်” ကို ဇွန်လ ၁၀ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “အလယ်သံကျော်စခန်း” ကို  ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၆ မိနစ် အချိန်တွင်လည်း ကောင်း၊  “မောရဝတီဗျူဟာ” ကို ဇွန်လ ၁၃ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်း

စစ်ကောင်စီက ၄ လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့

Image
 ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ် အကြမ်းဖက်စစ်တပ်က  ၄ လတာကလအတွင်း ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၄၆ ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ၅ ဦးနှင့် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားကြောင်း၊  လေကြောင်းအသုံးပြုမှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ၁၆၈ ဦးခန့်ရှိကြောင်း၊ ၄ လတာကာလအတွင်း လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကြောင့် ပြည်သူ သေဆုံးမှုသည် ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေသည်လည်း အများဆုံးဖြစ်ခဲ့ကြောင်း၊ လေကြောင်းအသုံးပြု တိုက် ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး ရှမ်းမြောက်ပိုင်းတွင် ၆ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၄ ခု၊ ကချင်တွင် ၂ ခု၊ ကရင်တွင် ၂ ခု၊ ကရင်နီတွင် ၂ ခု ၊ ချင်

မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် ရေးသင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေးကုမ္ပဏီများကို JMF က ဖော်ထုတ်

Image
ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ် အကြမ်းဖက် မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် သင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေး လုပ်ငန်းများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။ အိန္ဒိယ ပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွား နေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အားပေး ကူညီလျက် ရှိကြောင်း JMF ကပြောဆိုသည်။ PSU များသည် အိန္ဒိယအစိုးရ၏ အများစု ပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေး ကဏ္ဍအပါအဝင် အိန္ဒိယ စီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။ ရိုဟင်ဂျာများအပေါ်  မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

Image
မဲခေါင် ဇွန် ၁၄ ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။ အဲ့ဒီပွဲကို ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်မင်းလတ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ အသီးသီး တက်ရောက်ခဲ့ကြပြီး စစ်ဘေးရှောင်တွေအစား စစ်တပ်၊ စစ်မှုထမ်းဟောင်းနဲ့ Non-CDM မိသားစုဝင် တို့ကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ “လွိုင်ကော်မြို့အတွင်း ဒီလူလိမ် (စစ်ကောင်စီတပ်) တွေကို အထူးသတိထားစေချင်တယ်။ ပြန်ရောက်လို့ သူတို့စကားနားမထောင်ရင် ဘာလုပ်မလဲဆိုတာ သိတယ်မလား။ ဝင်လာကတည်းက ဝိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာ။ ဘာမှ‌ထောက်ပံ့စရာ မလိုဘူး။ အင်တာနက်နဲ့ ဖုန်းလိုင်းသာ ဖွင့်ပေးလိုက်။ အကုန်စီးပွားရေး အဆင်ပြေတယ်” လို့ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့ကို မေလ နောက်ဆုံးပတ်လောက်က ပြန်ကြတဲ့သူတွေရှိပေမယ့် လူနည်းစုလောက်သာဖြစ်တဲ့အပြင် အများစုကလည်း ပစ္စည်းပြန်ယူသူတွေ ဖြစ်ပြီး တခ