Posts

Showing posts from February 7, 2023

မမဆောင်းဇာတ်လမ်းတပုဒ်

Image
ပြည်တွင်းကအရင်ပြောရရင် မအလ ပဲ၊ သူ မမှန်းနိုင်တာ အာဏာသိမ်းရင် ဒေါ်အောင်ဆန်း စုကြည်ကသူ့ကို ဘာပြန်လုပ်မလဲဆို တာ? သူမ ရေးခဲ့တဲ့တမျက်နှာစာရွက် ကနေ တသက်စာ စစ်အဖြစ်ပြောင်းသွား တာပဲ၊NUGဆိုတာဖြစ်လာဖို့ လွှတ်တော် အမတ်တွေလိုတယ်ဆိုတာသိထားရင် ၁ရက်နေ့မှာပဲအမတ်တွေ အကုန်ထောင် ထဲရောက်နေပြီ၊နောက်တခု ကစည်း ပေါက်တာ၊ သူတင်ထာ GZတွေက   KIA -KNU ထဲရောက်သွားလဲ ရှေ့တန်း စခန်းတွေ ခြေမြန်တပ်မတွေကို ဘယ်လို နည်းမှကျော်လာနိုင်စရာမရှိဖူးလို့တွက်ခဲ့တာပဲ ရန်ကုန်မှာ၃၀၀၀၀နဲ့အပြီးတူမီးလုပ် တာတောင်သွားသတိရတယ်၊ အရှေ့မှာတိုက် အနောက်ကနေဖျင်ချခံ နေရတယ် ဖရဲသီးတွေကလဲနီရဲနေရောပဲ မမဆောင်းဖြစ်နေတာ အဏာကရသလိုလို မရသလိုလို ၃ဂိုး ၀ နဲ့ရှုံးတာ ဂိုးထပ်သွင်းခံရအုံးမယ် အပြင်နိုင်ငံတွေရဲ့ သံတမန် ဆက်ဆံရေးကို လဲကြည့်ကြည့် အင်္ဂလန်မှာ သံရုံးရှိပေ မယ့် မအလကို အစိုးရအဖြစ်အသိအမှတ်ပြု မထားဖူး၊ ဒေါ်ဇင်မာအောင်ကို အလံ နောက်ခံနဲ့တရားဝင်ဝန်ကြီးအဖြစ်နဲ့တွေ့ ဆုံခဲ့ပေမယ် မအလအပေါ်မှာပြတ်သား လောက်တဲ့ဆုံး ဖြတ်ချက်မရှိသေးဖူး၊ တရားဝင်နဲ့တရားမဝင်ဆိုတဲ့စကားလုံး နှစ်ခုကြားမှာ သူတို့လဲမမဆောင်းဖြစ် နေတာပဲ၊   နိုင်နေတာငါတို့။

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်း ပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။   ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း  သိရှိရသည်။  "ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။  ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား

စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

Image
DVB | 7 February, 2023 မြန်မာနိုင်ငံမှာ   အာဏာသိမ်း   ၂   နှစ်ကျော်အကြာ   စစ်ကောင်စီတပ်တွေ   အကြမ်းဖက်   ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း   အပြစ်မဲ့   ကျဆုံးပြည်သူ   ၂ , ၉၅၄   ယောက်နဲ့   ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း   ၁၇ , ၆၈၄   ယောက်ထိ   ရှိလာခဲ့ပြီဖြစ်တယ်လို့   နိုင်ငံရေးအကျဉ်းသားများ   ကူညီစောင့်ရှောက်ရေးအသင်း  ( အေအေပီပီ )  က   ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ   ပြီးခဲ့တဲ့   ၂၀၂၁   ခုနှစ်၊   ဖေဖော်ဝါရီ   ၁   ရက်ကနေ   ၂၀၂၃   ခုနှစ်၊   ဖေဖော်ဝါရီ   ၇   ရက်အထိ   အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး   အမှန်တကယ်   ကျဆုံးသူတွေဟာ   ဒီထက်ပိုနိုင်တယ်လို့   ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း   ဒီနေ့အထိ   ၁၃ , ၈၄၅   ယောက်   လက်ရှိ   ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး   အဲဒီထဲက ၂ , ၃၃၈   ယောက်ကတော့   ထောင်ဒဏ်   ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ဆက်စပ်ပြီး   သေဒဏ်ချမှတ်ခံထားရကာ   အကျဉ်းထောင်တွေထဲ   ထိန်းသိမ်းခံနေရသူ   အရေအတွက်ကတော့   ၁၀၁   ယောက်ရှိနေပြီး   မျက်ကွယ်   သေဒဏ်ချမှတ်ခံထားရသူ   ၄၂   ယောက်   အပါအဝင်   ၁၂၁   ယောက်ကတော့   မျက်ကွယ်ပြစ်ဒဏ်   ချမှတ်ခံထားရတာကြောင့်   သေဒဏ်ချမှတ်ခံထားရသူ   စ

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

Image
ထိုမေးခွန်းသည် ရုပ်ပိုင်းဆိုင်ရာ အရ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဖြစ် ကမ္ဘာက ယူဆလာအောင် အာဏာသိမ်း စစ်တပ်သည် ကြံရာမရ ဖြစ်လာသည်နှင့် အမျှ ဖန်တီး တည်ဆောက်ပေးနေပြီ ဖြစ်သည်။ ရုရှားဖက်ကတော့ ဝေးကွာလှသည့် အပြင် ၎င်းတို့ နကိုယ်ကတည်းက နိုင်ငံရေး စစ်ရေး အရ တက်တက်ကြွကြွ လှုပ်ရှားခဲ့ခြင်း မရှိသည့် အရှေ့တောင် အာရှ နိုင်ငံ ဖြစ်သော မြန်မာ နိုင်ငံ ကို အမေရိကန် တို့ စိတ်ထဲ ကျလိကျလိ ဖြစ်အောင် ကလိပေးချင်သည့် စိတ်ထက် မပို ဆိုသည်ကို အာဏာသိမ်း အဖွဲ့က ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ၎င်းတို့ အပေါ် လူ ရှိန်လာစေရန် အတင်း လုပ်ယူနေခြင်း မျိုးသာ ဖြစ်သည်။ ထိုသို့ အရှက် နှင့် မဟုတ်ပဲ အသက်နှင့် လူလုပ်နေကြသည့် နောက်ထပ် အဖြစ်တခုကား လှိုင်တက္ကသိုလ် နယ်မြေ ဝန်း အတွင်း နျူကလီယား စွမ်းအင် သတင်းသုတေသန ဌာန ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။ ထိုဌာနအား ရုရှား အစိုးရပိုင် အနုမြူ စွမ်းအင် ကော်ပိုရေးရှင်း ကြီး ဖြစ်သော ရိုဆာတွန် ၏ ညွှန်ကြားရေးမှုး ချုပ် အယ်လက်ဆီ ယူဂင်နီဗစ်ချ် လီကာချက် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဆန်းကြယ်နေသည်ကား ထိုအခမ်းအနားသို့ နိုင်ငံ၏ ဝန်ကြီးချုပ် ကြီး ဟု မိမိကိုယ် မိမိ ခံယူထားသူ မင်းအောင်လှိုင် သည် ထို

မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

Image
စစ်ကိုင်းတွင်  မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် အလှူရှင်နှင့်ထောက်ပို့များကို ထောင်ဖမ်းရန် ကြိုးစားလာ၊ ဆားတောင်တွင် PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံးဆိုသော သတင်း မဟုတ်မှန်  ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ် စစ်ကိုင်းတိုင်းတွင်  ဗိုလ်မုန်တိုင်းဆိုသော အမည်ဖြင့် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် နွေဦးတော်လှန်ရေး အလှူရှင် နှင့်ထောက်ပို့များကို စစ်တပ် ထောင်ချောက်ဆင် ဖမ်းရန် ကြိုးစားနေကြောင်း စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ယနေ့ လူမှုကွန်ရက်နှင့် သတင်းဌာနများတွင် ဖော်ပြနေသော ဆားတောင်တွင် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ၏ PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံး သည်ဆိုသော သတင်းမှာလည်း သတင်းအတုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။  စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ် အတွင်း တိုက်ပွဲအတု၊ သတင်းအတုများဖန်တီးပြီး သတင်းမီဒီယာများ၏ စိစစ်နိုင်မှုမရှိခြင်းကို အခွင့်ကောင်းယူ အသုံးချ၍ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့် ဗိုလ်မုန်တိုင်းဦးဆောင်သည်ဆိုသည့် ပြောက်ကျားတပ်ဖွဲ့ ‌

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ပြင်ဆင်နေ

Image
Author  ကိုပေါက် Categories ဒေသတွင်းသတင်း Published on  Feb 07, 2023   နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)ဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်ဟု နိူင်ငံရေးပါတီအချို့ထံမှ သိရသည်။ စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းလိုက်ပြီးနောက် ပါတီဝင်ဦးရေ သိန်းနှင့်ချီရှိသည့် ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီမှ ပါတီအသစ် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေတာဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။ “နှင်းဆီပါတီမှာ ရင်းနှီးတဲ့မိတ်ဆွေတွေရှိတယ် သူတို့ပါတီကို ပြန်အသက်သွင်းမယ်ပေါ့ ပါတီကို အခြားနာမည်နဲ့ ပြန်လျှောက်မယ်ပေါ့”ဟု ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ကိုယ်စားလှယ်အများဆုံးဖြင့် ဝင်ရောက် ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့် ပါတီမှာ နှင်းဆီပါတီဖြစ်ပြီး ကိုယ်စားလှယ်ဦးရေ ၁၁၃၁ ဦးရှိသည့်အတွက် အမှန်တကယ် မှတ်ပုံတင်ခွင့်ရရှိပါက ကြံ့ခိုင်ရေးပါတီနှင့်အပြိုင် ပါတီတစ်ခုဖြစ်လာနိူင်သည်ဟု နိူင်ငံရေးလေ့လာသူတစ်ဦးက

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

Image
Shwe S N | February 4, 2023 | Celebrity |  BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု  ရေးထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့်အကြမ်း ဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံးရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။ ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်​တော်ဆိုင်ကယ်နှင့်ကားများတင်သွင်း​ရောင်းချ​နေ​သော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်​ကျော်နန္ဒ လည်းပါဝင်သည်ကို​တွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်​ကောင်စီနှင့် BGF များကိုဆက်​ကြေး​ပေးကာ ဆိုင်ကယ်တင်သွင်း​နေ​သောလုပ်ငန်းဖြစ်​ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက​ ပြောသည်။ မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့

စစ်ဒေသအလိုက်လွတ်မြောက်နယ်မြေဖော်ထုတ်ပြီးတစ်နိုင်ငံလုံးလွတ်မြောက်ရေးဆောင်ရွက်ရန်စီမံထား NUG ကာကွယ်ရေးဝန်ကြီး အသိပေး

Image
 -သက်ဝေ/People’s Spring  စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။   ကမ္ဘာတစ်ဝန်း​ရောက်​​နေ​သောမြန်မာပြည်သူ များနှင့် အမျိုးသားညီညွတမ​ရေးအစိုးရ(NUG)မှတာဝန်ရှိသူများ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံ၍ ​မေးမြန်း​ဖြေကြားကြ​​သော Myanmar Global Town Hall 2023 "ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်" အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။   ယခု ရက်ပိုင်း စစ်ကောင်စီက သက်တမ်း ၆လထပ်မံ တိုးမြှင့်ခြင်း၊ မြို့နယ် ၃၇ခုကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်များသည် စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းများစွာ အားနည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။​တော်လှန်​ရေးအင်အားစုများက ရှေ့တွင် တစ်နှစ်စီမံချက်ကို အစီအစဉ်တိုင်း ပိုမိုဆောင်ရွက်မည်ဖြစ်သည်ဟုအသိ​ပေးသည်။   “ဖြစ်လာရင် ပိုပြီးတော့မှ စစ်ကောင်စီကို အထိနာအော

တရုတ်နိုင်ငံမှာ ဆန္ဒပြသူများ တဦးပြီးတဦး ဖမ်းဆီးခံနေရ၊ ဆိုရှယ်မီဒီယာတွင် အကူအညီတောင်းသည့် ဗီဒီယို ပျံ့နှံ့နေ။

Image
 Era’s eye ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၉) ရက်၊ ဘေဂျင်း။ ပြီးခဲ့သည့်နိုဝင်ဘာလက ဘေဂျင်းတွင် တရုတ်နိုင်ငံ၏ "ဇီးရိုး-ကိုရိုနာ" ပေါ်လစီကို ဆန့်ကျင်သော လူငယ်များက ဆန္ဒပြခဲ့ရာ ဆန္ဒပြခဲ့သူများကို တဦးပြီးတဦး တရုတ်အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု စွပ်စွဲထားသည်။ ယင်းကဲ့သို့ ပြောဆိုထားသည့်ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။  ၎င်းဗီဒီယိုပိုင်ရှင်သည် ဘေကျင်းမြို့ရှိ ပုဂ္ဂလိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ညက ဘေဂျင်းမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ယခု ဇန်နဝါရီလ (၁၈) ရက်နေ့တွင် Twitter နှင့် အခြားမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အမျိုးသမီးငယ်တဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သူမ၏ သူငယ်ချင်းလေးယောက် အဖမ်းခံလိုက်ရပြီး မကြာခင် သူမလည်း အဖမ်းဆီးခံရတော့မည် ဖြစ်ကြောင်းနှင့် သူမတို့ကို ပြည်တွင်းနှင့် ပြည်ပမှ အကူအညီပေးကြရန် တောင်းဆိုထားသည့် ဗီဒီယိုဖြစ်သည်။ ကျမရဲ့ ဒီဗီဒီယိုကို အားလုံးက ကြည့်ရတဲ့အခါမှာ ရဲတွေက ငါ့သူငယ်ချင်းတွေနဲ့အတူ ငါ့ကို ခေါ်သွားပြီ” လို့ မှတ်ယူနိုင

ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ၅ မြို့နယ်က PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာ

Image
ပဲခူး၊ ဖေဖော်ဝါရီလ ၇၊ ၂၀၂၃။  စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းဒေသကြီးထဲက ၅ မြို့နယ်မှာ စစ်ကောင်စီက အစစ်ဆေး တင်းကြပ်နေပြီး  PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့လော​က်က စတင်ပြီး  စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်ဂိတ်တွေ၊ မြို့ထဲနေရာတွေမှာ အစစ်ဆေးတင်းကြပ်နေပြီး စစ်ကောင်စီ၊ ရဲ၊ ထွေအုပ်ပါဝင်တဲ့အဖွဲ့တွေက PDF တွေအနေနဲ့ လက်နက်အမြန်အပ်ဖို့ လိုက်လံကြေညာနေတယ်လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။ "သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ပဲခူးတိုင်းထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီးပါက စစ်ကြောင်းအကြီးအကျယ် ထိုးတာတွေ၊ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေ၊

မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း

Image
ဧရာဝတီ အရှေ့တောင်အာရှနိုင်ငံများအသင်းမှ   နိုင်ငံခြားရေးဝန်ကြီးများသည်   နှစ်ရက်ကြာ   ဆွေးနွေးပြီးနောက်   တနှစ်တာ၏   ပထမဆုံးသော   ဝန်ကြီးအဆင့်အစည်းအဝေးကို   စနေနေ့တွင်   ပြီးဆုံးသွားသည်။   အဖွဲ့ဝင်နိုင်ငံများသည် အကျပ်အတည်းဖြစ်ပွားနေသော   မြန်မာနိုင်ငံအတွက်   ငြိမ်းချမ်းရေးအစီအစဉ်ကို   အကောင်အထည်ဖော်ရာတွင် စည်းလုံးမှုရှိကြောင်း   အင်ဒိုနီးရှား   နိုင်ငံခြားရေးဝန်ကြီးက   ပြောကြားခဲ့သည်။ အဖွဲ့၏   အလှည့်ကျ   ဥက္ကဋ္ဌတာဝန်ကို   ထမ်းဆောင်နေသည့်   အင်ဒိုနီးရှား   နိုင်ငံခြားရေးဝန်ကြီး   ရတ်နိုမာဆူဒီ   က   အာဆီယံသည်   အဖွဲ့၏   ကျယ်ပြန့်သော   ပံ့ပိုးကူညီမှုဖြင့်   ငြိမ်းချမ်းရေး   အစီအစဉ်ကို   အကောင်အထည်ဖော်ရန်   ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း   ပြောကြားခဲ့သည်။   မြန်မာစစ်တပ်က   ခန့်အပ်ထားသော   နိုင်ငံခြားရေး   ဝန်ကြီးကို   အစည်းအဝေး တက်ရောက်ခွင့်   ပိတ်ပင်ထားသည်။ “ ဒီအစီအစဉ်က   အာဆီယံဥက္ကဋ္ဌအတွက်   အထူးအရေးကြီးပါတယ်၊   မြန်မာနိုင်ငံက   အခြေအနေတွေကို   စည်းစည်းလုံးလုံးနဲ့   ဖြေရှင်းဖို့   လမ်းညွှန်ချက်တခုအနေနဲ့   အာဆီယံအတွက်   အလွန်အရေးကြီးပါတယ် ”  ဟု   ရတ်နိုမာဆူဒီက   အစည်းအဝေးအပြီး   သတ