မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းထပ်တိုး

မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။


၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားပြည်နယ်တွင် ကျင်းပသည့် Democratic National Committee (DNC) အခမ်းအနားကို တက်ရောက်လာသော သမ္မတ ဂျိုးဘိုင်ဒင်။ AFP

မြန်မာနိုင်ငံအခြေအနေနဲ့ ဆက်စပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေး အရေးပေါ်အခြေအနေကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုးထားတဲ့ ဒီအမိန့်ကို ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်လိုက်တာပါ။ ဒီအရေးပေါ် အခြေအနေဟာ ဒီလ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒီမတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်မှာ သက်တမ်းတိုးလိုက်တာပါ။

၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချ၊ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအတွက် ခုခံကာကွယ်သူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တရားမဲ့ဖမ်းဆီးတယ်လို့ အမေရိကန်သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ နိုဝင်ဘာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပယ်ချပြီး နိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ သာမန်ထြက်ထူးကဲ ခြိမ်းခြောက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ