တရုတ်နိုင်ငံမှာ ဆန္ဒပြသူများ တဦးပြီးတဦး ဖမ်းဆီးခံနေရ၊ ဆိုရှယ်မီဒီယာတွင် အကူအညီတောင်းသည့် ဗီဒီယို ပျံ့နှံ့နေ။


 Era’s eye
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၉) ရက်၊ ဘေဂျင်း။
ပြီးခဲ့သည့်နိုဝင်ဘာလက ဘေဂျင်းတွင် တရုတ်နိုင်ငံ၏ "ဇီးရိုး-ကိုရိုနာ" ပေါ်လစီကို ဆန့်ကျင်သော လူငယ်များက ဆန္ဒပြခဲ့ရာ ဆန္ဒပြခဲ့သူများကို တဦးပြီးတဦး တရုတ်အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု စွပ်စွဲထားသည်။ ယင်းကဲ့သို့ ပြောဆိုထားသည့်ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ 
၎င်းဗီဒီယိုပိုင်ရှင်သည် ဘေကျင်းမြို့ရှိ ပုဂ္ဂလိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ညက ဘေဂျင်းမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ယခု ဇန်နဝါရီလ (၁၈) ရက်နေ့တွင် Twitter နှင့် အခြားမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အမျိုးသမီးငယ်တဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သူမ၏ သူငယ်ချင်းလေးယောက် အဖမ်းခံလိုက်ရပြီး မကြာခင် သူမလည်း အဖမ်းဆီးခံရတော့မည် ဖြစ်ကြောင်းနှင့် သူမတို့ကို ပြည်တွင်းနှင့် ပြည်ပမှ အကူအညီပေးကြရန် တောင်းဆိုထားသည့် ဗီဒီယိုဖြစ်သည်။ ကျမရဲ့ ဒီဗီဒီယိုကို အားလုံးက ကြည့်ရတဲ့အခါမှာ ရဲတွေက ငါ့သူငယ်ချင်းတွေနဲ့အတူ ငါ့ကို ခေါ်သွားပြီ” လို့ မှတ်ယူနိုင်ကြောင်း သူကက ပြောခဲ့သည်။ အဆိုပါ ဗီဒီယိုအား သူမ မရှိတော့သည့်အချိန်တွင် ထုတ်ပြန်ပေးရန် သူငယ်ချင်းတစ်ဦးထံ အပ်နှံထားကာ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားသည်ဟု သူမသူငယ်ချင်းက ပြောသည်။
အမျိုးသမီး၏ ပြောကြားချက်အရ နိုဝင်ဘာ (၂၉) ရက်မှ စတင်ကာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တစ်ဦးချင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို စတင် စစ်ဆေးမေးမြန်းခဲ့သည်။ အစောပိုင်းတွင် ၎င်းတို့အား (၂၄) နာရီအကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ ပြန်လည်ခေါ်ဆောင်သွားသောသူများ ပြန်မလာသေးသည့် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ စွဲချက်နဲ့ ချုပ်နှောင်ထားတဲ့နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
ဗီဒီယိုတွင် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသော အမျိုးသမီးများ အပါအဝင် စုစုပေါင်း လူ ၁၃ ဦး၏ အမည်များနှင့် အလုပ်အကိုင်များကို မိတ်ဆက်ပေးထားသည်။ စာရေးဆရာများ၊ အယ်ဒီတာများနှင့် မီဒီယာသမားများလည်း ပါဝင်ပါသည်။
Virtual Private Network (VPN) ကို အသုံးမပြုဘဲ Twitter ကို တရုတ်နိုင်ငံတွင် ကြည့်ရှုနိုင်မည် မဟုတ်ပါ။ အမျိုးသမီး၏ ဗီဒီယိုတွင် အင်္ဂလိပ်စာတန်းထိုး ပါရှိပြီး ဆန္ဒပြသူများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီတောင်းထားသည်။
Source: JIJI
Video Source: Twitter
တရုတ်နိုင်ငံမှာ ဆန္ဒပြသူတွေ တယောက်ပြီးတယောက် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လက်ရှိအခြေအနေတွေကို ပြောပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယို https://youtu.be/qw_BFbsT0Wg


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော