နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ယူကေနိုင်ငံ Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် တွေ့ဆုံ
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၃
===============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေနိုင်ငံ ခရီးစဥ်အတွင်း Labour Party မှ လွှတ်တော်အမတ် Rushanara Ali နှင့် ယူကေစံတော်ချိန် နံနက် ၁၁ နာရီခွဲ မှ နေ့လည် ၁ နာရီအထိတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သူ Rushanara Ali နှင့်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့နွေဦးတော်လှန်ရေး UK ပါလီမန်မှ ပိုမိုတို့းမြှင့်ထောက်ခံရေး၊ ဒုက္ခသည်ကိစ္စ ၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးရေး အစရှိသည့် ခေါင်းစဥ်များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ယူကေနိုင်ငံဆိုင်ရာကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာသက်ကိုကိုနှင့် ဦးမောင်မောင်အောင် တို့လည်း တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်းတွင် အခြားသောတာဝန်ရှိသူများ နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။





နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး
၇ ဖေဖော်ဝါရီ ၂၀၂၃
============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ ယူကေစံတော်ချိန် ညနေ (၃:၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယူကေနိုင်ငံခြားရေးဝန်ကြီးရုံး၌တွေ့ဆုံခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာပြည်အရေးနှင့် စပ်လျဥ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနှင့် အခြားသော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။





နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Labour Party လွှတ်တော်အမတ် Catherine West နှင့်တွေ့ဆုံ
၇ ဖေဖော်ဝါရီ၊ ၂၀၂၃
================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် Labour Party လွှတ်တော်အမတ်နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West နှင့် ဖေဖော်ဝါရီ ၆ ရက်နေ့ ယူကေစံတော်ချိန် ညနေ (၅) နာရီတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး၏ ယူကေခရီးစဥ်အတွင်း တွေ့ဆုံခဲ့ကြသည့် အဆိုပါတွေ့ဆုံမှုတွင် မြန်မာအရေးနှင့် စပ်လျဥ်းသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာ့အရေးအတွက် နိုင်ငံတကာမှ ပိုမိုတက်ကြွစွာထောက်ပံကူညီနိုင်‌ရေးကို အထူးအလေးထားဆွေးနွေးခဲ့ပါသည်။


နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင် ယူကေရှိ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများနှင့်တွေ့ဆုံ
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၃
===============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း ယူကေရောက်မြန်မာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့က Westminster တက္ကသိုလ်တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုများ ၂၅၀ ခန့်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား၌ တော်လှန်ရေးအတွင်းပေးဆပ်သွားကြသော ပြည်သူများအားဦးညွှတ်အလေးပြုပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များမှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် ပြည်သူများမှ မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ခဲ့ပါသည်။
Photo credit – Click to Fight





Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း