Posts

Showing posts from June 28, 2023

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

Image
စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာတာ။ စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲမှာ- #ပိုင်မှလုပ်တဲ့ဗျူဟာစနစ်ကျင့်သုံးလာတာကို (25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတာတွေကြည့်ခြင်းအားဖြစ်သိရနိုင်ပါတယ်။ နောက်တစ်ချက်(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။ဒါတွေဟာ စစ်ကောင်စီဘက်က ပိုင်မှလုပ်တဲ့နည်ူဗျူဟာစနစ်ကို ကျင့်သုံးလာတာကို တွေရပါတယ်။ Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။ (ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)။ ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေး

စစ်ကောင်စီကို ဘဏ္ဍာရေး အကြံပေးနေကြသူများ

Image
၁။ ဦးမင်းဝင့်ဦး ရာထူး - မန်နေဂျင်း ဒါရိုက်တာ (AYA Bank) ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၂။ ဦးမြင့်ဇော် ရာထူး - အမှုဆောင်အရာရှိချုပ် (AYA Bank) ရုံးချုပ်လိပ်စာ - အမှတ် ၄၁၆၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ ၃။ ဦးဇော်လင်းထွဋ် ရာထူး - ဒုဥက္ကဌ (A Bank) ရုံးချုပ်လိပ်စာ -  အမှတ် ၁၀၈၊ ကမ္ဘာအေး ဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ၄။ ဦးကျော်စိုးလင်း ရာထူး - အမှုဆောင်အရာရှိချုပ် (Yoma Bank) ရုံးချုပ်လိပ်စာ - အမှတ် ၁၄၊ ကျိုက်ခေါက် ဘုရားလမ်း၊ စတားစီးတီး၊ သန်လျင်မြို့နယ်၊ ရန်ကုန်။ အထက်ပါ ပုဂ္ဂိုလ်များသည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်း ခံထားရသော မင်းအောင်လှိုင်၏ စစ်ကောင်စီကို ဘဏ်စနစ်နှင့် ဘဏ္ဍာရေး ဆိုင်ရာ အကြံဥာဏ်များ ပေးနေကြသည့် သူများ ဖြစ်ကြပါသည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်များထဲတွင် တော်လှန်ရေးကို ကူညီခဲ့ဖူးသူများ ပါဝင်နေသည်ကို ထောက်ရှူ၍ နောက်ဆုံး အကြိမ် အဖြစ် ပြင်းထန်စွာ သတိပေး လိုက်ပါသည်။  နောင်တွင် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နေပါက ထိုက်သင့်သည့် အရေးယူ မှုများ ပြုလုပ်သွားမည် ဖြစ်ကြေ