Posts

Showing posts from May 30, 2023

အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး

Image
ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံး ရန်ကုန်၊ မေ ၃၀ ခေတ်သစ် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံပြီး ထိပ်တန်း စစ်ဗိုလ် ချုပ် များနှင့်ရင်းနှီးသူ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ  မဘသနှင့် အမျိုးသားရေး အစွန်းရောက် အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရာမှ သေဆုံးသွားကြောင်း သိရှိရသည်။   မေလ ၂၉ရက် ည ၇ နာရီအချိန်   ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင် လမ်း၊ တိုက်အမှတ်၂၆၅ နေထိုင်သူ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင် လီလီနိုင်ကျော်ကို  မြိုပြပျောက်ကြားတပ် ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ လီလီနိုင်ကျော်သည်   စစ်ကောင်စီ ၏ စစ်ခေါင်း ဆောင်ပိုင်းများနှင့်ထဲထဲဝင်ဝင် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်လက်များနှင့် တော်လှန်ရေး လှုပ်ရှား မှုများကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။  "ပစ်ခတ်ခံရတဲ့အချိန်ကတည်းက မေးစေ့နဲ့ နားထင် (ခေါင်း)ကို ဖောက်ထွက်သ