Posts

Showing posts from March 19, 2022

မီတာမဆောင်CDMထဲဗိုလ်မှူးကြီးတွေပါလာပါပြီ 👏👏👏👏👏👏👏👏👏👏👏👏👏👏👏

Image

မြန်မာတို့၏ ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်နိုင်၊ ကမ္ဘာတဝှမ်းမှ ပံ့ပိုးမှုသာ လိုအပ်

Image
အထက်ပါ ခေါင်းစဉ် ဖြင့် အိန္ဒိယ အခြေစိုက် The Wire အွန်လိုင်း ဂျာနယ်တွင် မြန်မာတို့၏ ခုခံတွန်းလှန်စစ်ကို မျက်ခြေမပြတ် လေ့လာနေသည့် သုတေသီ မက်သယူး အာနိုး ရေးသားထားသည်ကို ပြန်လည် တင်ပြသည်။ မြန်မာ စစ်တပ်၏ အင်အားသည် အမှန် ရှိသည်ထက် အလွန်အကျွံ ခန့်မှန်းနေကြခြင်းသာ ဖြစ်ပြီး လက်ရှိ ပဋိပက္ခ ၏ အသွင် လက္ခဏာကိုသာ တမျိုးသားလုံး၏ အရေးတော်ပုံကြီး အဖြစ် ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့မည်ဆိုလျှင် စစ်အင်အား ချိန်ခွင်လျှာသည် တော်လှန်ရေး အင်အားစု များဖက် အလေးသာ လာမည်သာ ဖြစ်သည်ဟု အစချီထားသည်။ ထို့အတွက် မြန်မာတို့၏ တော်လှန်ရေး သည် နိုင်ခြေရှိနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်းမှ ပံ့ပိုးပေးဖို့သာ လိုအပ်သည်၊ လုပ်သင့်လုပ်ထိုက်သော အရာလည်း ဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းပြီးသည်မှာ တနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံကို ကျစ်လစ်အောင် စုစည်း အုပ်ချုပ်နိုင်ခြင်း မရှိသေးပေ၊ ထို့အတွက်လည်း ဂမူးရှူးထိုးဖြင့် နေတဒူဝ သတ်ဖြတ်နေသည်နှင့်အမျှ တော်လှန်ရေး အင်အားစုများလည်း နိုင်ငံ အနှံ့တွင် အင်အားကောင်းလာနေပြီ ဖြစ်သည်။ လေ့လာသူများက မြန်မာစစ်တပ်သည် အင်အား သုံးသိန်းခွဲ ခန့် ရှိသည်ဟု ပေါ့ပေါ့တန်တန် ခန့်မှန်းခဲ့မှု နှင့် အတူ အလွယ်တကူ အနိုင

​◾ ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်

Image
ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snake တို့ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ခုံရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တသက်နဲ့ သေဒဏ်တွေအသီးသီးချမှတ်လိုက်ကြောင်း သိရပါတယ်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လူငယ်တွေဟာ လှိုင်သာယာ က ၈ ဦး၊ဒဂုံဆိပ်ကမ်းမြို့သစ်က ၃ ဦးနဲ့ မြောက်ဥက္ကလာပ က ၄ ဦး ဖြစ်ပြီး လှိုင်သာယာက လူငယ် ၃ ဦးနဲ့ မြောက်ဥက္ကလာပက ၄ ဦး စုစုပေါင်း ၇ ဦးတို့ဟာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ကာ ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ  မဆောင်းလေပြေ(ခ)ဇူးဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snakeလည်းပါဝင်ပါတယ်။  အဲ့ဒီလူငယ်တွေဟာ  မြောက်ဥက္ကလာပအဝိုင်းမှာ အထက် တန်းပြဆရာမတဦးကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ဆက်စပ်လို့ ကျူးလွန်ခဲ့တယ်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်တာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့တွေမှာ စစ်ကောင်စီက ၄င်းတို့ထုတ်ပြန်ထားတဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီပြစ်မှုတွေကို အမြင့်ဆုံးပြစ်ဒဏ်များဖြင့်သာ ချမှတ်

ကျောက်ကြီးမြို့ ခမရ (၃၅၁) တပ်ရင်းမှူး စစ်တပ်ကိုစွန့်ခွာထွက်ပြေး၊ တိုက်ပွဲတွင်ကျဆုံးသည်ဟု စစ်ကောင်စီ သတင်းလွှင့်

Image
​ ကိုကိုလေး/ ဧရာဝတီတိုင်းမ် မတ်လ ၁၉ ရက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းမှ တပ် ရင်းမှူး ရှေ့တန်းစစ်ဆင်ရေးထွက်နေရာမှ ဖေဖော်ဝါရီလအတွင်းကစစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေကြောင်း ၄င်းနှင့်နီးစပ်သူတဦးထံကသိရသည်။ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးနေသူ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်း ဆိုသူဖြစ်ပြီး KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရာမှ စစ်ကောင်စီတပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ် သည်။  အဆိုပါဒု-ဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ ယခင်က ကော့သောင်းမြို့အခြေစိုက် ကမ်းရိုးတန်ဒေသတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ  ခမရ ၄၃၁ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဖြစ်ပြီးဇန်နဝါရီလဆန်းပိုင်းတွင် ရာထူးတိုးဖြင့် ဒု-ဗိုလ် မှူးကြီးအဆင့်ရရှိကာ ကျောက်ကြီး ခမရ ၃၅၁ တပ်ရင်းသို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။ '' သူက အရင်က ကော့သောင်း ၄၃၁ က ဒု-တပ်ရင်းမှူး။ အဲ့ဒီကနေ တပ်ရင်းမှူးဖြစ်ပြီး ကျောက်ကြီး ၃၅၁ ကိုပြောင်းသွားတာ ၁လပိုင်းထဲကမှ။ အဲ့ဒီတပ်ကနေ မှ KNU တပ်မဟာ ၃ နဲ့ ၅ ကြားမှာ စစ်ဆင်ရေးထွက်ရင်းအဲ့ဒီကနေမှ ထွက်သွားတာ'' ဟု ၄င်း ဒ

​မြန်မာ စစ်ဗိုလ်ချုပ်များကို ဩစတေးလျှ တွင် တရားစွဲ ရန် ပြင်ဆင်

Image
သွေးစွန်းနေသော မြန်မာ စစ်ဗိုလ်ချုပ် များအား အာဆီယံ မှ ဖနွမ်းပင်တွင် ကျင်းပသည့် ကာကွယ်ရေး စစ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခွင့် ပြုကာ ကြိုဆိုခဲ့ကြသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရမှ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ၎င်းတို့ ဒီမောဆိုတွင် ကျူးလွန်ခဲ့ကြသော အရပ်သားများအား မီးရှို့သတ်ဖြတ်ခဲ့မှုကြီး အတွက် ဩစတေးသျှ တရားရုံးတွင် ရုံးတင် တရားစွဲဆိုရန် လိုအပ်သည်များကို အသေးစိတ် ပြင်ဆင်နေသည်ဟု လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ဂျာမဏီ နှင့် ဗြိတိန် တို့တွင်လည်း အလားတူ တရားစွဲရန် ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။ ကုလသမဂ္ဂသည် စိုးရိမ်မကင်းကြောင်းသာ ထပ်တလဲလဲ ထုတ်ပြန်နေသော်လည်း ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လျက် ရှိနေဆဲ ဖြစ်သည်ဟု လည်း ထောက်ပြသွားသည်။ ကမ္ဘာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွံ့ကြီးမှလည်း ကုလ လူ့အခွင့်အရေး ကောင်စီ အနေဖြင့် ၎င်းတို့ ဗုဒ္ဓဟူး‌ နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအတိုင်း မြန်မာ ထံ လက်နက်များ စီးဝင်နေမှုကို တားမြစ်ပေးရန်၊ ပါဝင် ပတ်သက်နေသော စစ်ဗိုလ်ချုပ် တဦးချင်းစီကို စီးပွားရေးအရ ဒဏ်ခတ်ရန် နှင့်

​''ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးကြမယ်'' လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းပြော

Image
ဧရာဝတီတိုင်းမ် မတ်လ ၁၉ ရက် ရှမ်းပြည်နယ်၊ ကလောမြို့မှာရောက်ရှိနေတဲ့ ဒု-စစ် ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့နေ့လည်ပိုင်းမှာ ကလောတပ်နယ်က ၄င်းတို့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို တွေ့ဆုံပြီးတော့ '' ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးကြ'' ဖို့  မှာကြားလိုက်ပါတယ်။ ဒါ့အပြင် ဒု-စစ်ခေါင်းဆောင်ကတပ်မတော်၏ လက်ရှိရင် ဆိုင်နေရသည့် စစ်ဆင်ရေးများတွင် တပ်မတော်ဘက်မှ ရှုံးနိမ့်နေသည့်အခြေအနေသဘောမျိုး မီဒီယာတွေမှာ ဝါ ဒဖြန့်ဖော်ပြ​နေပြီး တပ်မတော်ပြိုကွဲအောင်လုပ်နေလို့ စည်းလုံးညီညွတ်ကြဖို့ မှာကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က နိုင်ငံဒေသအသီးသီးမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၄င်းတိုက်ပွဲများမှာ အထိနာနေတာကြောင့် တိုက်ပွဲတိုင်းလိုလို လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေပေးနေရတာဖြစ်ပါတယ်။ ဒု-စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ကလောမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးတာတွေပိုမိုလုပ်ဆောင်နေကာ စျေးဆိုင်တွေကိုလည်း ည ၆ နာရီနောက်ပိုင်းပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #စိုးဝင်း #စစ်ကောင်စီ #က

​ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

Image
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။ ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့်  အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။ အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

Image
… ‘ကလင် … ကလင် … ကလင် ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’ ‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။ အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။ အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။ ‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအ

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ

Image
​ Saturday, September 6, 2014 လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊ ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ််ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံးတွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်းရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး သဖြင့် မကျေနပ်သူတစ်ဥိိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေသလောဟု အချင်းချင်းတီတိုးပြောနေကြသည်။ သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီးမောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်