''ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးကြမယ်'' လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းပြော
ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
ရှမ်းပြည်နယ်၊ ကလောမြို့မှာရောက်ရှိနေတဲ့ ဒု-စစ် ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့နေ့လည်ပိုင်းမှာ ကလောတပ်နယ်က ၄င်းတို့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို တွေ့ဆုံပြီးတော့ '' ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးကြ'' ဖို့ မှာကြားလိုက်ပါတယ်။
ဒါ့အပြင် ဒု-စစ်ခေါင်းဆောင်ကတပ်မတော်၏ လက်ရှိရင် ဆိုင်နေရသည့် စစ်ဆင်ရေးများတွင် တပ်မတော်ဘက်မှ ရှုံးနိမ့်နေသည့်အခြေအနေသဘောမျိုး မီဒီယာတွေမှာ ဝါ ဒဖြန့်ဖော်ပြနေပြီး တပ်မတော်ပြိုကွဲအောင်လုပ်နေလို့ စည်းလုံးညီညွတ်ကြဖို့ မှာကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က နိုင်ငံဒေသအသီးသီးမှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၄င်းတိုက်ပွဲများမှာ အထိနာနေတာကြောင့် တိုက်ပွဲတိုင်းလိုလို လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေပေးနေရတာဖြစ်ပါတယ်။
ဒု-စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ကလောမြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးတာတွေပိုမိုလုပ်ဆောင်နေကာ စျေးဆိုင်တွေကိုလည်း ည ၆ နာရီနောက်ပိုင်းပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#စိုးဝင်း #စစ်ကောင်စီ #ကလော
#Ayeyarwaddy_Times
Comments