Posts

Showing posts from March 20, 2023

မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

Image
" စစ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး "   စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဗရမ်းဗတာ ဖြစ်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ အဆိုတစ်ရပ်ကို တောင်းဆိုလိုက်ပါတယ် ။ အားလုံးသိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိဖို့ စီစစ်လေ့လာရေးအဖွဲ့ကို ဦးဆောင်ခဲ့သူပါ ။ နွေဦးတော်လှန်ရေးအချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တာဝန်ပေးချက်အရ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူထားပါတယ် ။ ကမ္ဘောဒီးယားနိုင်ငံက ပိုပေါ့အစိုးရကို နိုင်ငံတကာ ခုံရုံးတင်နိုင်အောင် ကြိူးပမ်းခဲ့တာကလည်း တွမ်အင်ဒရူးပါဘဲ ။ တွမ်အင်ဒရူးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးသံတမန် နိုလန်ဟေဇာရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တင်ပြချက်တွေကို ကိုးကားပြီး မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ ။ အင်ဒရူးရ