Posts

Showing posts from January 8, 2023

မင်းဘူးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုဝင် လေးဦးဖမ်းဆီးခံရ

Image
မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် ဒီမနက် ၄ နာရီဝင်းကျင်မှာ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ထိ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဦးဝင်းဝင်းဟာ မိသားစုနဲ့အတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာက ဆွေမျိုးတွေရဲ့နေအိမ်မှာ သွားရောက်တိမ်းရှောင်နေတာပါ။ ဒီကနေ့မနက်မှာတော့ ရှားတောကျေးရွာက နေအိမ်ကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “သူတို့ကို လင်းအားကြီးအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ။ အဲဒီနောက် ဘယ်ကိုခေါ်သွားလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ စစ်တပ်က ဦးဝင်းဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့တော့ သိရတယ်” စစ်ကောင်စီတပ်တွေက ဦးဝင်းဝင်းအပြင် ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေးနဲ့ အသက်သုံးနှစ်အရွယ် မောင်လပြည့်ဝင်းတို့ကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်း

သန်းကောင်စာရင်းလာကောက်ရင်ကြိုတင်ပြင်ဆင်စရာများ

Image
အိမ်ရှိလူအတွက်ပြဿနာမဟုတ်ပေမယ့် အိမ်မှာလတ်တလောမရှိတဲ့သူအတွက် ပြဿနာ အနည်းနဲ့အများရှိနိုင်ပါတယ်၊ မှတ်ပုံတင်တွေ နဲ့ သန်းကောင်စာရင်းမူရင်း တွဲပြရမယ် ပြောတယ်၊ အမှန်အကန်ဖြစ်စေ လှည့်ဖျား၍ဖြစ်စေ အိမ်မှာမရှိသူတွေရဲ့မှတ်ပုံတင်မပြမိဖို့လိုပါ တယ်သူတို့ယူသွားလို့ပြစရာမရှိဖြေရန်၊ ဖားကန့် မန္တလေး ရန်ကုန် ယုံလောက်မယ့် နေရာတခုခု မှာအလုပ်သွားလုပ်တယ် လို့ ပြောရာမှာအထောက်အထားတောင်းတာ မျိူးရှိနိုင်ပေမယ့်ဖြစ်နိုင်ခြေနည်းပါတယ်၊ ဒီနေရာမှာ စကစဖက်က တချက်ခုတ်နှစ် ချက်ပြတ် လုပ်တာပဲဖြစ်တယ်။ ရွေးကောက်ပွဲအကြောင်းပြုပြီး PDF ရှာ ပုံတော်ဖွင့်တာဖြစ်လို့ အိမ်မှာမရှိကြောင်း ပြောရာမှာ အကြောင်းပြချက်က ယုံကြည် ဖို့လိုပါတယ်၊ NUG ထုတ်ပြန်တဲ့စာမှာအပေါ် ကအချက်တွေမပါလို့ထပ်ဖြည့်ပေးတာပါ၊ ထိပ်တိုက်ရင်ဆိုင်ရမယ့် မိဘတွေ အကိုအမ တွေက ဖြေကြားရာမှာ တည်ငြိမ်ဖို့ စကားကို ရှေ့နောက်ညီဖို့လိုပါတယ်၊  နိုင်ငံခြားသွားသူတွေအတွက် ဘယ်နေ့ ဘယ် နိုင်ငံ ဘာအတွက်နဲ့ ပတ်စ်ပို့နံပါတ်ပါတောင်း လာနိုင်လို့ ယုံကြည်အောင်ပြောနိုင်ဖို့လိုပါတယ်၊ အပြန်အလှန်ပြောတာတွေ Voice Record ခိုးယူ ထားနိုင်ရင်ယူထားစေလိုပါတယ်၊ ဘာလို့လဲဆိုတော့ပြည်သူလိုလားတဲ့ရွေးကောက် ပွဲမဟုတ်လို့

ခမရ ၄၀၅ တပ်ရင်းမှူး ရှေ့တန်းမှာ ဖမ်းဆီးခံရပြီးနောက် သရက်ချောင်း နောက်တန်းတပ်ရင်း ၃ ခုမှာ အောင်ခြင်းရှစ်ပါးနဲ့ ပရိတ်တရားခွေကို နေ့ရောညပါ လော်စပီကာနဲ့ ဖွင့်နေ

Image
ကိုကိုလေး/ဧရာဝတီတိုင်းမ် (သရက်ချောင်း)၊ ဇန်နဝါရီလ ၈ ရက် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများအတွင်း ကြာနီကန်ဆရာတော်၏ အောင်ခြင်းရှစ်ပါး၊ပဌာန်းနှင့်ဓာရဏပရိတ်တရားများပါ ဝင်သည့် တရားခွေကို လော်စပီကာဖြင့် နေ့ရောညပါ ဖွင့်လှစ်နေကြောင်း ဒေသခံများထံကသိရသည်။ အဆိုပါ သရက်ချောင်းအခြေစိုက်တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်းတိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်ရင်းများဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းကိုစစ်ကူ သွားရောက်ရန် ခမရ ၄၀၅ ကို အမိန့်ပေးစေခိုင်းမှုအား ငြင်းဆန်ခဲ့မှုကြောင့် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင် အကြီးတန်းအရာရှိ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းကာလများတွင် ယင်းတပ်ရင်း ၃ ရင်းမှ တရားခွေများကိုနေ့စဥ်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ "၄၀၅ ရင်းမှူး အဖမ်းခံရပြီး ဒီဇင်ဘာလဝက်လောက်နောက်ပိုင်းကနေ နေ့တိုင်းဖွင့်တာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး ဂါထာ၊ ပဌာန်း၊ ပရိတ်ကြီး၊ဓာရဏပရိတ် အဲ့တာတွေနေ့ရောညရောဖွင့်တာ။ သူတို့တွေဖြစ်ပျက်နေတာမြို့ပေါ်နေတဲ့သူတွေကတော့သိ

ပုသိမ်အကျဉ်းထောင်တွင် ပစ်သတ်ခံရသည့် ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက မိသားစုဝင်တွေကို မပေးပဲ မီးသဂြိုလ်

Image
ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၈ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ ကိုဝေယံဖြိုး ဦးခေါင်း သေနတ်ကျည် ၃ ချက် မှန်ပြီသေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။  ကိုဝေယံဖြိုးသေဆုံးတဲ့နေမှာ ချောင်းသာမှာနေထိုင်တဲ့ မိသားစုဝင်တွေကို ဆက်သွယ်ခေါ်ယူခဲ့ပေမယ့် မိသားစု ဝင်တွေနဲ့ တွေ့ခွင့်ပေးတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးသဂြိုလ်ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။  “ မိသားစုဝင်တွေက ၆ ရက်နေ့ ညထဲကရောက်တာ လပြည့်ဝန်းဟိုတယ်ရှေ့မှာ ထိုင်စောင့်နေတာ၊ အဲ့တာကို စစ်ကောင်စီက လုံးဝကို တွေ့ခွင့်မပေးတာ၊ တစ်ယောက်မေးရင် တစ်မျိုးပြောတာ အလောင်းကဆေးရုံကြီး ပို့လိုက်ပြီပြောလိုက် ရင်ခွဲရုံမှာပြောလိုက် ထောင်မှာပြောလိုက်ပေါ့ဗျာ အဲ့လိုမျိုးလုပ်တာ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။  ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့က သရောင်းချောင်းသုသာန်မှာ မီးသဂြိုလ် ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေကို အဝေးကပဲ ကြည့်ခွင့်ပေးခဲ့တယ်လို့ နီးစပ်သူတ

လှိုင်သာယာတွင် နေအိမ်ချိတ်ပိတ်ခံရသည့်အိမ်များ ပြန်ဖွင့်ပေးဖို့ စာတင်ပေးမည်ဟုဆိုကာ စရဖများက ငွေသိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းယူနေ

Image
ဧရာ၀တီတိုင်းမ် ဇန်နဝါရီလ ၈ ရက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ရှိ စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့  (စရဖ)များက စစ်ကောင်စီ ချိတ်ပိတ်ခဲ့သောနေအိမ်များကို ပြန်ဖွင့်ပေးရန်အတွက် အထက်ကို အသနားခံစာ စာတင်ပေးမည်ဟုဆိုကာ အိမ်ရှင်များထံမှ ငွေကျပ်သိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ “စရဖတွေက ချိတ်ပိတ်ခံရတဲ့အိမ်ရှင်တွေကို ချဉ်းကပ်ပြီးတော့ ခင်ဗျားတို့အိမ် ချိတ်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ အထက်ကိုအသနားခံစာတင်ပေးမယ်၊ အဲ့အတွက် ပိုက်ဆံပေးဆိုပြီး လိမ်တောင်းနေတာ။ တချို့အိမ်ရှင်တွေဆို သိန်းဆယ်နဲ့ချီ ပေးလိုက်မိပြီး အလိမ်ခံရတာတွေ ဖြစ်နေတယ်။ ချိတ်ပိတ်ခံရတဲ့ အိမ်ရှင်တွေကျတော့လည်း သူတို့အိမ်က သိန်းရာဂဏန်း၊ ထောင်ဂဏန်းတန်တဲ့အိမ်တွေဆိုတော့ စာတင်ရင် ပွင့်လိုပွင့်ငြား အကုန်ခံကြတာ။ စရဖတွေကလည်း အဲ့အကွက်ကိုနင်းပြီး အိမ်ရှင်တွေဆီက လိမ်စားနေတာ။ ကျနော့်မိတ်ဆွေတယောက်ဆို သိန်း ၅၀ ကျော်ပါသွားတာ”ဟု လှိုင်သာယာမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲ ဦးဆောင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ

ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှု

Image
ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှုအကြောင်း (သတင်းဆောင်းပါး) ဆလိုင်းသန့်စင်/ဧရာ၀တီတိုင်းမ် ဇန်နဝါရီလ ၇ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က ထောင်ဆူပူမှုနဲ့ အဓိကရုဏ်းတချို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးကာ အကျဉ်းသားအများအပြား ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့ စုံစမ်းသိရှိရတဲ့အချက်အလက်တွေအရ ထောင်ဆူပူမှုဖြစ်စဉ်ဟာ မြန်အောင်မြို့နယ်က သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မူလတန်းပြကျောင်းဆရာ ကိုကောင်းခန့်ကျော်(ခ) စောကျော်စုကိစ္စနဲ့ ပတ်သတ်ပါတယ်။ မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာ အထက်တန်းခွဲ ကျောင်းမှာ မူလတန်းပြအဖြစ် စာသင်ကြားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာ အသက် ၂၅ နှစ်အရွယ် ကိုကောင်ခန့်ကျော်(ခ)စောကျော်စုကို မြန်အောင်ခရိုင်တရားရုံးကနေ ဒလန်သတ်တယ်ဆိုပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။  သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းဆရာ ကိုကောင်းခန့်ကျော်ကို စစ်ကောင်စီက ဧရာ၀တီတိုင်းမှာ အကြီးဆုံးထောင်ဖြစ်တဲ့ ပုသိမ်ထောင်မှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။ ဒီရ

မအလ နဲ့ ပူးပေါင်းရင်ဒလန်တံဆိပ်အတတ်ခံရမှာပဲ

Image
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ALP စစ်ဦးစီးချုပ် နဲ့ တပ်မှူး ၂ ဦး စျာပန ကျင်းပ အာဇာနည်တွေ အဖြစ်သတ်မှတ် ဇန်နဝါရီ ၈ - ၂၀၂၃ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မနက်ပိုင်းက စစ်တွေမြို့မှာ သေနတ် နဲ့ ပစ်သတ် လုပ်ကြံခြင်း ခံခဲ့ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ် အမှုဆောင်နဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြ နဲ့ တပ်မှူး ၂ ဦး တို့ ရဲ့ စျာပန ကို ဒီကနေ့ မနက် ၁၁ နာရီ က ပြုလုပ်ခဲ့ပြီး မီးသင်္ဂြုဟ်ခဲ့ ကြောင်း  ALP သတင်းထုတ်ပြန်ပါတယ်။ သူတို့ ၃ ဦးကို အာဇာနည်တွေ အဖြစ် မှတ်တမ်းတင်ပြီး အရိုးပြာတွေကို သိမ်းဆည်းထားကာ  အထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ်များ စိုက်ထူ သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။ စျာပန အခမ်းအနားကို EAO တွေ နိုင်ငံရေးပါတီတွေနဲ့ လူမှု အဖွဲ့အစည်း တွေ က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့လည်း သိရပါ တယ်။ THN freelance journalist

PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

Image
▪️︎စစ်​ရေးတင်းမာ​နေပြီး PDF နှင့် စစ်တပ်/ရှမ်းနီတပ် တပ်ဆိုင်ထား ဇန်နဝါရီလ ၈ ရက် စစ်ကိုင်းတိုင်းဟုမ္မလင်း-ဖောင်ပြင်လမ်းမှPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ​ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။ ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှPDF စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ရက်မှစတင်၍ စစ်ကြောင်းထိုးလာ​သောကြောင့်ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ "နတ်နန်းဂိတ်ကိုလာသိမ်းတာ။ကျွန်တော်တို့က၁၅မိနစ်လောက်သတင်းကြိုရတော့ ရှောင်ပေးလိုက်တယ်။ ပြီးမှ ပြန်ချတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးကျပြီး အုပ်ချုပ်မှုဖရိုဖရဲဖြစ်သွားပြီး ပြန်ပြေးတယ်။လက်ရှိ နတ်နန်းဂိတ်ကို ကျွန်တော်တို့ ရထားတယ်" ဟုခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင်  စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖ

အမေတွေရဲ့မျက်ရည်ထပ်မကျပါစေနဲ့တော့🙏🏿🙏🏿🙏🏿

Image

ရှောင်တာနယ်ကိုပြန်ဖမ်းဖို့ စကစအမိန့်ထုတ်ပြန်

Image
ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့ စစ်ကောင်စီကြေညာပြန် ဆိုင်းမင်း/People's Spring ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်ကနေ လွှတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်  ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ ရှောင်တာနယ်လ်ဟာ လွတ်မြောက်လာပြီး လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမဟုတ်မမှန်တာတွေပြောလို့ လွတ်ငြိမ်းခွင့်ပယ်ဖျက်တာလို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၇ ရက်(အမျိုးသားနေ့)မှာ စစ်ကောင်စီက လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။ ဒါအပြင ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမှန်တရားတွေကို ကမ္ဘာ့ကိုချပြဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မှာလိုက်တာကိုလည်း ရှောင်တာနယ်လ်က မီဒီယာကတဆင့် ပြောပါတယ်။ ရှောင်တာနယ်လ်ရဲ့အင်တာဗျုး တစ်ခုမှာဆိုရင်  မြန်မာနို