Posts

Showing posts from December 28, 2022

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

Image
ရန်ကုန်၊ ဒီဇင်ဘာ ၂၈  ခေတ်သစ် ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။  ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊ ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။  အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်။

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

Image
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ခေတ်သစ်မီဒီယာ နေပြည်တော် အပါအဝင် ဝန်ကြီးဌာနရုံးများတွင် နှစ်သစ်ကူးကာလနှင့်နှစ်သစ်ကူးအ ကြို ကာလများ တွင်  ပါဆယ်ဗုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် သတိထားကြရန်  စစ်ကောင်စီက အထူး လျှို့ဝှက် သတိပေးချက်တစ်ရပ်  ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။  နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်း စစ်ကောင်စီရုံးများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်တပ်၊ ရဲ တပ်ရင်းများ၊ ဝန်ကြီးဌာနရုံးများထံသို့ ယင်းလျှို့ဝှက် ညွှန်ကြားချက်ကို အရေးပေါ် ပေးပို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနများ၊ အုပ်ချုပ်မှုနယ်မြေများရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ဝန်ထမ်း များနှင့် မိသားစုများ၏ လုံခြုံရေးအထူးဂရုပြုကြရန်၊ ပါဆယ်များ ပေးပို့လာလျှင် အလွယ်တကူ လက်ခံ ခြင်းမပြုဘဲ လာပို့သူကို ဖွင့်ဖောက်ပြသခိုင်းပြီးမှသာ လက်ခံရန် ၊ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်သည်။

မဘသချီးထုတ်မင်္ဂလာတောင်ညွန်ကိုလတ်

Image
ဆန္ဒပြလိုက်လို့ ဘားမားအက်ဆိုတာကြီး ကျကွဲမကွဲဆိုတာ၅၀၀၀စားတွေမသိပေမယ့် သူ့အိတ်ဖေါင်းသွားတာတော့အမှန်ပဲ စာလုံးပေါင်းမမှန်လို့ပြန်လျှော်ရကိန်းလဲရှိပါတယ်

အိုင်းရင်းအဖမ်းခံရဟုသတင်းထွက်

Image
ဒီနေ့ဆိုင်ကပိတ်ထားတယ် ဆိုင်အခင်းအစိမ်းရောင်ဆိုတာမှန်ပေမယ့် အရင်ထဲကအစိမ်းရောင်လို့လဲပြောသူရှိတယ် ဆိုင်ပိတ်ထားပေမယ့်သူအကောင့်တွေကို followဖို့ ဆော်ဩထားပါတယ် ဆိုင်ဖွင့်ထားပေမယ့်လိုင်စင်မရှိလို့ရန်ကုန်လိပ်စာပဲသုံးတယ် အဖမ်းခံရခြင်းရှိမရှိစုံစမ်းနေပါတယ်

ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

Image
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင် ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။ “သူ့ (ဒေါ်ရွက်နုအောင်) ကို ၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့ မန္တလေးအိုးဘိုထောင် အထူးတရားရုံးကနေ အမိန့်ချတာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်” ဒေါ်ရွက်နုအောင်ဟာ မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးရှေ့နေ တစ

စင်ကာပူဘွားတော်က ဒလန်လား?

Image
စင်ကာပူဘွားတော်က ဒလန်လား? စာရေးသူဟာ ဒီမိုအဖွဲ့တွေကို မဝေဖန်ဘဲ ရှောင်လေ့ရှိပါတယ်။ မြတ်အောင်ကိစ္စလဲ သူ့ဖာသာ သိသွားမှသာရေးပြီး ယခင်က စောင်းသာရေးလေ့ရှိပါတယ်။ ဒဲ့ဝေဖန်ခဲ့တာ BPLA ကိုသာ ပါ။ အခြားတပ်တော်တွေကို စောင်းရေးတာသာ ရှိပါတယ်။ ဒီကိစ္စမှာ NUG ကို ဝေဖန်သူတိုင်းကို ဒလန်ပြောရန် မသင့်တော်ပါ။ ဒါပေမယ့် အဆိုပါဝေဖန်သူများဟာ ဒလန်ဖြစ်သွားတာများပါတယ်။ ယခင် NLD ကို ဝေဖန်ခဲ့တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင်တို့ကိုကြည့်ရင် နောက်ပိုင်း မအလဘောမဖြစ်သွားတာ အားလုံးသတိထားမိမှာပါ။ စစ်ထောက်လှမ်းရေးမှာ နဂိုထဲက တန်ပြန်ထောက်လှမ်းရေးတွေအနေနဲ့ တော်လှန်ရေးထဲကို ထည့်လိုက်သူတွေရှိပါတယ်။ ဒီလူတွေက စရဖညွှန်ချုပ်၊ ဒုညွှန်ချုပ်ထံသာ သတင်းပို့ရလို့ အခြားအဆင့်သိဖို့ ခက်ပါတယ်။ သူတို့ဟာ လိုင်းပေါ်မှာ NUG ကို မဝေဖန်လောက်ပါ။ သူတို့ဟာ နောက်ပိုင်းမှ ဘက်ပြောင်းအနေနဲ့သာ သုံးမှာပါ။ ဒုတိယအုပ်စုက လေလှိုင်းပေါ်မှာ NLD ကိုဝေဖန်သလို NUG ကို ဝေဖန်ရင်း စရဖက သူတို့ကိုသိမ်းသွင်းတာပါ။ အချို့စာမျက်နှာတွေ၊ လူသိများသူတွေဆိုရင် စရဖက ပိုက်ဆံပေးမယ် သင့်စာမျက်နှာမှာ ကြေညာမယ် ဒေါ်လာ တစ်သိန်း ဘာညာပေးမယ်ဆိုပြီး သူ့ဘက်ပြောင်းအောင် ကြိုးစားတာပါ။ အခ

တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်

Image
ဧရာဝတီ ဒီဇင်ဘာ ၂၈၊ ၂၀၂၂ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ဟောင်း တိန့်ရှီကျွန်း Deng Xijun သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန် Sun Guoxiang ၏နေရာကို ဆက်ခံသူအဖြစ် နေပြည်တော်သို့ ရောက်ရှိမည်ဟု သတင်းရသည်။ နေပြည်တော်မလာခင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သီးခြားစီ တွေ့ဆုံလာခဲ့ကြောင်းလည်း သိရသည်။  တိန့်ရှီကျွန်းသည် ၂၀၂၀ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ မြန်မာပြည်ခရီးစဉ်သည်  မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နည်းပညာနဲ့ လူကိုသေစေခြင်းမရှိသော အကူအညီမျိုး ထောက်ပံ့ရန် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲ တွင် အမေရိကန်က အတည်ပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၅၀၀၀တန်ချီးထုတ်ကပြောတယ် (အမေရိကန်သံရုံးရှေ့)

Image

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆု မပန်ဆယ်လိုရရှိ

Image
Author  လင်းခိုင် Categories   Published on  Dec 28, 2022   ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆုကို ယင်းဆု ပေးအပ်သည့် အဖွဲ့က ယခုနှစ်အတွက် မပန်ဆယ်လိုကို ပေးအပ်ကြောင်း ကြေညာထားသည်။ ကင်မ်ဂွန်းထယ်ဆုကော်မတီသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၇ ကြိမ်မြောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကင်မ်ဂွန်းထယ်အထိမ်းအမှတ်ဆုရရှိသူအဖြစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဖမ်းဝရမ်းနှင့် စစ်ကောင်စီ နှောက်ယှက်မှုကြားမှ တိုင်းတစ်ပါးသို့ ထွက်ပြောင်းတိမ်းရှောင်ခဲ့သော်လည်း၊ တိုင်းတစ်ပါးသို့ရောက်ရှိချိန်တွင်လည်း မိမိတိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသည့် စာရေးဆရာမ ပန်ဆယ်လိုကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဖမ်းဝရမ်းကို ၂၆ ကြိမ်တိုင် ကြံ့ကြံ့ခံပြီး တောင်ကိုရီးယားစစ်အစိုးရ၏ ဖိနှိပ်မှုကြားမှ တိုက်ပွဲဝင်ခဲ့သည့် တောင်ကိုရီးယားဒီမိုကရေစီ လှုပ်ရှားသူ ကင်မ်ဂွန်းထယ်ကို သတိရမိကြောင်း ယင်းဆုချီးမြှင့်ကော်မတီ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လိုက ကင်မ်ဂွန်းထယ်ဆုကော်မတီနှင့် ဆုရွေးချယ်ရေးကော်မတီသို့ ဗီဒီရိုဖြင့