နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ခေတ်သစ်မီဒီယာ

နေပြည်တော် အပါအဝင် ဝန်ကြီးဌာနရုံးများတွင် နှစ်သစ်ကူးကာလနှင့်နှစ်သစ်ကူးအ ကြို ကာလများ တွင်  ပါဆယ်ဗုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် သတိထားကြရန်  စစ်ကောင်စီက အထူး လျှို့ဝှက် သတိပေးချက်တစ်ရပ်  ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 

နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်း စစ်ကောင်စီရုံးများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်တပ်၊ ရဲ တပ်ရင်းများ၊ ဝန်ကြီးဌာနရုံးများထံသို့ ယင်းလျှို့ဝှက် ညွှန်ကြားချက်ကို အရေးပေါ် ပေးပို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနများ၊ အုပ်ချုပ်မှုနယ်မြေများရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ဝန်ထမ်း များနှင့် မိသားစုများ၏ လုံခြုံရေးအထူးဂရုပြုကြရန်၊ ပါဆယ်များ ပေးပို့လာလျှင် အလွယ်တကူ လက်ခံ ခြင်းမပြုဘဲ လာပို့သူကို ဖွင့်ဖောက်ပြသခိုင်းပြီးမှသာ လက်ခံရန် ၊ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်သည်။



Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်