Posts

Showing posts from February 13, 2023

The military council killed a priest and 2 villagers and burned their homes In Shwebo Sagaing

Image
Sagaing Division Shwebo Township, On February 12th, the army of the military council burned the village of Tintel and killed a priest and 2 villagers. A local resident said that about 100 soldiers and Pyu forces from the 33rd Tamak attacked Tintel village on the morning of the 12th and burned more than 100,000 rice baskets and around 200 houses. "About 200 homes and 100,000 rice baskets in Tintel village were burned. The value of rice is about  20,000,000,000 Kyat . A monk, a woman and a man were also killed. It is difficult to estimate the life after it was burned," said a local. "About 200 homes and 100,000 rice baskets in Tintel village were burned. The value of rice is about 20,000,000,000 Kyat. A monk, a woman and a man were also killed. It is difficult to estimate the life after it was burned," said a local. The identity of the deceased is not yet known, but their bodies were buried yesterday morning, February 13th, and because the military group was in the vi

ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့။

Image
မြေလတ်အသံ - Myaelatt Athan. ရွှေဘို၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ ရက်မှာ မီးရှို့ခဲ့တဲ့အပြင် ဘုန်းကြီးတပါးနဲ့ ရွာသား ၂ ဦးကိုပါ သတ်ခဲ့တယ်လို့ သိရပါတယ်။  တမခ ၃၃ က စစ်သားတွေနဲ့ပျူအင်အား ၁၀၀ လောက်ဟာ တင့်တယ်ရွာကို ၁၂ ရက်မနက်ပိုင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် စပါးတင်း ၁ သိန်းကျော်နဲ့ နေအိမ် ၂၀၀ ဝန်းကျင် မီးလောင် ပျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။  "တင့်တယ်ရွာက နေအိမ် ၂၀၀ လောက်နဲ့ စပါးတင်း ၁ သိန်းလောက်ကို မီးရှို့သွားတာဗျ။ စပါးဖိုး သိန်း ၂ သောင်းလောက်ရှိမယ်။ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ မီးလောင်ထားတော့ အသက်ကခန့်မှန်းရခက်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပေမယ့် သူတို့ရဲ့အလောင်းကို ဖေဖေါ်ဝါရီလ ၁၃ ရက်မနေ့ကမနက်မှာသဂြိုလ်ခဲ့ပြီး စစ်အုပ်စုက တင့်တယ်ရွာအနီးဝန်းကျင်မှာပဲရှိနေတာကြောင့် ဗုဒ္ဓဘာသာဓလေ့အရ သရဏဂုဏ်တင်ပေးနိုင်ခြင်းမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။  စပါးတင်း ၁ သိန်းကျော်မှာ ကျေးရွာသားတွေရဲ့ လယ်ထွက်စပါးတွေအပြင် ကုန်သည်အချို့ဝယ်ယူသိုလှောင်ထားတဲ့ စ

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG အစိုးရရုံး ဖွင့်လှစ်ပေး

Image
■ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံးခန်း တရားဝင်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပြင် အမေရိကန်အစိုးရဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စ Uzra Zeya အပါအဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်အစိုးရအနေနဲ့ Burma Act ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဆက်လက်အားပေးထောက်ခံနေတယ်" လို့ ဖွင့်ပွဲမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အမေရိကန်ကရော တခြားဒေသတွင်းနိုင်ငံတွေကပါ လက်မခံကြဖို့ အရေးကြီးကြောင်းလည်း သူက တိုက်တွန်းခဲ့ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းဟာ အမေရိကန်သမ္မတအိမ်ဖြူတော် White house ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတ

ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုနယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်တပ် ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။  ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်အချိန် ဝိုင်းမော်မြိုနယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲက သွားရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ်  ကချင်လွတ်မြောက်ရေးတပ်မတော် KIA  က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲကို KIA တပ်ဖွဲက ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့  မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က  စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို KIA တပ်ဖွဲက  စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။ "ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့

India does not have to compete with China; India will have to choose between the power and the power of the people that will come out of the gun

Image
"What can India do to move Myanmar away from further violence?" written by former Indian Ambassador to Myanmar Gautam Mukhopadhaya in the Indian online journal The WIRE. Excerpted from a long article. Staying close to home is not the right thing to do when a house is on fire. Currently, China is taking advantage of the fact that the world is falling apart in Burma, while India can no longer sit back and watch .   The current Indian policy of relying on the Burmese coup group to contain China is even more questionable. Burma's military, according to history and tradition, is against China both militarily and militarily. Special attention is paid to the influx of people.   However, in 1988, when the army killed their people, 2017 (Rohingya), And whenever it happens like this, China has taken advantage of the international ostracism. The army is weak domestically and has always had to make concessions to China. Can that position ensure India's security?  China is now str

အိန္ဒိယ သည် တရုတ် နှင့် ပြိုင်နေစရာမလို၊ ‌သေနတ်ပြောင်းဝက ထွက်လာမည့် အာဏာ နှင့် ပြည်သူ အာဏာ တခုခု ကို ရွေးချယ်ရတော့မည်

Image
ယခင် မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya မှ အိန္ဒိယ အွန်လိုင်း ဂျာနယ် The WIRE တွင် ရေးသားခဲ့သည့် “What can India do to move Myanmar away from further violence?” ဆောင်းပါး ရှည်ကြီး မှ ထုတ်နှုတ်တင်ပြသည်။ အိမ်နီးနားခြင်း အိမ်တအိမ်တွင် မီးလောင်နေသည်ဆိုက ဘာမှ လုပ်မပေးပဲ နေခြင်းမျိုးသည် လုပ်သင့်သည့် အရာမျိုး မဟုတ်၊ လောလောဆယ် တရုတ်သည် ထိုသို့ မြန်မာပြည်တွင် ကမ္ဘာပျက်နေသလို ဖြစ်နေသည်ကို အခွင့်ကောင်း ယူ အသုံးချနေချိန်တွင် အိန္ဒိယ သည် ထိုင်ကြည့်နေ၍ မည်သို့မျှ မဖြစ်တော့။ လက်ရှိ အိန္ဒိယ မူဝါဒသည် တရုတ် ကို ထိန်းထားရန် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အားကိုးနေသည်ကပင် ပို၍ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာ စစ်တပ်သည် သမိုင်း အစဉ်အလာများအရ တရုတ် ကို စစ်ရေး အရ ရော၊ လူ များ ဝင်ရေက်စိမ့်ဝင်လာနေမှု အပေါ် အထူး သတိထားနေသည်။ သို့သော် စစ်တပ်သည် ၎င်းတို ပြည်သူများ အား သတ်ဖြတ်လာသည့် ၁၉၈၈၊ ၂၀၁၇ (ရိုဟင်ဂျာ) ၊ နှင့် ယခု အခါလို ကြုံလာရတိုင်း နိုင်ငံတကာ၏ ဝိုင်းပယ်ခံထားရမှု ကို အရင်းပြုပြီး တရုတ်သည် စီးပွားရေး အရ အမြတ်ထုတ်လာခဲ့သည်ချည်းပင် ဖြစ်သည်။ စစ်တပ်သည် ပြည်တွင်း တွင် အင်အားချိနဲ့လာနေ၍ တရု

မြန်မာစစ်တပ် ဝင်ငွေရနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ

Image
 RFA ■ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းတွေဆီကနေရရှိတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ အမေရိကန်နဲ့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲလုပ်ငန်းအချို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်နေကြပြီး အကျိုးအမြတ်တွေလည်း ရနေကြတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ယူကေ အခြေစိုက် ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဂါးဒီးယန်းသတင်းစာကရရှိတဲ့ အခွန်စာရွက်စာတမ်းတွေအရ အမေရိကန်ရေနံလုပ်ငန်း ဟာလီဗာတန် (Halliburton) ရဲ့ စင်္ကာပူအခြေစိုက်လုပ်ငန်းခွဲ Myanmar Energy Services ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်ကြာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ အလုပ်လုပ်နေဆဲဖြစ်ပြီး အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၆.၃ သန်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံ ဟူစတန်အခြေစိုက် ရေနံတူးဖော်ရေးလုပ်ငန်း ဘေကာ ဟျူးစ် Baker Hughes ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲဟာဆိုရင်လည်း ၂၀၂၂ခုနှစ် မတ်လအထိ အခွန်မဆောင်ရသေးတဲ့ ဝင်ငွေ ဒေါ်လာ ၂.၆၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းလွန်ရေနံတူးဖော်ရေး ဝန်ဆောင်မှုပေးတဲ့ အမေရိကန်ကုမ္ပဏီ Diamond Offshore D

Sagaing Division Shwebo Township, As the army burned down the village, more than 1,000 homes were destroyed

Image
On February 12, Tiger Taung Village in Shwebo Township. Tiger North Village It was reported  that the soldiers and Pyu Sawhti from Nyaung Pintha Village Agricultural School raided and  burned the villages of Tiger Nog and Tiger Middle Village, and more than 1,000 houses were  burnt to ashes. When the army entered the village, guns fired continuously, and 3 elderly  people died of cardiac arrest. Today, February 13th, the army Katha Township "The war dogs  have started to attack the village of Uapo, and we have to stare at it because the weapons  are not balanced," said a local resident. Starting on February 11th, the terrorist army burned Ingyi village in Katha Township,  destroying 286 houses. It was reported that 269 houses were destroyed due to the burning of   the village.  

ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရန်ကုန်ခေတ်သစ် မီဒီယာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကျား တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းမီးရှို့ခဲ့​ပြီး နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် အသက်အရွယ် ကြီးရင့်သူ ၃ ဦး နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ "ကျားရွာက တောင်၊မြောက်၊နောက်၊ လယ် ဆိုပြီး ၄ ရွာပေါင်းထားတဲ့ ကျေးရွာကြီးပါ စစ်ခွေးတွေမီးရှို့လို့ နေအိမ် ၁၀၀၀ ကျော်ပြာကျသွားတယ်။ အနောက်ရွာမှာ တစ်ရွာလုံး နီးပါး ရှို့ခံလိုက်ရတယ်။ အနောက်ရွာနဲ့ မြောက်ရွာလည်း နေအိမ် တော်တော်များများပါ သွားတယ်။ ကျေးရွာ ၄ ရွာပေါင်းနေအိမ် ၈၀ ရာခိုင်နှုန်းလောက်က မီးထဲပါသွားပါပြီ။ စစ်ခွေးတွေ ရွာထဲဝင်တဲ့အချိန် သေနတ်တွေ ဆက်တိုက်ဖောက်လို့ ကျားတောင်

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက နေအိမ် ၅၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

Image
RFA ■ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာဒေသခံတစ်ဦးကတော့ မီးကျွမ်းနေတဲ့သွပ်ချပ်တွေနဲ့ ကာရံပြီး ရွက်ဖျင်တဲထိုး နေထိုင်နေတယ်လို့ ဆိုပါတယ်။ "ဒုက္ခရောက်တာပေါ့ မောင်လေးရယ်။ စားစရာတောင်မှ ဘာမှမရှိတာ။ ဇလုံ၊ အလွန်ဆုံး ခုပြောလိုက်မယ်။ စားပွဲကစ စားဖို့သောက်ဖို့ စားပွဲ၊ ကိုယ်ရဲ့နေစရာကတော့ ရွက်ဖျင်လေးနဲ့ပဲ နေတဲ့သူက နေရတာပေါ့။ မနေတဲ့သူက (တဲ) မထိုးနိုင်တဲ့သူကတော့ မထိုးကြသေးပါဘူး။ အစ်မတို့ကကျတော့ ကလေးက နှစ်ယောက်ဆိုတော့ မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ သွပ်လေးတွေ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့။ အခုက ဒုက္ခမှ

KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ

Image
BBC တပ်မဟာ   ၄   နယ်မြေမှာ  KTLA  က   ဗိုလ်စောအယ်ခွီး   ဦးဆောင်နေပါတယ် တနင်္သာရီတိုင်း၊   ထားဝယ်ခရိုင်ထဲမှာ   ကရင်အမျိုးသားအစည်းအရုံး - KNU  စစ်ဦးစီးချုပ်ဟောင်း   ဗိုလ်မှူးချုပ်   စောနယ်ဒါးမြ   ထူထောင်လိုက်တဲ့   ကော်သူးလေတပ်မတော်နဲ့  KNU  တပ်မဟာ   ၄   အောက်က   တပ်ဖွဲ့တွေကြား   စွပ်စွဲချက်တွေနဲ့   နှစ်ဖက်တင်းမာမှုတွေ   ဆက်ရှိနေပါတယ်။ အငြင်းပွားဖွယ်ရာ   လူအစုလိုက်သတ်ဖြတ်မှုနဲ့  KNU  ကနေ   ရာထူးတာဝန်   ရပ်စဲခံလိုက်ရပြီးနောက်   ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ - KNDO  စစ်ဦးစီးချုပ်ဟောင်း   ဗိုလ်မှူးချုပ်   စောနယ်ဒါးမြက   ကော်သူးလေတပ် -KTLA ကို   ပြီးခဲ့တဲ့နှစ်၊   ဇွန်လမှာ   ဖွဲ့စည်းခဲ့တာပါ။ စောနယ်ဒါးမြက   ဒီ  KTLA  တပ်ကိုတည်ထောင်ပြီးနောက်ပိုင်း   တနင်္သာရီတိုင်း   အတွင်းက   ထီးမုပွာ   အထူးဒေသကို စောနယ်ဒါးမြက  KTLA  တပ်က   ဗိုလ်စောအယ်ခွီး   ဦးဆောင်တဲ့  KTLA  တပ်   အဖွဲ့တွေ   ရောက်လာခဲ့ပါတယ်။ ဒီနယ်မြေဟာ   ကေအန်ယူရဲ့   တပ်မဟာ   ၄   နယ်မြေလို့လည်း   လူသိများပါတယ်။ ဗိုလ်စောအယ်ခွီး   ဦးဆောင်တဲ့  KTLA  တပ်ဟာ  KNU  အုပ်ချုပ်ရေး   ကိစ္စတွေအပေါ်   ဝင်ရောက်နှောက်ယှက်တာ၊ KNU  အဖွဲ့အစည်းအပေါ်   အန