Posts

Showing posts from January 13, 2023

"အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ"

Image
ဒါက နောက်တမျိုး *************** Forbes မဂ္ဂဇင်းကြီး ၏ စစ်တမ်းအရ ကမ္ဘာတွင် အချက်အလက် မှန်ကန်တိကျစွာ ဖေါ်ထုတ် နိုင် သည့် ထိတ်တန်း သတင်းစာ ကြီးများထဲတွင် ပဉ္စမ မြောက် နေရာတွင် ရပ်တည်နေသည့် အင်္ဂလန် နိုင်ငံ တွင် ထုတ်ဝေသည့် အီကောနော်မစ် မဂ္ဂဇင်းကြီးမှ "အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ" ဟူ၍ သတင်းဆောင်းပါး ပါရှိလာပြန်သည်။ ထိုသတင်းစာကြီးများသည် အချက်အလက် မှန်ကန်မှု ဆိုသည့် ဂုဏ်သိက္ခာကို အရင်းပြု ရပ်တည်နေရ၍ ‌လက်လွတ်စပယ် ရေးသားခွင့် မရှိပေ၊ ထို့အတွက်လည်း ထိုသတင်းစာကြီးများ၏ အာဘော်ကို ကမ္ဘာခေါင်းဆောင်များက တလေးတစား လေ့လာ ဖတ်ရှုနေကြခြင်းသည်လည်း ဆန်းကြယ်သည့် ကိစ္စတော့ မဟုတ်ပေ။ ကြုံကြိုက်၍ ဗဟုသုတ အနေဖြင့် တင်ပြရမည် ဆိုလျှင် နံပတ်တစ် နေရာတွင် နယူးယောက်တိုင်းမ်၊ နံပါတ် နှစ် အဖြစ် ဝေါစထရိ ဂျာနယ်၊ နံပတ် သုံး ဝါရှင်တန် ပို့စ်၊ နံပတ် လေး ဘီဘီစီ တို့ ဖြစ်သည်။ နံပတ် ငါး ဖြစ်သည့် ယခု အပတ်ထုတ် အီကောနော်မစ် တွင် ပါရှိလာသည့် "Myanmar's generals are deeply superstitious" ဆောင်းပါးတွင် ယခုလို ဖေါ်ပြထားပြန်သည်။ ထီးလိုမင်းလို စေတီ သည် မြန်မာတွင် ရာစု နှစ်ပေါင်းများစွာကတည်းက မင်းလောင်းမ